ပို့ကုန်/သွင်းကုန် လုပ်ငန်းများ လျင်မြန်ချောမွေ့စေရေး အတွက် ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ် ညီနောင် အသင်းအဖွဲ့များနှင့် ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ Virtual စနစ်ဖြင့် ကျင်းပခဲ့သည်။

အဆိုပါအစည်းအဝေးတွင် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာပွင့်ဆန်းက “ကိုဗစ်-၁၉ ကူးစက်ရောဂါ အခြေအနေနှင့် အခြားအခက်အခဲ အခြေအနေများ ရှိနေသော်လည်း ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ် ညီနောင်အသင်းအဖွဲ့များနှင့် ပို့ကုန်/သွင်းကုန်လုပ်ငန်းများ အရှိန်အဟုန်မပြတ် ပူးပေါင်းဆောင်ရွက်ခဲ့ကြ၍ ယခုဆိုလျှင် ပုံမှန်အနေအထားသို့ ပြန်လည်ရောက်ရှိလာကြောင်း၊ ကိုဗစ်-၁၉ ကူးစက်မှု ကာလအတွင်းတွင်လည်း ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ်နှင့် များစွာထိတွေ့ဆောင်ရွက်ခဲ့ပြီး ဖွံ့ဖြိုးတိုးတက်မှုအတိုင်းအတာ တစ်ခုအထိ ဖြေရှင်းဆောင်ရွက်နိုင်ခဲ့ကြောင်း၊ ကဏ္ဍတစ်ခုတည်းကို မဟုတ်ဘဲ ကဏ္ဍအားလုံး ပူးပေါင်းဆောင်ရွက်နိုင်မှသာ ဖွံ့ဖြိုးတိုးတက်မည် ဖြစ်ပြီး ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြရန် တိုက်တွန်းလိုကြောင်း၊ ယခုလို ပူးပေါင်းဆောင်ရွက်မှုကြောင့် ယခင်နှစ်များက ကုန်သွယ်မှု လိုငွေပြခြင်း(Trade Deficit)များ ရှိခဲ့ရာမှ ၂ဝ၂၁-၂ဝ၂၂ ဘဏ္ဍာနှစ်တွင် ကုန်သွယ်မှု ပိုငွေပြခြင်း (Trade Surplus)ဖြစ်ခဲ့ပြီး ယခုနှစ်တွင်လည်း Trade  Deficit နည်းနိုင်သမျှ နည်းနိုင်အောင် ဆောင်ရွက်ရမည်ဖြစ်ကြောင်း” ပြောကြားခဲ့ခြင်းဖြစ်သည်။

ဆက်လက်၍လည်း ပြည်ထောင်စုဝန်ကြီးက “လယ်ယာစိုက်ပျိုးရေးကဏ္ဍနှင့် မွေးမြူရေးကဏ္ဍများကိုလည်း ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်နိုင်ရန်အတွက် လိုအပ်သော သွင်းအားစုများ အဆင်ပြေချောမွေ့စွာ တင်သွင်းရမည်ဖြစ်ကြောင်း၊ ဖွံ့ဖြိုးတိုးတက်နေသော ခေတ်စနစ်နှင့်အညီ ကဏ္ဍအလိုက် Update ဖြစ်သည့်စနစ်များကို ကျင့်သုံးနိုင်ရေး ဆောင်ရွက်သွားကြရန် တိုက်တွန်းလိုပါကြောင်း၊ ကဏ္ဍအလိုက် အခက်အခဲများကို အချိန်နှင့်တစ်ပြေးညီ သိရှိနိုင်ရန်အတွက် ယခုကဲ့သို့ ညှိနှိုင်းအစည်းအဝေးကို မကြာခဏ စီစဉ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ တိုင်းပြည် တည်ငြိမ်အေးချမ်းပြီး ဖွံ့ဖြိုးတိုးတက်အောင် ကဏ္ဍအားလုံး ပူးပေါင်းဆောင်ရွက်ပေးကြရန် တိုက်တွန်းလိုကြောင်း” တို့ကိုလည်း ပြောကြားခဲ့သည်ဟု သတင်းရရှိသည်။

#mhtnews

္္္္္္္္္္္္္္္္္္္္္္္္္္္္္

(Zawgyi)

“ယခင္ႏွစ္မ်ားက ကုန္သြယ္မႈ လိုေငြျပျခင္း(Trade Deficit)မ်ား ရွိခဲ့ရာမွ ၂ဝ၂၁-၂ဝ၂၂ ဘ႑ာႏွစ္တြင္ ကုန္သြယ္မႈ ပိုေငြျပျခင္း (Trade Surplus)ျဖစ္ခဲ့ေၾကာင္း ျပည္ေထာင္စုဝန္ႀကီး ေဒါက္တာပြင့္ဆန္း ေျပာ”

ပို႔ကုန္/သြင္းကုန္ လုပ္ငန္းမ်ား လ်င္ျမန္ေခ်ာေမြ႕ေစေရး အတြက္ ျပည္ေထာင္စု သမၼတျမန္မာနိုင္ငံ ကုန္သည္မ်ားႏွင့္ စက္မႈလက္မႈလုပ္ငန္းရွင္မ်ား အသင္းခ်ဳပ္ ညီေနာင္ အသင္းအဖြဲ႕မ်ားႏွင့္ ညွိႏွိုင္းအစည္းအေဝးကို ယမန္ေန႕ စီးပြားေရးႏွင့္ ကူးသန္းေရာင္းဝယ္ေရး ဝန္ႀကီးဌာန အစည္းအေဝးခန္းမ၌ Virtual စနစ္ျဖင့္က်င္းပခဲ့သည္။

