(ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်မှ (၄၈) နှစ်မြောက် မွန်ပြည်နယ်နေ့ အခမ်းအနားသို့ ပေးပို့သည့်သဝဏ်လွှာအပြည့်အစုံကို မူရင်းအတိုင်း ဖော်ပြပေးလိုက်ပါတယ်။)
ချစ်ကြည်လေးစားအပ်ပါသော မွန်ပြည်နယ်အတွင်းရှိ တိုင်းရင်းသား မိဘပြည်သူညီအစ်ကို မောင်နှမများခင်ဗျား –
ယနေ့ မတ်လ(၁၉) ရက်နေ့တွင် ကျရောက်သော (၄၈) နှစ်မြောက် မွန်ပြည်နယ်နေ့ မင်္ဂလာ အခါသမယ၌ မွန်ပြည်နယ်အတွင်း မှီတင်းနေထိုင်ကြသည့် တိုင်းရင်းသား သွေးချင်းညီအစ်ကို မောင်နှမများနှင့် နိုင်ငံတစ်ဝန်းရှိ ပြည်ထောင်စုဖွား မိဘပြည်သူညီအစ်ကိုမောင်နှမများ အားလုံး ကျန်းမာရွှင်လန်းပြီး ကောင်းကျိုးမင်္ဂလာအဖြာဖြာနှင့် ပြည့်ဝကြပါစေကြောင်း ဆုမွန်ကောင်း တောင်းလျက် ချစ်ကြည်လေးစားစွာ နှုတ်ခွန်းဆက်သအပ်ပါသည်။
မွန်ပြည်နယ်သည် မြန်မာနိုင်ငံ၏ တောင်ဘက်တွင် တည်ရှိပြီး ရေလမ်း၊ ကုန်းလမ်းဆုံရာ အချက်အချာနေရာမှာ တည်ရှိသည့် ပြည်နယ်တစ်ခုဖြစ်ပါသည်။
မွန်ပြည်နယ်နေ့သည် ၁၉၇၄ ခုနှစ် ပြည်ထောင်စုဆိုရှယ်လစ်သမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေအရ တနင်္သာရီတိုင်း အမှတ် (၁) အား မွန်ပြည်နယ်အဖြစ် ကမ္ပည်းတင် ရေးသား ခဲ့သည့် မတ်လ(၁၉)ရက်နေ့ကို မွန်ပြည်နယ်နေ့အဖြစ် သတ်မှတ်ခဲ့ကြပါသည်။ ယင်းအချိန်ကစ၍ မွန်ပြည်နယ်နေ့အထိမ်းအမှတ် အခမ်းအနားများအား တိုင်းရင်းသားများ၏ ရိုးရာ ယဉ်ကျေးမှုဓလေ့ထုံးစံများကို အခြေခံလျက် စည်ကားသိုက်မြိုက်စွာ နှစ်စဉ်ကျင်းပပြုလုပ် ခဲ့သည်မှာ ယနေ့ဆိုလျှင် (၄၈)နှစ် ပြည့်မြောက်ခဲ့ပြီဖြစ်ပါသည်။
မွန်ပြည်နယ်သည် ရာသီဥတုကောင်းမွန်မျှတပြီး သဘာဝအရင်း အမြစ်များဖြစ်သည့် ဇင်းကျိုက်တောင်၊ နွားလပို့တောင်၊ မုတ္တမတောင်၊ တောင်ညိုတောင်တန်း စသည့် တောတောင် မြစ်ချောင်းများနှင့် စိမ်းလန်းစိုပြည်သော သစ်တောများရှိသည့်အပြင် ရှည်လျားသော ပင်လယ်ကမ်းရိုးတန်းနှင့် ထိစပ်လျက်ရှိသည့်အတွက် မြေသယံဇာတ၊ ရေသယံဇာတများ ကြွယ်ဝသော ဂုဏ်ယူဖွယ်ရာ သာယာလှပသည့် ပြည်နယ်တစ်ခုလည်း ဖြစ်ပါသည်။
မွန်ပြည်နယ်အတွင်း အံ့ချီးဖွယ်ရာ ကျိုက်ထီးရိုးစေတီ အပါအဝင် ရှေးဟောင်းတန်ခိုးကြီး ဘုရားများစွာတည်ရှိပြီး သာသနာပြုပုဂ္ဂိုလ် များနှင့် ရှင်အရဟံမထေရ်မြတ်တို့က စစ်မှန်သော ဗုဒ္ဓသာသနာတော် တည်တံ့ပြန့်ပွားထွန်းကားရေးအတွက် ကြိုးပမ်းအားထုတ်နိုင်ခဲ့ကြသဖြင့် သုဝဏ္ဏဘူမိဒေသသည် ဗုဒ္ဓဘာသာ စတင်ထွန်းကားပြန့်ပွားရာ ဒေသဖြစ်ခဲ့သည်ကိုလည်း သမိုင်း မှတ်တမ်းများ အထင်အရှားရှိခဲ့ပါသည်။
မွန်တိုင်းရင်းသားတို့၏ ယဉ်ကျေးမှုသည် တန်ဖိုးမဖြတ်နိုင်သော ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်များစွာရှိခဲ့သည့် လူမျိုးနွယ်တစ်စုဖြစ်ပြီး ယခုအခါတွင် မွန်ပြည်နယ်၌ မွန်၊ ဗမာ၊ ကချင်၊ ကရင်၊ ချင်း၊ ရခိုင်၊ ရှမ်း၊ ပအိုဝ်း စသည့်တိုင်းရင်းသားပြည်သူ ညီအစ်ကို မောင်နှမ များက အေးအေးချမ်းချမ်း ညီညီညွတ်ညွတ်ဖြင့် ချစ်ကြည်ရင်းနှီးစွာ နေထိုင်လျက် ရှိကြပါသည်။
