၂၀၂၂ ခုနှစ်၊ မတ်လ ၄ ရက် နံနက် ၈ နာရီခွဲခန့်အချိန်တွင် မကွေးတိုင်းဒေသကြီး၊ မြိုင်မြို့နယ်၊ ရွာတန်းရှည်ကျေးရွာအုပ်စု၊ ချောင်းနားတိုက် ကျေးရွာနေ ဦးအောင်မျိုး( ၂၀ နှစ်)၊ (ဘ)ဦးဝင်းဆောင် သည် ၎င်းဇနီး၏ မိဘများနေထိုင်ရာ ဇီးတောတိုက်ကျေးရွာများသို့ အလည်ရောက်ရှိနေစဉ် မျက်နှာတွင် Mask များတပ်ဆင်ထားသော PDF အကြမ်းဖက်သမား ၂ ဦး နေအိမ်ခြံဝန်းအတွင်းရောက်ရှိလာပြီး အိမ်ရှေ့ကုလားထိုင်တွင် ထိုင်နေသည့် ဦးအောင်မျိုးအား လက်နှစ်ဖက်ဦးခေါင်းပေါ်တင်ခိုင်း၍ သေနတ်ဖြင့် ၂ ချက် ပစ်ခတ်ပြီး ပြန်လည်ထွက်ခွာ သွားကြောင်းသိရသည်။ အဆိုပါပစ်ခတ်မှုကြောင့် ဦးအောင်မျိုး၏ ဦးခေါင်းတွင် ဒဏ်ရာများ ရရှိခဲ့ပြီး သက်ဆိုင်ရာပြည်သူ့ဆေးရုံသို့ပို့ဆောင်၍ ဆေးကုသမှုဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
အလားတူ ၂၀၂၂ ခုနှစ်၊ မတ်လ ၅ ရက် နံနက် ၄ နာရီခန့်အချိန်တွင် မကွေးတိုင်းဒေသကြီး၊ ပေါက်မြို့နယ်၊ ဆပန်ကျေးရွာအုပ်စု၊ ရွှေဘုံသာကျေးရွာနေ ဦးခင်ဝင်း( ၆၆ နှစ်)(ဘ) ဦးမြတ်ကွင်းအား နေအိမ်၏ တောင်ဘက် ပန်းဘဲဖိုတွင် အိပ်နေစဉ် မော်တော်ယာဉ် ၂ စီးဖြင့် PDF အကြမ်းဖက်သမား ၂၀ ဦးခန့်မှ မောင်းပြန်၊ တူမီးသေနတ်များ ကိုင်ဆောင်ရောက်ရှိလာပြီး ဒလန်ဟု စွပ်စွဲကာ မောင်းပြန်သေနတ်ဖြင့် ၁ ချက်ပစ်ခတ်၍ ဦးခင်ဝင်းမှာ ရရှိဒဏ်ရာဖြင့် ဖြစ်စဉ်နေရာတွင် သေဆုံးခဲ့ကြောင်းနှင့် အကြမ်းဖက်သမားများ ရွှေဘုံသာ-ဆပန်-ချောင်းဝ လမ်းအတိုင်း ချောင်းဝ ကျေးရွာဘက်သို့ ပြန်လည်ထွက်ခွာသွားကြောင်း သိရသည်။