အဆိုပါအစည္းအေဝးတြင္ ကူးသန္းေရာင္းဝယ္ေရးဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ေဒါက္တာပြင့္ဆန္းက “ကိုဗစ္-၁၉ ကူးစက္ေရာဂါ အေျခအေနႏွင့္ အျခားအခက္အခဲ အေျခအေနမ်ား ရွိေနေသာ္လည္း ျပည္ေထာင္စုသမၼတ ျမန္မာနိုင္ငံ ကုန္သည္မ်ားႏွင့္ စက္မႈလက္မႈလုပ္ငန္းရွင္မ်ား အသင္းခ်ဳပ္ ညီေနာင္အသင္းအဖြဲ႕မ်ားႏွင့္ပို႔ကုန္/သြင္းကုန္လုပ္ငန္းမ်ား အရွိန္အဟုန္မျပတ္ ပူးေပါင္းေဆာင္႐ြက္ခဲ့ၾက၍ယခုဆိုလွ်င္ ပုံမွန္အေနအထားသို႔ ျပန္လည္ေရာက္ရွိလာေၾကာင္း၊ ကိုဗစ္-၁၉ ကူးစက္မႈ ကာလအတြင္းတြင္လည္း ျပည္ေထာင္စုသမၼတ ျမန္မာနိုင္ငံ ကုန္သည္မ်ားႏွင့္ စက္မႈလက္မႈ လုပ္ငန္းရွင္မ်ားအသင္းခ်ဳပ္ႏွင့္မ်ားစြာထိေတြ႕ေဆာင္႐ြက္ခဲ့ၿပီးဖြံ႕ၿဖိဳးတိုးတက္မႈအတိုင္းအတာ တစ္ခုအထိ ေျဖရွင္းေဆာင္႐ြက္နိုင္ခဲ့ေၾကာင္း၊ က႑တစ္ခုတည္းကို မဟုတ္ဘဲ က႑အားလုံး ပူးေပါင္းေဆာင္႐ြက္နိုင္မွသာဖြံ႕ၿဖိဳးတိုးတက္မည္ ျဖစ္ၿပီး ဝိုင္းဝန္းပူးေပါင္း ေဆာင္႐ြက္ၾကရန္ တိုက္တြန္းလိုေၾကာင္း၊ ယခုလို ပူးေပါင္းေဆာင္႐ြက္မႈေၾကာင့္ ယခင္ႏွစ္မ်ားက ကုန္သြယ္မႈ လိုေငြျပျခင္း(Trade Deficit)မ်ား ရွိခဲ့ရာမွ ၂ဝ၂၁-၂ဝ၂၂ ဘ႑ာႏွစ္တြင္ ကုန္သြယ္မႈ ပိုေငြျပျခင္း (Trade Surplus)ျဖစ္ခဲ့ၿပီး ယခုႏွစ္တြင္လည္း Trade Deficit နည္းနိုင္သမွ် နည္းနိုင္ေအာင္ ေဆာင္႐ြက္ရမည္ျဖစ္ေၾကာင္း” ေျပာၾကားခဲ့ျခင္းျဖစ္သည္။

ဆက္လက္၍လည္း ျပည္ေထာင္စုဝန္ႀကီးက “လယ္ယာစိုက္ပ်ိဳးေရးက႑ႏွင့္ ေမြးျမဴေရးက႑မ်ားကိုလည္း ဖြံ႕ၿဖိဳးတိုးတက္ေအာင္ ေဆာင္႐ြက္နိုင္ရန္အတြက္ လိုအပ္ေသာ သြင္းအားစုမ်ား အဆင္ေျပေခ်ာေမြ႕စြာ တင္သြင္းရမည္ျဖစ္ေၾကာင္း၊ ဖြံ႕ၿဖိဳးတိုးတက္ေနေသာ ေခတ္စနစ္ႏွင့္အညီ က႑အလိုက္Update ျဖစ္သည့္စနစ္မ်ားကို က်င့္သုံးနိုင္ေရး ေဆာင္႐ြက္သြားၾကရန္ တိုက္တြန္းလိုပါေၾကာင္း၊က႑အလိုက္ အခက္အခဲမ်ားကို အခ်ိန္ႏွင့္တစ္ေျပးညီ သိရွိနိုင္ရန္အတြက္ယခုကဲ့သို႔ ညွိႏွိုင္းအစည္းအေဝးကိုမၾကာခဏ စီစဥ္ ေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္း၊ တိုင္းျပည္ တည္ၿငိမ္ေအးခ်မ္းၿပီး ဖြံ႕ၿဖိဳးတိုးတက္ေအာင္ က႑အားလုံးပူးေပါင္းေဆာင္႐ြက္ေပးၾကရန္ တိုက္တြန္းလိုေၾကာင္း” တို႔ကိုလည္း ေျပာၾကားခဲ့သည္ဟု သတင္းရရွိသည္။

#mhtnews