ယခုနှစ် ဖေဖော်ဝါရီလမှ မတ်လအတွင်း စစ်ဆေးတွေ့ရှိရသော စားသုံးရန်မသင့်သည့် အသားလုံး၊ အသားချောင်း (၂၁) မျိုး၏ စာရင်းကို ကျန်မာရေးဝန်ကြီးဌာန အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ ယနေ့ထုတ်ပြန်လိုက်သည်။

၎င်းတို့မှာ Thailand စာသားပါ (Cowboy) ပုံအမှတ်တံဆိပ်ပါ ကြက်အူချောင်း၊ PS- Food Delicious အသားချောင်း (အနီ)၊ Thai Star Brand (ကြက်ပုံပါ) ဟေ့ဒေါ့ (အနီ)၊ K & P PS- Food Delicious အသားချောင်း (အဝါ)၊ AI CHENG မာလာကြက်အူချောင်း၊ AI CHENG ကြက်သား ကြက်အူချောင်း၊ TRK အသားချောင်း (အနီ)၊ K& P Smoked Chickem Sausages Bites၊ TSP ဂဏန်းလုံး၊ Thailand စာသားပါ (ကြက်ဖပုံ) အသားချောင်း (အနီ)၊ Thailand စာသားပါ (ဂဏန်း) အသားလုံး (ပန်းရောင်)၊ B4 New ကြက်သား အသားဘောလုံး၊ Thailand စာသားပါ အသားချောင်း၊ ဖွန်းစဝမ်း (PS- Food Delicious) ဗီယက်နမ် ကြက်အူချောင်း၊ B. B. ကြက်ဘီဘီ ကြက်သားလုံး၊ ဖွန်းစဝမ်း (PS- Food Delicious) ဗီယက်နမ်စတိုင် ပုဇွန် ကြက်အူချောင်း၊ JSP Food Fish Tofu၊ Thailand စာသားပါ အသားလုံး၊ P & J HOTDOG Sausage၊ TRK အသားလုံး (အဝါရောင်) နှင့် Top GP အသားချောင်း (အဝါရောင်) တို့ဖြစ်ကြောင်း သိရသည်။

ဈေးကွက်များတွင် ရောင်းချလျက်ရှိသော ဖော်ပြပါ အသားလုံး၊ အသားချောင်း အမျိုးမျိုးတို့ကို ဈေးကွက်အတွင်းမှ ဝယ်ယူစစ်ဆေးရာ အောက်ဖော်ပြပါ အသားလုံး၊ အသားချောင်းများတွင် စားသုံးသူများ၏ ကျန်းမာရေးကို ထိခိုက်စေနိုင်သော ခွင့်ပြုအစားအသောက် ထပ်ဖြည့်ပစ္စည်းများအား သတ်မှတ်ပမာဏထက် ပိုမိုကျော်လွန် သုံးစွဲထားကြောင်း တွေ့ရှိရကြောင်း ထုတ်ပြန်ထားသည်။

အစားသောက်ထုတ်လုပ်သူများအနေဖြင့် ဖော်ပြပါ အစားအသောက်များကို ဖြန့်ဖြူးရောင်းချခြင်းမပြုရန်နှင့် လိုက်နာဆောင်ရွက်ခြင်းမရှိပါက အမျိုးသားအစားအသောက်ဥပဒေပုဒ်မ ၂၈(က)အရ အရေးယူဆောင် ရွက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

#mhtnews

(Zawgyi)

“ယခုႏွစ္ ေဖေဖာ္ဝါရီလမွ မတ္လအတြင္း စစ္ေဆးေတြ႕ရွိခဲ့ေသာ စားသုံးရန္မသင့္သည့္ အသားလုံး၊ အသားေခ်ာင္း (၂၁) မ်ိဳး၏ စာရင္းကို FDA ထုတ္ျပန္”

