ရှမ်းပြည်နယ် (တောင်ပိုင်း) တောင်ကြီးမြို၊ ပြည်တော်သာရပ်ကွက်၊ နယ်မြေ(၁၂)၊ စံပယ်လမ်းမှာ ယနေ့ (မတ်လ ၂၁ ရက်) နံနက် ၀၀ နာရီ ၁၇ မိနစ်အချိန်က စတင်လောင်ကျွမ်းခဲ့တဲ့ မီးလောင်မှုဖြစ်စဥ်အတွင်း အမျိုးသမီး ၃ ဦး သေဆုံးခဲ့တယ်လို သိရပါတယ်။

မီးလောင်မှုဖြစ်ပွားစဥ်မှာ အဆိုပါအိမ်ထဲမှာရှိနေကြတဲ့ မနန်းမူ၊ မနန်းကျင်ခေါင်းလှိင်နဲ့ ၁၉ နှစ်အရွယ် ၁၀ တန်းကျောင်းသူ မနန်းဆိုင်လောဝ်တို ၃ ယောက် မီးလောင်ဒဏ်ရာရရှိပြီး သတိလစ်သွားခဲ့လို တောင်ကြီးမြိုရှိ စပ်စံထွန်းဆေးရုံကြီးကို ပိုဆောင်ပေးခဲ့ကြရာကနေ ၎င်းတို ၃ ဦးထဲက ၁ ဦးဟာ ဆေးရုံသိုရောက်ရှိချိန်မှာ အသက်မရှိတော့ဘဲ ကျန် ၂ ဦးကတော့ ယနေ့နံနက် ၃ နာရီလောက်မှာ သေဆုံးသွားခဲ့တာဖြစ်တယ်လို ဒေသခံလူမှုကူညီရေးအသင်းတစ်ခုထံမှ သိရပါတယ်။
#mhtnews

(Zawgyi)
“ယနေ့နံနက်အစောပိုင်းက တောင်ကြီးမြို့မှာဖြစ်ခဲ့တဲ့ မီးလောင်မှုဖြစ်စဉ်အတွင်း ဒဏ်ရာရရှိတဲ့ ၁၀ တန်းကျောင်းသူတစ်ဦးအပါအဝင် အမျိးသမီး ၃ ဦးသေဆုံး”

ရှမ်းပြည်နယ် (တောင်ပိုင်း) တောင်ကြီးမြို့၊ ပြည်တော်သာရပ်ကွက်၊ နယ်မြေ(၁၂)၊ စံပယ်လမ်းမှာ ယနေ့ (မတ်လ ၂၁ ရက်) နံနက် ၀၀ နာရီ ၁၇ မိနစ်အချိန်က စတင်လောင်ကျွမ်းခဲ့တဲ့ မီးလောင်မှုဖြစ်စဉ်အတွင်း အမျိးသမီး ၃ ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။

မီးလောင်မှုဖြစ်ပွားစဉ်မှာ အဆိုပါအိမ်ထဲမှာရှိနေကြတဲ့ မနန်းမူ၊ မနန်းကျင်ခေါင်းလှိင်နဲ့ ၁၉ နှစ်အရွယ် ၁၀ တန်းကျောင်းသူ မနန်းဆိုင်လောဝ်တို့ ၃ ယောက် မီးလောင်ဒဏ်ရာရရှိပြီး သတိလစ်သွားခဲ့လို့ တောင်ကြီးမြို့ရှိ စပ်စံထွန်းဆေးရုံကြီးကို ပို့ဆောင်ပေးခဲ့ကြရာကနေ ၎င်းတို့ ၃ ဦးထဲက ၁ ဦးဟာ ဆေးရုံသို့ရောက်ရှိချိန်မှာ အသက်မရှိတော့ဘဲ ကျန် ၂ ဦးကတော့ ယနေ့နံနက် ၃ နာရီလောက်မှာ သေဆုံးသွားခဲ့တာဖြစ်တယ်လို့ ဒေသခံလူမှုကူညီရေးအသင်းတစ်ခုထံမှ သိရပါတယ်။
#mhtnews