မွန်တိုင်းရင်းသားများသည် ကိုယ်ပိုင်စာပေ၊ ကိုယ်ပိုင်ယဉ်ကျေးမှု၊ ကိုယ်ပိုင်ဘာသာစကားတို့ဖြင့် ရှေးနှစ်ပေါင်းများစွာကတည်းက နေထိုင်ခဲ့ကြသူများဖြစ်ပြီး သမိန်ဗရမ်း၊ လဂွန်းအိမ်နှင့် အဲမွန်ဒယာ ကဲ့သို့သော သူရဲကောင်းများ ပေါ်ထွန်းခဲ့သည့် ဒေသဖြစ်ကြောင်း တွေ့ရှိခဲ့ရပါသည်။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ကြီး၏ နေရာဒေသ အသီးသီးတွင် တိုင်းရင်းသား လူမျိုးပေါင်းစုံ နှစ်ပေါင်းရာနှင့်ချီ၍ ချစ်ကြည်ရင်းနှီးစွာ အေးအတူပူအမျှ အတူတကွ နေထိုင်ခဲ့ကြ သော်လည်း နယ်ချဲ့တို့၏မတရားသဖြင့် ကျူးကျော်သိမ်းပိုက်မှုကြောင့် နှစ်ပေါင်း (၁၀၀) ကျော် ကိုလိုနီကျွန်ဘဝရောက်ခဲ့ရပါသည်။ နယ်ချဲ့တို့သည် မိမိတို့နိုင်ငံ၏ ကျွန်းသစ်၊ ရေနံ၊ ကျောက်မျက်ရတနာ၊ တွင်းထွက်သတ္တု စသည့်သဘာဝအရင်းအမြစ်များကို ထုတ်ယူ၍ ကုပ်သွေးစုပ် ခြယ်လှယ်အမြတ်ထုတ်ခဲ့ကြပါသည်။
ထိုကဲ့သို့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးဘက်ပေါင်းစုံမှ နာလန်မထူနိုင်အောင် ဖိနှိပ်ထိန်းချုပ် ခဲ့သည့် ကိုလိုနီကျွန်ဘဝမှ လွတ်မြောက်ရန်အတွက် ပြည်ထောင်စုဖွား တိုင်းရင်းသား ညီအစ်ကို မောင်နှမများက အသက်သွေးချွေးမြောက်မြားစွာ စတေးပြီး တွန်းလှန်တိုက်ပွဲဝင်ကာ လွတ်လပ်ရေးပြန်လည်ရရှိအောင် ကြိုးပမ်းခဲ့ကြပါသည်။
တိုင်းရင်းသားအားလုံး၏ စည်းလုံးညီညွတ်မှုအင်အားဖြင့် နယ်ချဲ့တို့ကို တွန်းလှန်တိုက်ပွဲဝင်ခဲ့ ရာတွင် မွန်အမျိုးသား တိုင်းရင်းသား ခေါင်းဆောင်များလည်း ပြည်ထောင်စုစိတ်ဓာတ် အပြည့်ဖြင့် ပါဝင်ကြိုးပမ်းဆောင်ရွက်ခဲ့ကြသည်ကို လွတ်လပ်ရေးကြိုးပမ်းမှုသမိုင်းတွင် ဂုဏ်ယူဖွယ်ရာ အထင်အရှားတွေ့ရှိရပါသည်။
သို့ရာတွင် လွတ်လပ်ရေးရပြီးနောက်ပိုင်းမှစ၍ ကိုလိုနီစနစ်၏ အမွေဆိုးကြောင့် ညီအစ်ကို အချင်းချင်းကြား နိုင်ငံရေးအယူဝါဒ မတူညီမှုများနှင့် သံသယများဖြင့် ဆွေးနွေးညှိနှိုင်း ဖြေရှင်းခြင်း မပြုနိုင်ကြဘဲ လက်နက်နှင့်ဖြေရှင်းကြသည့်အတွက် ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခများ ကာလရှည်ကြာပြီး ငြိမ်းချမ်းရေးနှင့် အလှမ်းဝေးခဲ့ရပါသည်။ သို့သော်လည်း မွန်ပြည်နယ်ရှိ မွန်တိုင်းရင်းသားတို့၏ စည်းလုံး ညီညွတ်မှုဖြင့် ၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၃) ရက်နေ့တွင် မွန်ပြည်သစ်ပါတီက တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) ကို လက်မှတ်ရေးထိုးခဲ့ပြီး မွန်ပြည်နယ်၏ ငြိမ်းချမ်းရေး သမိုင်းမှတ်တိုင်သစ် စိုက်ထူ နိုင်ခဲ့သည့်အတွက် အထူးဝမ်းမြောက်မိပါသည်။
ရှေ့ဆက်လက်၍လည်း မွန်တိုင်းရင်းသား ညီအစ်ကိုမောင်နှမများ အားလုံးအနေဖြင့်လည်း ပြည်ထောင်စုဖွား တိုင်းရင်းသားအချင်းချင်း တစ်ဦးနှင့်တစ်ဦးနားလည်မှု၊ သည်းခံခွင့်လွှတ်မှု၊ ယုံကြည် လေးစားမှုများကို ယခုထက်ပိုမို တိုးမြှင့်တည်ဆောက်ကြပါရန် တိုက်တွန်းမှာ လိုပါသည်။