အလားတူ ၂၀၂၂ ခုနှစ်၊ မတ်လ ၅ ရက် နံနက် ၁၀ နာရီခန့်အချိန်တွင် မကွေးတိုင်းဒေသကြီး၊ မြိုင်မြို့နယ်၊ နှင်းဆီကန်ကျေးရွာအုပ်စု၊ သရက်ကန်ကျေးရွာနေ ဦးဟန်ဝင်းအောင် (၄၅) နှစ် (ဘ)ဦးဖိုးတုတ် နှင့် ဦးသိန်း( ၄၄) နှစ်(ဘ)ဦးငွေသောင်း တို့ နှစ်ဦးသည် ကန်ကလေးကျေးရွာသို့ ဆိုင်ကယ်ဆီဝယ်ရန် သွားရောက်ခဲ့ပြီးအပြန်တွင် သရက်ကန်ကျေးရွာနှင့် ကန်ကလေး ကျေးရွာကြားသို့ ရောက်ရှိစဉ် PDF အကြမ်းဖက်သမား ၂ ဦးမှ ဆိုင်ကယ်တစ်စီးဖြင့် နောက်မှလိုက်၍ သေနတ်ဖြင့် ပစ်ခတ်သွားကြောင်းသိရသည်။ ပစ်ခတ်မှုကြောင့် ဦးဟန်ဝင်းအောင်သည် လည်ဂုတ်ပြတ်ရှဒဏ်ရာ ၁ ချက်၊ ဝဲနောက်စေ့ကျည်ဖောက်ဝင်ဒဏ်ရာ ၁ ချက်ဖြင့် ဖြစ်စဉ်နေရာတွင် သေဆုံးခဲ့ပြီး၊ ဦးရာသိန်းသည် ဝဲဂျိုစောင်းဖောက်ဝင်ဒဏ်ရာ (စိုးရိမ်ရ) ၁ ချက် ရရှိခဲ့၍ သက်ဆိုင်ရာ ပြည်သူ့ဆေးရုံသို့ပို့ဆောင်၍ ဆေးကုသမှုဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
(ZAWGYI)
“ၿမိဳင္ၿမိဳ႕နယ္ႏွင့္ ေပါက္ၿမိဳ႕နယ္အတြင္းရွိ ေက်း႐ြာမ်ားမွ အျပစ္မဲ့ ျပည္သူမ်ားအား PDF အၾကမ္းဖက္သမားမ်ားမွ အေၾကာင္းမဲ့ရက္စက္စြာသတ္ျဖတ္”
၂၀၂၂ ခုႏွစ္၊ မတ္လ ၄ ရက္ နံနက္ ၈ နာရီခြဲခန႔္အခ်ိန္တြင္ မေကြးတိုင္းေဒသႀကီး၊ ၿမိဳင္ၿမိဳ႕နယ္၊ ႐ြာတန္းရွည္ေက်း႐ြာအုပ္စု၊ ေခ်ာင္းနားတိုက္ ေက်း႐ြာေန ဦးေအာင္မ်ိဳး( ၂၀ ႏွစ္)၊ (ဘ)ဦးဝင္းေဆာင္ သည္ ၎ဇနီး၏ မိဘမ်ားေနထိုင္ရာ ဇီးေတာတိုက္ေက်း႐ြာမ်ားသို႔ အလည္ေရာက္ရွိေနစဥ္ မ်က္ႏွာတြင္ Mask မ်ားတပ္ဆင္ထားေသာ PDF အၾကမ္းဖက္သမား ၂ ဦး ေနအိမ္ၿခံဝန္းအတြင္းေရာက္ရွိလာၿပီး အိမ္ေရွ႕ကုလားထိုင္တြင္ ထိုင္ေနသည့္ ဦးေအာင္မ်ိဳးအား လက္ႏွစ္ဖက္ဦးေခါင္းေပၚတင္ခိုင္း၍ ေသနတ္ျဖင့္ ၂ ခ်က္ ပစ္ခတ္ၿပီး ျပန္လည္ထြက္ခြာ သြားေၾကာင္းသိရသည္။ အဆိုပါပစ္ခတ္မႈေၾကာင့္ ဦးေအာင္မ်ိဳး၏ ဦးေခါင္းတြင္ ဒဏ္ရာမ်ား ရရွိခဲ့ၿပီး သက္ဆိုင္ရာျပည္သူ႕ေဆး႐ုံသို႔ပို႔ေဆာင္၍ ေဆးကုသမႈေဆာင္႐ြက္ေပးလ်က္ရွိေၾကာင္း သိရသည္။
