ယူကရိန်းနိုင်ငံ၌ အမေရိကန်က ငွေကြေးထောက်ပံ့မှုဖြင့် တည်ဆောက်ထားသော ဇီဝဓာတ်ခွဲခန်းများနှင့်ပတ်သက်သည့် ရည်ရွယ်ချက်များကို နိုင်ငံတကာအသိုင်းအဝိုင်းသို့ ဖြေရှင်းချက်ပေးရမည်ဖြစ်ကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနက မတ် ၉ ရက်တွင် တိုက်တွန်းတောင်းဆိုလိုက်ကြောင်း ဆင်ဟွာသတင်းက ဖော်ပြသည်။

“အမေရိကန်ဟာ အမျိုးမျိုးသော ဓာတု ၊ ဇီဝ ၊ ဘက်တီးရီးယား လက်နက်တွေကို ရှာဖွေပြီး ကမ္ဘာတစ်ဝန်းလုံးမှာ အမှန်တကယ်နယ်မြေ ကျူးကျော်သိမ်းပိုက်တာ ၊ ပြီးတော့လူတွေကို သတ်ဖြတ်တာ စတဲ့ သွေးထွက်သံယိုမှုရလဒ်တွေလုပ်ဆောင်ခဲ့တာကို နှစ်တွေဘယ်လောက်ပဲကြာကြာ ကျွန်တော်တို့ အမှတ်ရနေမှာပါ” ဟု သတင်းစာရှင်းလင်းပွဲတစ်ခု၌ ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူ Maria Zakharova က ဆိုသည်။

ကိဗ်(ယူကရိန်း)သည် အဆိုပါ ဇီဝဗေဒအစီအစဉ်များ၏ ခြေရာလက်ရာများကို မကြာသေးခင်က စတင်ဖျက်ဆီးမှုပြုလုပ်ခဲ့ကြောင်းလည်း ၎င်းကပြောဆိုသည်။

“ယူကရိန်း ဇီဝဓာတ်ခွဲခန်းဝန်ထမ်းတွေဆီက ကျွန်မတို့လက်ခံရရှိထားတဲ့ သက်သေ အထောက်အထားစာရွက်စာတမ်းတွေအရ အထူးသဖြင့် ပလိပ်၊ ထောင့်သန်းနာ၊ tularemia ၊ ကာလဝမ်းရောဂါနဲ့ အခြား လူကိုသေစေနိုင်တဲ့ ရောဂါတွေလိုမျိုး အန္တရာယ်ရှိရောဂါဖြစ်ပွားစေတဲ့ ပစ္စည်းနမူနာတွေကို ဖေဖော်ဝါရီ ၂၄ ရက်မှာ ချက်ချင်းဖျက်ဆီးပစ်ရမယ်လို့ ဖော်ပြထားပါတယ်”ဟု ရုရှား နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Maria Zakharova က ဆိုသည်။

ထို့ပြင် ကရင်မလင်နန်းတော်ပြောရေးဆိုခွင့်ရှိသူ Dmitry Peskov ကလည်း မတ် ၉ ရက်တွင်ပြောကြားရာ၌ ယင်းကိစ္စရပ်မှာ အလွန်အရေးကြီးကြောင်းနှင့် တစ်ကမ္ဘာလုံးအနေဖြင့် ယင်းဓာတ်ခွဲခန်းများ၏ ရည်ရွယ်ချက်ကို ရှင်းရှင်းလင်းလင်းသိရှိလိုကြကြောင်း ထည့်သွင်း ပြောကြားခဲ့သည်။

အမေရိကန်နိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာနသည် အမျိုးမျိုးသော အမည်ဖြစ် ကမ္ဘာ့နိုင်ပေါင်း ၃၀ ရှိ ဇီဝဓာတ်ခွဲခန်းပေါင်း ၃၃၆ ခုကို ထိန်းချုပ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

(Zawgyi)

“ယူကရိန္း၌ အေမရိကန္နိုင္ငံက ဇီဝဓာတ္ခြဲခန္းမ်ား တည္ေဆာက္ထားျခင္းကို ေျဖရွင္းရန္ ႐ုရွားတိုက္တြန္း”