ချစ်ကြည်လေးစားအပ်ပါသော မွန်ပြည်နယ်အတွင်းရှိ တိုင်းရင်းသား မိဘပြည်သူညီအစ်ကို မောင်နှမများခင်ဗျား –
တိုင်းရင်းသားပေါင်းများစွာနှင့် တည်ဆောက်ထားသည့် ပြည်ထောင်စုကြီး၏ ဂုဏ်ယူ တန်ဖိုးထားရသော ရိုးရာယဉ်ကျေးမှု အစဉ်အလာ အလေ့အကျင့်ကောင်းများကို လေ့လာ သတိရရှိစေမည့် ယခုလို အထိမ်းအမှတ်အခမ်းအနားများသည် ပြည်ထောင်စု စိတ်ဓာတ်ကို မြှင့်တင်ပေးပြီး မိမိတို့နိုင်ငံတော်၏ စည်းလုံးညီညွတ်မှုအင်အားများကို ပိုမိုရှင်သန်ခိုင်မာ စေမည်ဟု ယုံကြည်ပါသည်။
ဤကဲ့သို့ ရရှိပြီးသော အခြေအနေကောင်းများကို ပိုမိုဖွံ့ဖြိုးစေပြီး အလေးအမြတ်ထားရသည့် ပြည်ထောင်စုစိတ်ဓာတ်ဖြင့် နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးအတွက် မွန်ပြည်နယ်အတွင်းရှိ တိုင်းရင်းသားမိဘ ပြည်သူအားလုံးက စည်းလုံးညီညွတ်စွာဖြင့် ပူးပေါင်းပါဝင်ဆောင်ရွက်ကြရန် လိုအပ်ပါသည်။
မွန်ပြည်နယ်၏ အခြေခံကောင်းများဖြစ်သည့် သဘာဝအရင်းအမြစ်များနှင့် မြေပေါ်မြေအောက် သယံဇာတများ ကြွယ်ဝခြင်း၊ မြတ်ဗုဒ္ဓ၏ သာသနာထွန်းလင်းတောက်ပရာဒေသဖြစ်ခြင်း၊ မွန်၊ တိုင်းရင်းသားတို့၏ ရှည်လျားလှသော သမိုင်းစဉ်နှင့် အဆင့်မြင့်သည့် ယဉ်ကျေးမှု အမွေအနှစ် များစွာရှိခြင်း၊ ပင်လယ်ပြင်နှင့် ပင်လယ်ကမ်းရိုး တန်းဧရိယာများနှင့် ထိစပ်နေခြင်းတို့ကြောင့် ထာဝရငြိမ်းချမ်းရေးရရှိခြင်းဖြင့် ဆယ်စုနှစ်အတွင်း အရှိန်အဟုန်ဖြင့် တိုးတက်လာနိုင် သည့် အလားအလာကောင်းများ တွေ့မြင်နေရပြီဖြစ်ပါသည်။
အလားတူစွာ မွန်ပြည်နယ်အတွင်း နိုင်ငံတော်၏အစီအမံဖြင့် နိုင်ငံတကာအဆင့်မီ အပြည်ပြည်ဆိုင်ရာ လေယာဉ်ကွင်းနှင့် အပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်းများကိုပါ စီမံကိန်းများ ချမှတ်၍ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ပြည်နယ်သူ/ ပြည်နယ် သားတို့၏ပါဝင်မှု စွမ်းအားဖြင့် တက်ညီလက်ညီတည်ဆောက်ခြင်းဖြင့် မွန်ပြည်နယ်၏ ဖွံ့ဖြိုးတိုးတက်မှု မျှော်လင့်ချက်ကို ရယူခံစားနိုင်တော့ မည်ဖြစ်ပါသည်။
သို့ဖြစ်ရာ ရရှိပြီးသော အခြေအနေကောင်းများကို အခြေခိုင်စေရန်နှင့် ၎င်းမှတစ်ဆင့် နိုင်ငံတော် နှင့် နိုင်ငံသားတို့၏ အကျိုးစီးပွား၊ ဒေသနှင့် ဒေသနေပြည်သူများ၏ လူမှုအကျိုးစီးပွားများ တိုးတက်ဖြစ်ထွန်းမြင့်မားစေရန်တို့အတွက် ပြည်ထောင်စုစိတ်ဓာတ်ဖြင့် ကျရာ အခန်းကဏ္ဍမှ တက်ကြွစွာ ပါဝင်ဆောင်ရွက်ကြပါရန် ယခုကဲ့သို့ပေးပို့သော နေ့ထူးနေ့မြတ်အခါသမယတွင် မွန်ပြည်နယ်အတွင်းရှိ တိုင်းရင်းသားပြည်သူအားလုံးကို အလေးအနက် တိုက်တွန်းအပ်ပါသည်။
