နိုင်ငံအတွင်း နှစ်စဉ်နွေရာသီကာလရောက်တိုင်း သောက်သုံးရေရှားပါးပြတ်လပ်မှုဖြစ်ပေါ်သည့် ကျေးရွာများရှိနေပြီး ယခု ၂၀၂၂ ခုနှစ် နွေရာသီကာလတွင် ကရင်ပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ တင်္နသာရီတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေဿကြီး၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်၊ ရှမ်း(တောင်)နှင့် ဧရာဝတီတိုင်းဒေသကြီး စသည့် တိုင်းဒေသကြီးနှင့် ပြည်နယ် ၁၀ ခုရှိ မြိုနယ်ပေါင်း ၄၇ မြိုနယ်တိုမှ ကျေးရွာပေါင်း ၁၅၀ ခန့်တွင် သောက်သုံးရေရှားပါးပြတ်လပ်နိုင်ကြောင်း ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာန(ရုံးချုပ်)က ခန့်မှန်းထားသည်။

ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့် ရေရရှိရေးလုပ်ငန်းများကို ဘဏ္ဍာနှစ်အလိုက်ဦးစားပေးဆောင်ရွက်ပေးလျက်ရှိပြီး သောက်သုံးရေဖြန့်ဝေပေးမှုများ ဆောင်ရွက်ပေးလျက်ရှိသော်လည်း ရေရှားမှုပြဿနာမှာ နှစ်စဥ်လိုလို ကြုံတွေ့နေရဆဲဖြစ်သည့်အပြင် ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီနောက်ပိုင်းမှစတင်ပြီး ရန်ကုန်တိုင်းအတွင်း လျှပ်စစ်မီးအချိန်ကြာမြင့်စွာ ပြတ်တောက်လာသဖြင့် ဒဂုံမြိုသစ်(မြောက်ပိုင်း) မြိုနယ်တွင် သောက်သုံးရေအခက်အခဲများဖြစ်ပေါ်လာနေကြောင်းနှင့် အထပ်မြင့်အဆောက်ဦးများတွင်နေထိုင်သူများ မတန်တဆဈေးဖြင့် သောက်သုံးရေများဝယ်သုံးနေရကြောင်း ဒေသခံများထံမှ သိရသည်။
#mhtnews

(Zawgyi)
“ယခုနှစ်နွရောသီ၌ ကျေးရွာပေါင်း ၁၅၀ ခန့်တွင် သောက်သုံးရေ ရှားပါးပြတ်လပ်နိုင်ကြောင်း ခန့်မှန်းထား”

နိုင်ငံအတွင်း နှစ်စဉ်နွရောသီကာလရောက်တိုင်း သောက်သုံးရေရှားပါးပြတ်လပ်မှုဖြစ်ပေါ်သည့် ကျေးရွာများရှိနေပြီး ယခု ၂၀၂၂ ခုနှစ် နွရောသီကာလတွင် ကရင်ပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ တင်္နသာရီတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေဿကြီး၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်၊ ရှမ်း(တောင်)နှင့် ဧရာဝတီတိုင်းဒေသကြီး စသည့် တိုင်းဒေသကြီးနှင့် ပြည်နယ် ၁၀ ခုရှိ မြို့နယ်ပေါင်း ၄၇ မြို့နယ်တို့မှ ကျေးရွာပေါင်း ၁၅၀ ခန့်တွင် သောက်သုံးရေရှားပါးပြတ်လပ်နိုင်ကြောင်း ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန(ရုံးချုပ်)က ခန့်မှန်းထားသည်။

ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့် ရေရရှိရေးလုပ်ငန်းများကို ဘဏ္ဍာနှစ်အလိုက်ဦးစားပေးဆောင်ရွက်ပေးလျက်ရှိပြီး သောက်သုံးရေဖြန့်ဝေပေးမှုများ ဆောင်ရွက်ပေးလျက်ရှိသော်လည်း ရေရှားမှုပြဿနာမှာ နှစ်စဉ်လိုလို ကြုံတွေ့နေရဆဲဖြစ်သည့်အပြင် ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီနောက်ပိုင်းမှစတင်ပြီး ရန်ကုန်တိုင်းအတွင်း လျှပ်စစ်မီးအချိန်ကြာမြင့်စွာ ပြတ်တောက်လာသဖြင့် ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့နယ်တွင် သောက်သုံးရေအခက်အခဲများဖြစ်ပေါ်လာနေကြောင်းနှင့် အထပ်မြင့်အဆောက်ဦးများတွင်နေထိုင်သူများ မတန်တဆဈေးဖြင့် သောက်သုံးရေများဝယ်သုံးနေရကြောင်း ဒေသခံများထံမှ သိရသည်။
#mhtnews