လူ ၅ ဦး လိုက်ပါစီးနင်းနိုင်ပြီး မြို့တွင်းရော နယ်ဝေးပါ အသုံးပြုနိုင်တဲ့ ၂၀၁၉ မော်ဒယ်လ် KSD အမှတ်တံဆိပ် ဘက်ထရီစွမ်းအင်သုံး လျှပ်စစ်ကားများကို ရန်ကုန်မြို့ ရွှေပြည်သာမြို့နယ် သာဓုကန်စက်မှုဇုန်ရှိ ခိုင်ခိုင်ဆန်းဒါးအုပ်စု လီမိတက် မှ ဈေးကွက်အတွင်းသို့ စတင်ဖြန့်ဖြူးရောင်းချလိုက်ပြီဖြစ်ကြောင်း သိရပါတယ်။
.
လက်ရှိမှာ KSDV1-NE1 နဲ့ KSDV1-NE2 ဆိုပြီး မော်ဒယ်နှစ်မျိုး ထုတ်လုပ်ထားကာ KSDV1-NE1 မော်ဒယ်မှာ မြို့တွင်းသွားလာဖို့ ရည်ရွယ်ထုတ်လုပ်ထားတာဖြစ်ပြီး နယ်ဝေးသွားလာမယ့်သူများအတွက် KSDV1-NE2 မော်ဒယ်ကို ရွေးချယ်ဝယ်ယူနိုင်မှာဖြစ်ပါတယ်။
အဆိုပါကားများမှာ လီသီယမ် ဘက်ထရီအမျိုးအစားကို တပ်ဆင်ထားပြီး အာမခံ ၅ နှစ်ပေးထားကာ NE1 မော်ဒယ်မှာ ဘက်ထရီ အားသွင်းချိန် ၈ နာရီ ကြာမြင့်မှာဖြစ်သလို ခရီးအကွာအဝေး ကီလိုမီတာ ၁၈၀ မှ ၂၀၀ ကြား မောင်းနှင်နိုင်မှာဖြစ်ပါတယ်။ တစ်နာရီကို ကီလိုမီတာ ၆၀ နှုန်းထိ မောင်းနှင်နိုင်ပြီး ၂၀၀ စီစီ အရေးပေါ်အားသွင်း မီးစက်လည်း ပါဝင်တယ်လို့ဆိုပါတယ်။
၎င်းကားရဲ့အရောင်ကို အဖြူရောင်တစ်မျိုးတည်းသာထုတ်လုပ်ထားပြီး စက်ရုံဈေး ၁၀၃ သိန်းဖြင့် ဝယ်ယူနိုင်မှာဖြစ်ပါတယ်။
ခရီးဝေးသွားလာနိုင်တဲ့ NE2 မော်ဒယ်မှာတော့ ဘက်ထရီအားသွင်းချိန် ၅ နာရီကြာမြင့်မှာဖြစ်ပြီး ကီလိုမီတာ ၁၀၀ အထိ မောင်းနှင်နိုင်ကာ ဘက်ထရီကို ၇၆၆ စီစီအားသွင်းမီးစက်ဖြင့် အားဖြည့်ပြီး ဆက်လက်မောင်းနှင်နိုင်ကာ အမြန်နှုန်း တစ်နာရီ ၈၀ ကီလိုမီတာနဲ့ မောင်းနှင်နိုင်မှာဖြစ်တယ်လို့ သိရပါတယ်။
၎င်းကားရဲ့အရောင်မှာ တစ်စီးလုံးအဖြူရောင် ဖြစ်သော်လည်း အရှေ့ပိုင်းမှာ အနက်ရောက်ဖြစ်ပြီး စက်ရုံဈေး ၁၁၆ သိန်းနဲ့ ရောင်းချလျှက်ရှိကာ ပြင်ပမှာ လက်ရှိပေါက်ဈေး သိန်း ၂၀၀ ထိ ရှိနေတယ်လို့ ဆိုပါတယ်။
မော်တော်ယာဉ်အမျိုးအစား နှစ်ခုစလုံးမှာ တပ်ဆင်ထားတဲ့ ဘက်ထရီများကို အိမ်သုံးလျှပ်စစ်မီးနဲ့ လွယ်ကူစွာအားသွင်းနိုင်ကြောင်းသိရပြီး ခိုင်ခိုင်ဆန်းဒါး ကုမ္ပဏီအနေနဲ့ နောက်ပိုင်းမှာ တစ်လကို ယာဉ်အစီးရေ ၅၀၀ အထိ ထုတ်လုပ်သွားဖို့ ရည်ရွယ်ထားသလို ဆလွန်းအမျိုးအစားကားများကိုလည်း ထပ်မံထုတ်လုပ်သွားမှာဖြစ်ကြောင်း သိရပါတယ်။
#mhtnews
(Zawgyi)
“ၿမိဳ႕တြင္းေရာ နယ္ေဝးပါအသုံးျပဳနိုင္မည့္ သိန္း ၁၀၀ေက်ာ္တန္ ဘက္ထရီစြမ္းအင္သုံး လွ်ပ္စစ္ကားမ်ား ေဈးကြက္အတြင္း စတင္ဝယ္ယူနိုင္ၿပီ”
လူ ၅ ဦး လိုက္ပါစီးနင္းနိုင္ၿပီး ၿမိဳ႕တြင္းေရာ နယ္ေဝးပါ အသုံးျပဳနိုင္တဲ့ ၂၀၁၉ ေမာ္ဒယ္လ္ KSD အမွတ္တံဆိပ္ ဘက္ထရီစြမ္းအင္သုံး လွ်ပ္စစ္ကားမ်ားကို ရန္ကုန္ၿမိဳ႕ ေ႐ႊျပည္သာၿမိဳ႕နယ္ သာဓုကန္စက္မႈဇုန္ရွိ ခိုင္ခိုင္ဆန္းဒါးအုပ္စု လီမိတက္ မွ ေဈးကြက္အတြင္းသို႔ စတင္ျဖန႔္ျဖဴးေရာင္းခ်လိဳက္ၿပီျဖစ္ေၾကာင္း သိရပါတယ္။
.