အမှန်စင်စစ် ကျွန်တော်တို့ တိုင်းရင်းသားပြည်သူတစ်ရပ်လုံး၏ ပကတိလိုအပ်ချက်သည် ဥပဒေနှင့်အညီ အေးအေးချမ်းချမ်းနေထိုင် လုပ်ကိုင်စားသောက်ပြီး စိတ်ချမ်းသာ၊ ကိုယ်ချမ်းသာနှင့် ဘဝဖွံ့ဖြိုးတိုးတက်ရေးပင် ဖြစ်ပါသည်။ နိုင်ငံတော်အနေဖြင့် ပြည်သူလူထု၏ ပကတိလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရန်နှင့် တိုင်းရင်းသားညီနောင်များအားလုံး တန်းတူ ခံစားနိုင်မည့် ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှုများ ဖော်ဆောင် နိုင်ရန်အတွက် အမျိုးသား စည်းလုံးညီညွတ်ရေးနှင့် ပြည်ထောင်စုငြိမ်းချမ်းရေးကို ခိုင်မာသည့် သန္နိဋ္ဌာန်ဖြင့် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါသည်။
အတိတ်သမိုင်း၏ လွတ်လပ်ရေးကြိုးပမ်းမှုတွင် ပြည်ထောင်စု စိတ်ဓာတ်သည် အရင်းခံဖြစ်သလို ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် အနာဂတ်ပြည်ထောင်စုကြီး တည်ဆောက်ရေး ၏ အခြေခံအုတ်မြစ်မှာလည်း ပြည်ထောင်စုစိတ်ဓာတ်ပင် ဖြစ်ပါသည်။
တိုင်းရင်းသားညီအစ်ကိုမောင်နှမများအားလုံး တစ်မြေတည်းနေ၊ တစ်ရေတည်းသုံး၊ ဒို့အားလုံး သည် သွေးချင်းညီအစ်ကိုများဟူသည့် စိတ်၊ တောင်ပေါ်မြေပြန့်မခွဲခြား၊ ဒို့အားလုံးသည် သားချင်းများဟူသည့် စိတ်၊ မရှိအတူ ရှိအတူ၊ အေးအတူပူအမျှဥမကွဲသိုက်မပျက် အတူတကွ ရင်းနှီးချစ်ကြည်စွာ နေထိုင်ကြသည့် မိသားစုများဟူသည့် စိတ်၊ တိုင်းရင်းသားအချင်းချင်း အပြန်အလှန် ချစ်ခင်လေးစား ယုံကြည်မှုဖြင့် စည်းလုံးညီညွတ်သည့်ပြည်ထောင်စုကြီး တည်ဆောက်မည်ဟူသော ခိုင်မာသည့်သန္နိဋ္ဌာန်စိတ်တို့ဖြင့် စစ်မှန်သော ပြည်ထောင်စု စိတ်ဓာတ်ကို ခိုင်မာသည်ထက် ခိုင်မာအောင် တည်ဆောက်သွားကြ ရမည်ဖြစ်ပါသည်။
နိဂုံးချုပ်အနေဖြင့် (၄၈)နှစ်မြောက် မွန်ပြည်နယ်နေ့ အထိမ်း အမှတ်အခမ်းအနားနေ့တွင် –
– ဂုဏ်ယူဝင့်ကြွားဖွယ်ရာ အမွေအနှစ်များ၊ ဓလေ့ထုံးစံများကို လေးစားလိုက်နာပြီး အမျိုးသားယဉ်ကျေးမှုစရိုက်လက္ခဏာများ မပျောက်ပျက်အောင် ဆက်လက်ထိန်းသိမ်း စောင့်ရှောက်နိုင်ကြပါစေ၊
– မွန်ဒေသအတွင်းရှိ တိုင်းရင်းသားများအပါအဝင် နိုင်ငံသားတိုင်း စစ်မှန်သော ပြည်ထောင်စု စိတ်ဓာတ်ဖြင့် ပြည်ထောင်စု အကျိုးကို ဆတက်ထမ်းပိုးသယ်ပိုးနိုင်ကြပါစေ၊
– မွန်တိုင်းရင်းသားများသည် လွတ်လပ်ရေးကြိုးပမ်းမှုသမိုင်းတွင် တက်ကြွစွာပါဝင်ခဲ့သည့် နည်းတူ ဆက်လက်ဆောင်ရွက်မည့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုကြီး ထူထောင်နိုင်ရေးတွင်လည်း အားသွန်ခွန်စိုက် ဆက်လက်ပါဝင်ဆောင်ရွက် နိုင်ပါစေ၊
– ပြည်နယ်အကျိုး၊ ပြည်နယ်သားများ၏အကျိုး၊ နိုင်ငံအကျိုး၊ နိုင်ငံသားများ၏အကျိုး ပိုမိုတိုးတက်မြင့်မားရလေအောင် သယ်ပိုးနိုင်သူများ ဖြစ်ကြပါစေကြောင်း၊ ဆုမွန်ကောင်း တောင်းရင်းဖြင့် ဂုဏ်ပြုသဝဏ်လွှာ ပေးပို့အပ်ပါသည်။
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်
နိုင်ငံတော်ဝန်ကြီးချုပ်
ဥက္ကဋ္ဌ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ
+++++++++++++++++++++++++++++++++
(Zawgyi)