ယူကရိန္းနိုင္ငံ၌ အေမရိကန္က ေငြေၾကးေထာက္ပံ့မႈျဖင့္ တည္ေဆာက္ထားေသာ ဇီဝဓာတ္ခြဲခန္းမ်ားႏွင့္ပတ္သက္သည့္ ရည္႐ြယ္ခ်က္မ်ားကို နိုင္ငံတကာအသိုင္းအဝိုင္းသို႔ ေျဖရွင္းခ်က္ေပးရမည္ျဖစ္ေၾကာင္း ႐ုရွားနိုင္ငံျခားေရးဝန္ႀကီးဌာနက မတ္ ၉ ရက္တြင္ တိုက္တြန္းေတာင္းဆိုလိုက္ေၾကာင္း ဆင္ဟြာသတင္းက ေဖာ္ျပသည္။

အေမရိကန္ဟာ အမ်ိဳးမ်ိဳးေသာ ဓာတု ၊ ဇီဝ ၊ ဘက္တီးရီးယား လက္နက္ေတြကို ရွာေဖြၿပီး ကမၻာတစ္ဝန္းလုံးမွာ အမွန္တကယ္နယ္ေျမ က်ဴးေက်ာ္သိမ္းပိုက္တာ ၊ ၿပီးေတာ့လူေတြကို သတ္ျဖတ္တာ စတဲ့ ေသြးထြက္သံယိုမႈရလဒ္ေတြလုပ္ေဆာင္ခဲ့တာကို ႏွစ္ေတြဘယ္ေလာက္ပဲၾကာၾကာ ကြၽန္ေတာ္တို႔ အမွတ္ရေနမွာပါ ဟု သတင္းစာရွင္းလင္းပြဲတစ္ခု၌ ႐ုရွားနိုင္ငံျခားေရးဝန္ႀကီးဌာနေျပာေရးဆိုခြင့္ရွိသူ Maria Zakharova က ဆိုသည္။

ကိဗ္(ယူကရိန္း)သည္ အဆိုပါ ဇီဝေဗဒအစီအစဥ္မ်ား၏ ေျခရာလက္ရာမ်ားကို မၾကာေသးခင္က စတင္ဖ်က္ဆီးမႈျပဳလုပ္ခဲ့ေၾကာင္းလည္း ၎ကေျပာဆိုသည္။

ယူကရိန္း ဇီဝဓာတ္ခြဲခန္းဝန္ထမ္းေတြဆီက ကြၽန္မတို႔လက္ခံရရွိထားတဲ့ သက္ေသ အေထာက္အထားစာ႐ြက္စာတမ္းေတြအရ အထူးသျဖင့္ ပလိပ္၊ ေထာင့္သန္းနာ၊ tularemia ၊ ကာလဝမ္းေရာဂါနဲ႕ အျခား လူကိုေသေစနိုင္တဲ့ ေရာဂါေတြလိုမ်ိဳး အႏၱရာယ္ရွိေရာဂါျဖစ္ပြားေစတဲ့ ပစၥည္းနမူနာေတြကို ေဖေဖာ္ဝါရီ ၂၄ ရက္မွာ ခ်က္ခ်င္းဖ်က္ဆီးပစ္ရမယ္လို႔ ေဖာ္ျပထားပါတယ္ဟု ႐ုရွား နိုင္ငံျခားေရးဝန္ႀကီးဌာန ေျပာေရးဆိုခြင့္ရွိသူ Maria Zakharova က ဆိုသည္။

ထို႔ျပင္ ကရင္မလင္နန္းေတာ္ေျပာေရးဆိုခြင့္ရွိသူ Dmitry Peskov ကလည္း မတ္ ၉ ရက္တြင္ေျပာၾကားရာ၌ ယင္းကိစၥရပ္မွာ အလြန္အေရးႀကီးေၾကာင္းႏွင့္ တစ္ကမၻာလုံးအေနျဖင့္ ယင္းဓာတ္ခြဲခန္းမ်ား၏ ရည္႐ြယ္ခ်က္ကို ရွင္းရွင္းလင္းလင္းသိရွိလိုၾကေၾကာင္း ထည့္သြင္း ေျပာၾကားခဲ့သည္။

အေမရိကန္နိုင္ငံ ကာကြယ္ေရးဝန္ႀကီးဌာနသည္ အမ်ိဳးမ်ိဳးေသာ အမည္ျဖစ္ ကမၻာ့နိုင္ေပါင္း ၃၀ ရွိ ဇီဝဓာတ္ခြဲခန္းေပါင္း ၃၃၆ ခုကို ထိန္းခ်ဳပ္ေဆာင္႐ြက္လ်က္ရွိေၾကာင္း သိရသည္။