ယခုႏွစ္ ေဖေဖာ္ဝါရီလမွ မတ္လအတြင္း စစ္ေဆးေတြ႕ရွိရေသာ စားသုံးရန္မသင့္သည့္ အသားလုံး၊ အသားေခ်ာင္း (၂၁) မ်ိဳး၏ စာရင္းကို က်န္မာေရးဝန္ႀကီးဌာန အစားအေသာက္ႏွင့္ ေဆးဝါးကြပ္ကဲေရးဦးစီးဌာနမွ ယေန႕ထုတ္ျပန္လိုက္သည္။

၎တို႔မွာ Thailand စာသားပါ (Cowboy) ပုံအမွတ္တံဆိပ္ပါ ၾကက္အူေခ်ာင္း၊ PS- Food Delicious အသားေခ်ာင္း (အနီ)၊ Thai Star Brand (ၾကက္ပုံပါ) ေဟ့ေဒါ့ (အနီ)၊ K & P PS- Food Delicious အသားေခ်ာင္း (အဝါ)၊ AI CHENG မာလာၾကက္အူေခ်ာင္း၊ AI CHENG ၾကက္သား ၾကက္အူေခ်ာင္း၊ TRK အသားေခ်ာင္း (အနီ)၊ K& P Smoked Chickem Sausages Bites၊ TSP ဂဏန္းလုံး၊ Thailand စာသားပါ (ၾကက္ဖပုံ) အသားေခ်ာင္း (အနီ)၊ Thailand စာသားပါ (ဂဏန္း) အသားလုံး (ပန္းေရာင္)၊ B4 New ၾကက္သား အသားေဘာလုံး၊ Thailand စာသားပါ အသားေခ်ာင္း၊ ဖြန္းစဝမ္း (PS- Food Delicious) ဗီယက္နမ္ ၾကက္အူေခ်ာင္း၊ B. B. ၾကက္ဘီဘီ ၾကက္သားလုံး၊ ဖြန္းစဝမ္း (PS- Food Delicious) ဗီယက္နမ္စတိုင္ ပုဇြန္ ၾကက္အူေခ်ာင္း၊ JSP Food Fish Tofu၊ Thailand စာသားပါ အသားလုံး၊ P & J HOTDOG Sausage၊ TRK အသားလုံး (အဝါေရာင္) ႏွင့္ Top GP အသားေခ်ာင္း (အဝါေရာင္) တို႔ျဖစ္ေၾကာင္း သိရသည္။

ေဈးကြက္မ်ားတြင္ ေရာင္းခ်လ်က္ရွိေသာ ေဖာ္ျပပါ အသားလုံး၊ အသားေခ်ာင္း အမ်ိဳးမ်ိဳးတို႔ကို ေဈးကြက္အတြင္းမွ ဝယ္ယူစစ္ေဆးရာ ေအာက္ေဖာ္ျပပါ အသားလုံး၊ အသားေခ်ာင္းမ်ားတြင္ စားသုံးသူမ်ား၏ က်န္းမာေရးကို ထိခိုက္ေစနိုင္ေသာ ခြင့္ျပဳအစားအေသာက္ ထပ္ျဖည့္ပစၥည္းမ်ားအား သတ္မွတ္ပမာဏထက္ ပိုမိုေက်ာ္လြန္ သုံးစြဲထားေၾကာင္း ေတြ႕ရွိရေၾကာင္း ထုတ္ျပန္ထားသည္။

အစားေသာက္ထုတ္လုပ္သူမ်ားအေနျဖင့္ ေဖာ္ျပပါ အစားအေသာက္မ်ားကို ျဖန႔္ျဖဴးေရာင္းခ်ျခင္းမျပဳရန္ႏွင့္ လိုက္နာေဆာင္႐ြက္ျခင္းမရွိပါက အမ်ိဳးသားအစားအေသာက္ဥပေဒပုဒ္မ ၂၈(က)အရ အေရးယူေဆာင္ ႐ြက္သြားမည္ျဖစ္ေၾကာင္း ထုတ္ျပန္ခ်က္တြင္ေဖာ္ျပထားသည္။

#mhtnews