“မြန္တိုင္းရင္းသားမ်ားသည္ လြတ္လပ္ေရးႀကိဳးပမ္းမႈသမိုင္းတြင္ တက္ႂကြစြာပါဝင္ခဲ့သည့္ နည္းတူ ဆက္လက္ေဆာင္႐ြက္မည့္ ဒီမိုကေရစီႏွင့္ ဖက္ဒရယ္စနစ္ကို အေျခခံသည့္ ျပည္ေထာင္စုႀကီး ထူေထာင္နိုင္ေရးတြင္လည္း အားသြန္ခြန္စိုက္ ဆက္လက္ပါဝင္ေဆာင္႐ြက္ နိုင္ပါေစ”
(ျပည္ေထာင္စုသမၼတျမန္မာနိုင္ငံေတာ္ နိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒ နိုင္ငံေတာ္ ဝန္ႀကီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လွိုင္မွ (၄၈) ႏွစ္ေျမာက္ မြန္ျပည္နယ္ေန႕ အခမ္းအနားသို႔ ေပးပို႔သည့္သဝဏ္လႊာအျပည့္အစုံကို မူရင္းအတိုင္း ေဖာ္ျပေပးလိုက္ပါတယ္။)
ခ်စ္ၾကည္ေလးစားအပ္ပါေသာ မြန္ျပည္နယ္အတြင္းရွိ တိုင္းရင္းသား မိဘျပည္သူညီအစ္ကို ေမာင္ႏွမမ်ားခင္ဗ်ား –
ယေန႕ မတ္လ(၁၉) ရက္ေန႕တြင္ က်ေရာက္ေသာ (၄၈) ႏွစ္ေျမာက္ မြန္ျပည္နယ္ေန႕ မဂၤလာ အခါသမယ၌ မြန္ျပည္နယ္အတြင္း မွီတင္းေနထိုင္ၾကသည့္ တိုင္းရင္းသား ေသြးခ်င္းညီအစ္ကို ေမာင္ႏွမမ်ားႏွင့္ နိုင္ငံတစ္ဝန္းရွိ ျပည္ေထာင္စုဖြား မိဘျပည္သူညီအစ္ကိုေမာင္ႏွမမ်ား အားလုံး က်န္းမာ႐ႊင္လန္းၿပီး ေကာင္းက်ိဳးမဂၤလာအျဖာျဖာႏွင့္ ျပည့္ဝၾကပါေစေၾကာင္း ဆုမြန္ေကာင္း ေတာင္းလ်က္ ခ်စ္ၾကည္ေလးစားစြာ ႏႈတ္ခြန္းဆက္သအပ္ပါသည္။
မြန္ျပည္နယ္သည္ ျမန္မာနိုင္ငံ၏ ေတာင္ဘက္တြင္ တည္ရွိၿပီး ေရလမ္း၊ ကုန္းလမ္းဆုံရာ အခ်က္အခ်ာေနရာမွာ တည္ရွိသည့္ ျပည္နယ္တစ္ခုျဖစ္ပါသည္။
မြန္ျပည္နယ္ေန႕သည္ ၁၉၇၄ ခုႏွစ္ ျပည္ေထာင္စုဆိုရွယ္လစ္သမၼတ ျမန္မာနိုင္ငံေတာ္ ဖြဲ႕စည္းပုံ အေျခခံဥပေဒအရ တနသၤာရီတိုင္း အမွတ္ (၁) အား မြန္ျပည္နယ္အျဖစ္ ကမၸည္းတင္ ေရးသား ခဲ့သည့္ မတ္လ(၁၉)ရက္ေန႕ကို မြန္ျပည္နယ္ေန႕အျဖစ္ သတ္မွတ္ခဲ့ၾကပါသည္။ ယင္းအခ်ိန္ကစ၍ မြန္ျပည္နယ္ေန႕အထိမ္းအမွတ္ အခမ္းအနားမ်ားအား တိုင္းရင္းသားမ်ား၏ ရိုးရာ ယဥ္ေက်းမႈဓေလ့ထုံးစံမ်ားကို အေျခခံလ်က္ စည္ကားသိုက္ၿမိဳက္စြာ ႏွစ္စဥ္က်င္းပျပဳလုပ္ ခဲ့သည္မွာ ယေန႕ဆိုလွ်င္ (၄၈)ႏွစ္ ျပည့္ေျမာက္ခဲ့ၿပီျဖစ္ပါသည္။
မြန္ျပည္နယ္သည္ ရာသီဥတုေကာင္းမြန္မွ်တၿပီး သဘာဝအရင္း အျမစ္မ်ားျဖစ္သည့္ ဇင္းက်ိဳက္ေတာင္၊ ႏြားလပို႔ေတာင္၊ မုတၱမေတာင္၊ ေတာင္ညိုေတာင္တန္း စသည့္ ေတာေတာင္ ျမစ္ေခ်ာင္းမ်ားႏွင့္ စိမ္းလန္းစိုျပည္ေသာ သစ္ေတာမ်ားရွိသည့္အျပင္ ရွည္လ်ားေသာ ပင္လယ္ကမ္းရိုးတန္းႏွင့္ ထိစပ္လ်က္ရွိသည့္အတြက္ ေျမသယံဇာတ၊ ေရသယံဇာတမ်ား ႂကြယ္ဝေသာ ဂုဏ္ယူဖြယ္ရာ သာယာလွပသည့္ ျပည္နယ္တစ္ခုလည္း ျဖစ္ပါသည္။
မြန္ျပည္နယ္အတြင္း အံ့ခ်ီးဖြယ္ရာ က်ိဳက္ထီးရိုးေစတီ အပါအဝင္ ေရွးေဟာင္းတန္ခိုးႀကီး ဘုရားမ်ားစြာတည္ရွိၿပီး သာသနာျပဳပုဂၢိုလ္ မ်ားႏွင့္ ရွင္အရဟံမေထရ္ျမတ္တို႔က စစ္မွန္ေသာ ဗုဒၶသာသနာေတာ္ တည္တံ့ျပန႔္ပြားထြန္းကားေရးအတြက္ ႀကိဳးပမ္းအားထုတ္နိုင္ခဲ့ၾကသျဖင့္ သုဝဏၰဘူမိေဒသသည္ ဗုဒၶဘာသာ စတင္ထြန္းကားျပန႔္ပြားရာ ေဒသျဖစ္ခဲ့သည္ကိုလည္း သမိုင္း မွတ္တမ္းမ်ား အထင္အရွားရွိခဲ့ပါသည္။
