ယူနန်-ချင်းရွှေဟော်နယ်စပ် အဝင်အထွက် စစ်ဆေးရေးဂိတ်မှတစ်ဆင့် ယခု ၂၀၂၂ ခုနှစ်အတွင်း တရုတ်နိုင်ငံဘက်သို့ ကြံသယ်ယူ ပို့ဆောင်ရေးယာဉ် ၃၈၃၁ စီးဖြင့် မြန်မာ့ကြံ တန်ချိန် ၃၇၄၀၀ ကို တင်သွင်းခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက ယနေ့တွင် သတင်းထုတ်ပြန်ထားသည်။
နှစ်စဉ် နိုဝင်ဘာလမှ ဧပြီလအထိသည် မြန်မာနိုင်ငံတွင် ကြံရိတ်သိမ်းရာသီဖြစ်ပြီး ကိုဗစ်-၁၉ ကပ်ရောဂါ၏ အကျိုးသက်ရောက်မှု ခံနေရချိန်တွင် ကြံတင်သွင်းတင်ပို့ မှုကိစ္စနှင့်ပတ်သက်၍ တရုတ်နိုင်ငံ ယူနန်ပြည်နယ်လင်ချန်းရှိ ချင်းရွှေဟော်နယ်စပ် အဝင်အထွက် စစ်ဆေးရေးဂိတ်မှတစ်ဆင့် တင်သွင်းနိုင်ရေး နှစ်နိုင်ငံညှိနှိုင်း ဆွေးနွေးပြီးနောက် လူနှင့်ကုန်စည်ခွဲထုတ်ခြင်း၊ အပိုင်းလိုက် သယ်ယူပို့ဆောင်ခြင်း၊ လမ်းပိတ်၍ စီမံခန့်ခွဲခြင်း စသည့်လုပ်ငန်းအစီအစဉ်များကို အတည်ပြုခဲ့ပြီး ချင်းရွှေဟော်နယ်စပ်ဂိတ်တွင် ကြံသယ်ယူပို့ဆောင် ရေးယာဉ်များအတွက် “အစိမ်းရောင် လမ်းကြောင်း” ဖွင့်လှစ်ကာ မြန်မာနိုင်ငံမှ ကြံများကို တရုတ်နိုင်ငံဘက်သို့ အဆင်ပြေချောမွေ့စွာ ဝင်ရောက်နိုင်ရေးအတွက် ဝန်ဆောင်မှုပေးခဲ့ကြောင်း သိရသည်။
ထို့ပြင် မတ်လပထမပတ်အတွင်းမှစ၍ရက်သတ္တတစ်ပတ်ကျော်ကြာ ပိတ်ထားသော မြန်မာ-တရုတ် နယ်စပ်ဝင်ထွက်ဂိတ်တစ်ခုဖြစ်သည့် ကျင်စန်းလျော့နယ်စပ်ဂိတ်ကို မတ် ၁၂ ရက် မွန်းလွဲ ၁ နာရီခွဲတွင် ပြန်လည်ဖွင့်လှစ်ပြီး နှစ်နိုင်ငံကုန်သွယ်မှုလုပ်ငန်းများ ပြန်လည်စတင်ခဲ့ ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
(Zawgyi)
“ယူနန္-ခ်င္းေ႐ႊေဟာ္နယ္စပ္ဂိတ္မွတစ္ဆင့္ ျမန္မာ့ႀကံ တန္ခ်ိန္ ၃၇၀၀၀ ေက်ာ္ တင္သြင္းခဲ့”
ယူနန္-ခ်င္းေ႐ႊေဟာ္နယ္စပ္ အဝင္အထြက္ စစ္ေဆးေရးဂိတ္မွတစ္ဆင့္ ယခု ၂၀၂၂ ခုႏွစ္အတြင္း တ႐ုတ္နိုင္ငံဘက္သို႔ ႀကံသယ္ယူ ပို႔ေဆာင္ေရးယာဥ္ ၃၈၃၁ စီးျဖင့္ ျမန္မာ့ႀကံ တန္ခ်ိန္ ၃၇၄၀၀ ကို တင္သြင္းခဲ့ေၾကာင္း ျမန္မာနိုင္ငံဆိုင္ရာ တ႐ုတ္သံ႐ုံးက ယေန႕တြင္ သတင္းထုတ္ျပန္ထားသည္။
ႏွစ္စဥ္ နိုဝင္ဘာလမွ ဧၿပီလအထိသည္ ျမန္မာနိုင္ငံတြင္ ႀကံရိတ္သိမ္းရာသီျဖစ္ၿပီး ကိုဗစ္-၁၉ ကပ္ေရာဂါ၏ အက်ိဳးသက္ေရာက္မႈ ခံေနရခ်ိန္တြင္ ႀကံတင္သြင္းတင္ပို႔ မႈကိစၥႏွင့္ပတ္သက္၍ တ႐ုတ္နိုင္ငံ ယူနန္ျပည္နယ္လင္ခ်န္းရွိ ခ်င္းေ႐ႊေဟာ္နယ္စပ္ အဝင္အထြက္ စစ္ေဆးေရးဂိတ္မွတစ္ဆင့္ တင္သြင္းနိုင္ေရး ႏွစ္နိုင္ငံညွိႏွိုင္း ေဆြးႏြေးၿပီးေနာက္ လူႏွင့္ကုန္စည္ခြဲထုတ္ျခင္း၊ အပိုင္းလိုက္ သယ္ယူပို႔ေဆာင္ျခင္း၊ လမ္းပိတ္၍ စီမံခန႔္ခြဲျခင္း စသည့္လုပ္ငန္းအစီအစဥ္မ်ားကို အတည္ျပဳခဲ့ၿပီး ခ်င္းေ႐ႊေဟာ္နယ္စပ္ဂိတ္တြင္ ႀကံသယ္ယူပို႔ေဆာင္ ေရးယာဥ္မ်ားအတြက္ အစိမ္းေရာင္ လမ္းေၾကာင္း ဖြင့္လွစ္ကာ ျမန္မာနိုင္ငံမွ ႀကံမ်ားကို တ႐ုတ္နိုင္ငံဘက္သို႔ အဆင္ေျပေခ်ာေမြ႕စြာ ဝင္ေရာက္နိုင္ေရးအတြက္ ဝန္ေဆာင္မႈေပးခဲ့ေၾကာင္း သိရသည္။
ထို႔ျပင္ မတ္လပထမပတ္အတြင္းမွစ၍ရက္သတၱတစ္ပတ္ေက်ာ္ၾကာ ပိတ္ထားေသာ ျမန္မာ-တ႐ုတ္ နယ္စပ္ဝင္ထြက္ဂိတ္တစ္ခုျဖစ္သည့္ က်င္စန္းေလ်ာ့နယ္စပ္ဂိတ္ကို မတ္ ၁၂ ရက္ မြန္းလြဲ ၁ နာရီခြဲတြင္ ျပန္လည္ဖြင့္လွစ္ၿပီး ႏွစ္နိုင္ငံကုန္သြယ္မႈလုပ္ငန္းမ်ား ျပန္လည္စတင္ခဲ့ ေၾကာင္း ျမန္မာနိုင္ငံဆိုင္ရာ တ႐ုတ္သံ႐ုံး၏ သတင္းထုတ္ျပန္ခ်က္အရ သိရသည္။
Recent Comments