လက္ရွိမွာ KSDV1-NE1 နဲ႕ KSDV1-NE2 ဆိုၿပီး ေမာ္ဒယ္ႏွစ္မ်ိဳး ထုတ္လုပ္ထားကာ KSDV1-NE1 ေမာ္ဒယ္မွာ ၿမိဳ႕တြင္းသြားလာဖို႔ ရည္႐ြယ္ထုတ္လုပ္ထားတာျဖစ္ၿပီး နယ္ေဝးသြားလာမယ့္သူမ်ားအတြက္ KSDV1-NE2 ေမာ္ဒယ္ကို ေ႐ြးခ်ယ္ဝယ္ယူနိုင္မွာျဖစ္ပါတယ္။
အဆိုပါကားမ်ားမွာ လီသီယမ္ ဘက္ထရီအမ်ိဳးအစားကို တပ္ဆင္ထားၿပီး အာမခံ ၅ ႏွစ္ေပးထားကာ NE1 ေမာ္ဒယ္မွာ ဘက္ထရီ အားသြင္းခ်ိန္ ၈ နာရီ ၾကာျမင့္မွာျဖစ္သလို ခရီးအကြာအေဝး ကီလိုမီတာ ၁၈၀ မွ ၂၀၀ ၾကား ေမာင္းႏွင္နိုင္မွာျဖစ္ပါတယ္။ တစ္နာရီကို ကီလိုမီတာ ၆၀ ႏႈန္းထိ ေမာင္းႏွင္နိုင္ၿပီး ၂၀၀ စီစီ အေရးေပၚအားသြင္း မီးစက္လည္း ပါဝင္တယ္လို႔ဆိုပါတယ္။
၎ကားရဲ႕အေရာင္ကို အျဖဴေရာင္တစ္မ်ိဳးတည္းသာထုတ္လုပ္ထားၿပီး စက္႐ုံေဈး ၁၀၃ သိန္းျဖင့္ ဝယ္ယူနိုင္မွာျဖစ္ပါတယ္။
ခရီးေဝးသြားလာနိုင္တဲ့ NE2 ေမာ္ဒယ္မွာေတာ့ ဘက္ထရီအားသြင္းခ်ိန္ ၅ နာရီၾကာျမင့္မွာျဖစ္ၿပီး ကီလိုမီတာ ၁၀၀ အထိ ေမာင္းႏွင္နိုင္ကာ ဘက္ထရီကို ၇၆၆ စီစီအားသြင္းမီးစက္ျဖင့္ အားျဖည့္ၿပီး ဆက္လက္ေမာင္းႏွင္နိုင္ကာ အျမန္ႏႈန္း တစ္နာရီ ၈၀ ကီလိုမီတာနဲ႕ ေမာင္းႏွင္နိုင္မွာျဖစ္တယ္လို႔ သိရပါတယ္။
၎ကားရဲ႕အေရာင္မွာ တစ္စီးလုံးအျဖဴေရာင္ ျဖစ္ေသာ္လည္း အေရွ႕ပိုင္းမွာ အနက္ေရာက္ျဖစ္ၿပီး စက္႐ုံေဈး ၁၁၆ သိန္းနဲ႕ ေရာင္းခ်လွ်က္ရွိကာ ျပင္ပမွာ လက္ရွိေပါက္ေဈး သိန္း ၂၀၀ ထိ ရွိေနတယ္လို႔ ဆိုပါတယ္။
ေမာ္ေတာ္ယာဥ္အမ်ိဳးအစား ႏွစ္ခုစလုံးမွာ တပ္ဆင္ထားတဲ့ ဘက္ထရီမ်ားကို အိမ္သုံးလွ်ပ္စစ္မီးနဲ႕ လြယ္ကူစြာအားသြင္းနိုင္ေၾကာင္းသိရၿပီး ခိုင္ခိုင္ဆန္းဒါး ကုမၸဏီအေနနဲ႕ ေနာက္ပိုင္းမွာ တစ္လကို ယာဥ္အစီးေရ ၅၀၀ အထိ ထုတ္လုပ္သြားဖို႔ ရည္႐ြယ္ထားသလို ဆလြန္းအမ်ိဳးအစားကားမ်ားကိုလည္း ထပ္မံထုတ္လုပ္သြားမွာျဖစ္ေၾကာင္း သိရပါတယ္။
#mhtnews
Recent Comments