မြန္တိုင္းရင္းသားတို႔၏ ယဥ္ေက်းမႈသည္ တန္ဖိုးမျဖတ္နိုင္ေသာ ေရွးေဟာင္းယဥ္ေက်းမႈ အေမြအႏွစ္မ်ားစြာရွိခဲ့သည့္ လူမ်ိဳးႏြယ္တစ္စုျဖစ္ၿပီး ယခုအခါတြင္ မြန္ျပည္နယ္၌ မြန္၊ ဗမာ၊ ကခ်င္၊ ကရင္၊ ခ်င္း၊ ရခိုင္၊ ရွမ္း၊ ပအိုဝ္း စသည့္တိုင္းရင္းသားျပည္သူ ညီအစ္ကို ေမာင္ႏွမ မ်ားက ေအးေအးခ်မ္းခ်မ္း ညီညီၫြတ္ၫြတ္ျဖင့္ ခ်စ္ၾကည္ရင္းႏွီးစြာ ေနထိုင္လ်က္ ရွိၾကပါသည္။
မြန္တိုင္းရင္းသားမ်ားသည္ ကိုယ္ပိုင္စာေပ၊ ကိုယ္ပိုင္ယဥ္ေက်းမႈ၊ ကိုယ္ပိုင္ဘာသာစကားတို႔ျဖင့္ ေရွးႏွစ္ေပါင္းမ်ားစြာကတည္းက ေနထိုင္ခဲ့ၾကသူမ်ားျဖစ္ၿပီး သမိန္ဗရမ္း၊ လဂြန္းအိမ္ႏွင့္ အဲမြန္ဒယာ ကဲ့သို႔ေသာ သူရဲေကာင္းမ်ား ေပၚထြန္းခဲ့သည့္ ေဒသျဖစ္ေၾကာင္း ေတြ႕ရွိခဲ့ရပါသည္။
ျပည္ေထာင္စုသမၼတျမန္မာနိုင္ငံေတာ္ႀကီး၏ ေနရာေဒသ အသီးသီးတြင္ တိုင္းရင္းသား လူမ်ိဳးေပါင္းစုံ ႏွစ္ေပါင္းရာႏွင့္ခ်ီ၍ ခ်စ္ၾကည္ရင္းႏွီးစြာ ေအးအတူပူအမွ် အတူတကြ ေနထိုင္ခဲ့ၾက ေသာ္လည္း နယ္ခ်ဲ့တို႔၏မတရားသျဖင့္ က်ဴးေက်ာ္သိမ္းပိုက္မႈေၾကာင့္ ႏွစ္ေပါင္း (၁၀၀) ေက်ာ္ ကိုလိုနီကြၽန္ဘဝေရာက္ခဲ့ရပါသည္။ နယ္ခ်ဲ့တို႔သည္ မိမိတို႔နိုင္ငံ၏ ကြၽန္းသစ္၊ ေရနံ၊ ေက်ာက္မ်က္ရတနာ၊ တြင္းထြက္သတၱဳ စသည့္သဘာဝအရင္းအျမစ္မ်ားကို ထုတ္ယူ၍ ကုပ္ေသြးစုပ္ ျခယ္လွယ္အျမတ္ထုတ္ခဲ့ၾကပါသည္။
ထိုကဲ့သို႔ နိုင္ငံေရး၊ စီးပြားေရး၊ လူမႈေရးဘက္ေပါင္းစုံမွ နာလန္မထူနိုင္ေအာင္ ဖိႏွိပ္ထိန္းခ်ဳပ္ ခဲ့သည့္ ကိုလိုနီကြၽန္ဘဝမွ လြတ္ေျမာက္ရန္အတြက္ ျပည္ေထာင္စုဖြား တိုင္းရင္းသား ညီအစ္ကို ေမာင္ႏွမမ်ားက အသက္ေသြးေခြၽးေျမာက္ျမားစြာ စေတးၿပီး တြန္းလွန္တိုက္ပြဲဝင္ကာ လြတ္လပ္ေရးျပန္လည္ရရွိေအာင္ ႀကိဳးပမ္းခဲ့ၾကပါသည္။
တိုင္းရင္းသားအားလုံး၏ စည္းလုံးညီၫြတ္မႈအင္အားျဖင့္ နယ္ခ်ဲ့တို႔ကို တြန္းလွန္တိုက္ပြဲဝင္ခဲ့ ရာတြင္ မြန္အမ်ိဳးသား တိုင္းရင္းသား ေခါင္းေဆာင္မ်ားလည္း ျပည္ေထာင္စုစိတ္ဓာတ္ အျပည့္ျဖင့္ ပါဝင္ႀကိဳးပမ္းေဆာင္႐ြက္ခဲ့ၾကသည္ကို လြတ္လပ္ေရးႀကိဳးပမ္းမႈသမိုင္းတြင္ ဂုဏ္ယူဖြယ္ရာ အထင္အရွားေတြ႕ရွိရပါသည္။
သို႔ရာတြင္ လြတ္လပ္ေရးရၿပီးေနာက္ပိုင္းမွစ၍ ကိုလိုနီစနစ္၏ အေမြဆိုးေၾကာင့္ ညီအစ္ကို အခ်င္းခ်င္းၾကား နိုင္ငံေရးအယူဝါဒ မတူညီမႈမ်ားႏွင့္ သံသယမ်ားျဖင့္ ေဆြးႏြေးညွိႏွိုင္း ေျဖရွင္းျခင္း မျပဳနိုင္ၾကဘဲ လက္နက္ႏွင့္ေျဖရွင္းၾကသည့္အတြက္ ျပည္တြင္းလက္နက္ကိုင္ ပဋိပကၡမ်ား ကာလရွည္ၾကာၿပီး ၿငိမ္းခ်မ္းေရးႏွင့္ အလွမ္းေဝးခဲ့ရပါသည္။ သို႔ေသာ္လည္း မြန္ျပည္နယ္ရွိ မြန္တိုင္းရင္းသားတို႔၏ စည္းလုံး ညီၫြတ္မႈျဖင့္ ၂၀၁၈ ခုႏွစ္၊ ေဖေဖာ္ဝါရီလ (၁၃) ရက္ေန႕တြင္ မြန္ျပည္သစ္ပါတီက တစ္နိုင္ငံလုံး ပစ္ခတ္တိုက္ခိုက္မႈရပ္စဲေရး သေဘာတူစာခ်ဳပ္ (NCA) ကို လက္မွတ္ေရးထိုးခဲ့ၿပီး မြန္ျပည္နယ္၏ ၿငိမ္းခ်မ္းေရးသမိုင္းမွတ္တိုင္သစ္ စိုက္ထူ နိုင္ခဲ့သည့္အတြက္ အထူးဝမ္းေျမာက္မိပါသည္။