အလားတူ ၂၀၂၂ ခုႏွစ္၊ မတ္လ ၅ ရက္ နံနက္ ၄ နာရီခန႔္အခ်ိန္တြင္ မေကြးတိုင္းေဒသႀကီး၊ ေပါက္ၿမိဳ႕နယ္၊ ဆပန္ေက်း႐ြာအုပ္စု၊ ေ႐ႊဘုံသာေက်း႐ြာေန ဦးခင္ဝင္း( ၆၆ ႏွစ္)(ဘ) ဦးျမတ္ကြင္းအား ေနအိမ္၏ ေတာင္ဘက္ ပန္းဘဲဖိုတြင္ အိပ္ေနစဥ္ ေမာ္ေတာ္ယာဥ္ ၂ စီးျဖင့္ PDF အၾကမ္းဖက္သမား ၂၀ ဦးခန႔္မွ ေမာင္းျပန္၊ တူမီးေသနတ္မ်ား ကိုင္ေဆာင္ေရာက္ရွိလာၿပီး ဒလန္ဟု စြပ္စြဲကာ ေမာင္းျပန္ေသနတ္ျဖင့္ ၁ ခ်က္ပစ္ခတ္၍ ဦးခင္ဝင္းမွာ ရရွိဒဏ္ရာျဖင့္ ျဖစ္စဥ္ေနရာတြင္ ေသဆုံးခဲ့ေၾကာင္းႏွင့္ အၾကမ္းဖက္သမားမ်ား ေ႐ႊဘုံသာ-ဆပန္-ေခ်ာင္းဝ လမ္းအတိုင္း ေခ်ာင္းဝ ေက်း႐ြာဘက္သို႔ ျပန္လည္ထြက္ခြာသြားေၾကာင္း သိရသည္။
အလားတူ ၂၀၂၂ ခုႏွစ္၊ မတ္လ ၅ ရက္ နံနက္ ၁၀ နာရီခန႔္အခ်ိန္တြင္ မေကြးတိုင္းေဒသႀကီး၊ ၿမိဳင္ၿမိဳ႕နယ္၊ ႏွင္းဆီကန္ေက်း႐ြာအုပ္စု၊ သရက္ကန္ေက်း႐ြာေန ဦးဟန္ဝင္းေအာင္ (၄၅) ႏွစ္ (ဘ)ဦးဖိုးတုတ္ ႏွင့္ ဦးသိန္း( ၄၄) ႏွစ္(ဘ)ဦးေငြေသာင္း တို႔ ႏွစ္ဦးသည္ ကန္ကေလးေက်း႐ြာသို႔ ဆိုင္ကယ္ဆီဝယ္ရန္ သြားေရာက္ခဲ့ၿပီးအျပန္တြင္ သရက္ကန္ေက်း႐ြာႏွင့္ ကန္ကေလး ေက်း႐ြာၾကားသို႔ ေရာက္ရွိစဥ္ PDF အၾကမ္းဖက္သမား ၂ ဦးမွ ဆိုင္ကယ္တစ္စီးျဖင့္ ေနာက္မွလိုက္၍ ေသနတ္ျဖင့္ ပစ္ခတ္သြားေၾကာင္းသိရသည္။ ပစ္ခတ္မႈေၾကာင့္ ဦးဟန္ဝင္းေအာင္သည္ လည္ဂုတ္ျပတ္ရွဒဏ္ရာ ၁ ခ်က္၊ ဝဲေနာက္ေစ့က်ည္ေဖာက္ဝင္ဒဏ္ရာ ၁ ခ်က္ျဖင့္ ျဖစ္စဥ္ေနရာတြင္ ေသဆုံးခဲ့ၿပီး၊ ဦးရာသိန္းသည္ ဝဲဂ်ိဳေစာင္းေဖာက္ဝင္ဒဏ္ရာ (စိုးရိမ္ရ) ၁ ခ်က္ ရရွိခဲ့၍ သက္ဆိုင္ရာ ျပည္သူ႕ေဆး႐ုံသို႔ပို႔ေဆာင္၍ ေဆးကုသမႈေဆာင္႐ြက္ေပးလ်က္ရွိေၾကာင္း သိရသည္။
Recent Comments