ေရွ႕ဆက္လက္၍လည္း မြန္တိုင္းရင္းသား ညီအစ္ကိုေမာင္ႏွမမ်ား အားလုံးအေနျဖင့္လည္း ျပည္ေထာင္စုဖြား တိုင္းရင္းသားအခ်င္းခ်င္း တစ္ဦးႏွင့္တစ္ဦးနားလည္မႈ၊ သည္းခံခြင့္လႊတ္မႈ၊ ယုံၾကည္ ေလးစားမႈမ်ားကို ယခုထက္ပိုမို တိုးျမႇင့္တည္ေဆာက္ၾကပါရန္ တိုက္တြန္းမွာ လိုပါသည္။
ခ်စ္ၾကည္ေလးစားအပ္ပါေသာ မြန္ျပည္နယ္အတြင္းရွိ တိုင္းရင္းသား မိဘျပည္သူညီအစ္ကို ေမာင္ႏွမမ်ားခင္ဗ်ား –
တိုင္းရင္းသားေပါင္းမ်ားစြာႏွင့္ တည္ေဆာက္ထားသည့္ ျပည္ေထာင္စုႀကီး၏ ဂုဏ္ယူ တန္ဖိုးထားရေသာ ရိုးရာယဥ္ေက်းမႈ အစဥ္အလာ အေလ့အက်င့္ေကာင္းမ်ားကို ေလ့လာ သတိရရွိေစမည့္ ယခုလို အထိမ္းအမွတ္အခမ္းအနားမ်ားသည္ ျပည္ေထာင္စု စိတ္ဓာတ္ကို ျမႇင့္တင္ေပးၿပီး မိမိတို႔နိုင္ငံေတာ္၏ စည္းလုံးညီၫြတ္မႈအင္အားမ်ားကို ပိုမိုရွင္သန္ခိုင္မာ ေစမည္ဟု ယုံၾကည္ပါသည္။
ဤကဲ့သို႔ ရရွိၿပီးေသာ အေျခအေနေကာင္းမ်ားကို ပိုမိုဖြံ႕ၿဖိဳးေစၿပီး အေလးအျမတ္ထားရသည့္ ျပည္ေထာင္စုစိတ္ဓာတ္ျဖင့္ နိုင္ငံေတာ္ ဖြံ႕ၿဖိဳးတိုးတက္ေရးအတြက္ မြန္ျပည္နယ္အတြင္းရွိ တိုင္းရင္းသားမိဘ ျပည္သူအားလုံးက စည္းလုံးညီၫြတ္စြာျဖင့္ ပူးေပါင္းပါဝင္ေဆာင္႐ြက္ၾကရန္ လိုအပ္ပါသည္။
မြန္ျပည္နယ္၏ အေျခခံေကာင္းမ်ားျဖစ္သည့္ သဘာဝအရင္းအျမစ္မ်ားႏွင့္ ေျမေပၚေျမေအာက္ သယံဇာတမ်ား ႂကြယ္ဝျခင္း၊ ျမတ္ဗုဒၶ၏ သာသနာထြန္းလင္းေတာက္ပရာေဒသျဖစ္ျခင္း၊ မြန္၊ တိုင္းရင္းသားတို႔၏ ရွည္လ်ားလွေသာ သမိုင္းစဥ္ႏွင့္ အဆင့္ျမင့္သည့္ ယဥ္ေက်းမႈ အေမြအႏွစ္ မ်ားစြာရွိျခင္း၊ ပင္လယ္ျပင္ႏွင့္ ပင္လယ္ကမ္းရိုး တန္းဧရိယာမ်ားႏွင့္ ထိစပ္ေနျခင္းတို႔ေၾကာင့္ ထာဝရၿငိမ္းခ်မ္းေရးရရွိျခင္းျဖင့္ ဆယ္စုႏွစ္အတြင္း အရွိန္အဟုန္ျဖင့္ တိုးတက္လာနိုင္ သည့္ အလားအလာေကာင္းမ်ား ေတြ႕ျမင္ေနရၿပီျဖစ္ပါသည္။
အလားတူစြာ မြန္ျပည္နယ္အတြင္း နိုင္ငံေတာ္၏အစီအမံျဖင့္ နိုင္ငံတကာအဆင့္မီ အျပည္ျပည္ဆိုင္ရာ ေလယာဥ္ကြင္းႏွင့္ အျပည္ျပည္ဆိုင္ရာ ဆိပ္ကမ္းမ်ားကိုပါ စီမံကိန္းမ်ား ခ်မွတ္၍ အေကာင္အထည္ေဖာ္ေဆာင္႐ြက္လ်က္ရွိရာ ျပည္နယ္သူ/ ျပည္နယ္ သားတို႔၏ပါဝင္မႈ စြမ္းအားျဖင့္ တက္ညီလက္ညီတည္ေဆာက္ျခင္းျဖင့္ မြန္ျပည္နယ္၏ ဖြံ႕ၿဖိဳးတိုးတက္မႈ ေမွ်ာ္လင့္ခ်က္ကို ရယူခံစားနိုင္ေတာ့ မည္ျဖစ္ပါသည္။
သို႔ျဖစ္ရာ ရရွိၿပီးေသာ အေျခအေနေကာင္းမ်ားကို အေျခခိုင္ေစရန္ႏွင့္ ၎မွတစ္ဆင့္ နိုင္ငံေတာ္ ႏွင့္ နိုင္ငံသားတို႔၏ အက်ိဳးစီးပြား၊ ေဒသႏွင့္ ေဒသေနျပည္သူမ်ား၏ လူမႈအက်ိဳးစီးပြားမ်ား တိုးတက္ျဖစ္ထြန္းျမင့္မားေစရန္တို႔အတြက္ ျပည္ေထာင္စုစိတ္ဓာတ္ျဖင့္ က်ရာ အခန္းက႑မွ တက္ႂကြစြာ ပါဝင္ေဆာင္႐ြက္ၾကပါရန္ ယခုကဲ့သို႔ေပးပို႔ေသာ ေန႕ထူးေန႕ျမတ္အခါသမယတြင္ မြန္ျပည္နယ္အတြင္းရွိ တိုင္းရင္းသားျပည္သူအားလုံးကို အေလးအနက္ တိုက္တြန္းအပ္ပါသည္။
အမွန္စင္စစ္ ကြၽန္ေတာ္တို႔ တိုင္းရင္းသားျပည္သူတစ္ရပ္လုံး၏ ပကတိလိုအပ္ခ်က္သည္ ဥပေဒႏွင့္အညီ ေအးေအးခ်မ္းခ်မ္းေနထိုင္ လုပ္ကိုင္စားေသာက္ၿပီး စိတ္ခ်မ္းသာ၊ ကိုယ္ခ်မ္းသာႏွင့္ ဘဝဖြံ႕ၿဖိဳးတိုးတက္ေရးပင္ ျဖစ္ပါသည္။ နိုင္ငံေတာ္အေနျဖင့္ ျပည္သူလူထု၏ ပကတိလိုအပ္ခ်က္ကို ျဖည့္ဆည္းေပးနိုင္ရန္ႏွင့္ တိုင္းရင္းသားညီေနာင္မ်ားအားလုံး တန္းတူ ခံစားနိုင္မည့္ ေရရွည္တည္တံ့ခိုင္ၿမဲၿပီး ဟန္ခ်က္ညီေသာ ဖြံ႕ၿဖိဳးတိုးတက္မႈမ်ား ေဖာ္ေဆာင္ နိုင္ရန္အတြက္ အမ်ိဳးသား စည္းလုံးညီၫြတ္ေရးႏွင့္ ျပည္ေထာင္စုၿငိမ္းခ်မ္းေရးကို ခိုင္မာသည့္ သႏၷိ႒ာန္ျဖင့္ ႀကိဳးပမ္းေဆာင္႐ြက္လ်က္ရွိပါသည္။
အတိတ္သမိုင္း၏ လြတ္လပ္ေရးႀကိဳးပမ္းမႈတြင္ ျပည္ေထာင္စု စိတ္ဓာတ္သည္ အရင္းခံျဖစ္သလို ဒီမိုကေရစီႏွင့္ ဖက္ဒရယ္စနစ္ကို အေျခခံသည့္ အနာဂတ္ျပည္ေထာင္စုႀကီး တည္ေဆာက္ေရး ၏ အေျခခံအုတ္ျမစ္မွာလည္း ျပည္ေထာင္စုစိတ္ဓာတ္ပင္ ျဖစ္ပါသည္။
တိုင္းရင္းသားညီအစ္ကိုေမာင္ႏွမမ်ားအားလုံး တစ္ေျမတည္းေန၊ တစ္ေရတည္းသုံး၊ ဒို႔အားလုံး သည္ ေသြးခ်င္းညီအစ္ကိုမ်ားဟူသည့္ စိတ္၊ ေတာင္ေပၚေျမျပန႔္မခြဲျခား၊ ဒို႔အားလုံးသည္ သားခ်င္းမ်ားဟူသည့္ စိတ္၊ မရွိအတူ ရွိအတူ၊ ေအးအတူပူအမွ်ဥမကြဲသိုက္မပ်က္ အတူတကြ ရင္းႏွီးခ်စ္ၾကည္စြာ ေနထိုင္ၾကသည့္ မိသားစုမ်ားဟူသည့္ စိတ္၊ တိုင္းရင္းသားအခ်င္းခ်င္း အျပန္အလွန္ ခ်စ္ခင္ေလးစား ယုံၾကည္မႈျဖင့္ စည္းလုံးညီၫြတ္သည့္ျပည္ေထာင္စုႀကီး တည္ေဆာက္မည္ဟူေသာ ခိုင္မာသည့္သႏၷိ႒ာန္စိတ္တို႔ျဖင့္ စစ္မွန္ေသာ ျပည္ေထာင္စု စိတ္ဓာတ္ကို ခိုင္မာသည္ထက္ ခိုင္မာေအာင္ တည္ေဆာက္သြားၾကရမည္ျဖစ္ပါသည္။
နိဂုံးခ်ဳပ္အေနျဖင့္ (၄၈)ႏွစ္ေျမာက္ မြန္ျပည္နယ္ေန႕ အထိမ္း အမွတ္အခမ္းအနားေန႕တြင္ –
– ဂုဏ္ယူဝင့္ႂကြားဖြယ္ရာ အေမြအႏွစ္မ်ား၊ ဓေလ့ထုံးစံမ်ားကို ေလးစားလိုက္နာၿပီး အမ်ိဳးသားယဥ္ေက်းမႈစရိုက္လကၡဏာမ်ား မေပ်ာက္ပ်က္ေအာင္ ဆက္လက္ထိန္းသိမ္း ေစာင့္ေရွာက္နိုင္ၾကပါေစ၊
– မြန္ေဒသအတြင္းရွိ တိုင္းရင္းသားမ်ားအပါအဝင္ နိုင္ငံသားတိုင္း စစ္မွန္ေသာ ျပည္ေထာင္စု စိတ္ဓာတ္ျဖင့္ ျပည္ေထာင္စု အက်ိဳးကို ဆတက္ထမ္းပိုးသယ္ပိုးနိုင္ၾကပါေစ၊
– မြန္တိုင္းရင္းသားမ်ားသည္ လြတ္လပ္ေရးႀကိဳးပမ္းမႈသမိုင္းတြင္ တက္ႂကြစြာပါဝင္ခဲ့သည့္ နည္းတူ ဆက္လက္ေဆာင္႐ြက္မည့္ ဒီမိုကေရစီႏွင့္ ဖက္ဒရယ္စနစ္ကို အေျခခံသည့္ ျပည္ေထာင္စုႀကီး ထူေထာင္နိုင္ေရးတြင္လည္း အားသြန္ခြန္စိုက္ ဆက္လက္ပါဝင္ေဆာင္႐ြက္ နိုင္ပါေစ၊
– ျပည္နယ္အက်ိဳး၊ ျပည္နယ္သားမ်ား၏အက်ိဳး၊ နိုင္ငံအက်ိဳး၊ နိုင္ငံသားမ်ား၏အက်ိဳး ပိုမိုတိုးတက္ျမင့္မားရေလေအာင္ သယ္ပိုးနိုင္သူမ်ား ျဖစ္ၾကပါေစေၾကာင္း၊ ဆုမြန္ေကာင္း ေတာင္းရင္းျဖင့္ ဂုဏ္ျပဳသဝဏ္လႊာ ေပးပို႔အပ္ပါသည္။
ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လွိုင္
နိုင္ငံေတာ္ဝန္ႀကီးခ်ဳပ္
ဥကၠ႒၊ နိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီ
Recent Comments