မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ နယ်ခြားစောင့်တပ်ဖွဲ့များအကြား တပ်ရင်းမှူးအဆင့် အလံတင် အစည်းအဝေးကို မတ်လ ၂၃ ရက် မြန်မာစံတော်ချိန် ၁၀ နာရီခွဲတွင် ရခိုင်ပြည်နယ် မောင်တောမြို့ လူဝင်/ထွက်စစ်ဆေးရေးစခန်း(POE) ရှိ မောင်တောနယ်စပ် ဆက်ဆံရေးရုံး၌ ကျင်းပသည်။

အစည်းအဝေးသို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့အမှတ်(၁)နယ်ခြားစောင့် ရဲတပ်ဖွဲ့ခွဲမှူး ယာယီ ဒုတိယရဲမှူးကြီး ကျော်နိုင်စိုး ဦးဆောင်သော ကိုယ်စားလှယ် ၁၀ ဦး အဖွဲ့နှင့် အမှတ် (၂) ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်(တက္ကနာ့ဖ်) မှ တပ်ရင်းမှူး Lt. Col. Sheikh Khalid Mohammad Iftekhar ဦးဆောင်သော ကိုယ်စားလှယ် ၁၂ ဦးအဖွဲ့တို့ တက်ရောက်ခဲ့ကြသည်။

အစည်းအဝေးတွင် နှစ်နိုင်ငံနယ်စပ် ဒေသအတွင်း နယ်စပ်ဖြတ်ကျော် မှုခင်းများမဖြစ်ပွားစေရေး၊ တရားမဝင် နယ်စပ်ဖြတ်ကျော် ဝင်ရောက်မှုများကို တားဆီးထိန်းသိမ်းပေးရေး၊ မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေး၊ နယ်စပ်ဒေသလုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေး၊ နှစ်နိုင်ငံနယ်ခြားစောင့် တပ်ဖွဲ့များအကြား အချိန်နှင့်တစ်ပြေးညီ သတင်းဖလှယ်ပေးရေး၊ နယ်စပ်ဒေသနေ ပြည်သူများကို အသိပညာပေးရေး၊ ARSA နှင့် RSO အကြမ်းဖက်အုပ်စုများက နယ်နိမိတ်မျဉ်းကို တရားမဝင် ဖြတ်ကျော်၍ မြန်မာနိုင်ငံအတွင်း ကျူးလွန်သော အကြမ်းဖက် တိုက်ခိုက်မှုဖြစ်စဉ်များကို ဆွေးနွေးခဲ့ကြသည်။

ယင်းနောက် မြန်မာနိုင်ငံ၏ ပြည်တွင်းဥပဒေနှင့်အညီ အရေးယူခဲ့ပြီးဖြစ်သော ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၄၁ ဦးကို အမှတ် (၁)နယ်ခြားစောင့် ရဲတပ်ဖွဲ့ခွဲမှ အမှတ်(၂) ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ် (တက္ကနာ့ဖ်) သို့ လုပ်ထုံးလုပ်နည်းနှင့်အညီ စနစ်တကျ ပြည်နှင်လွှဲပြောင်း ပေးအပ်ခဲ့ကြောင်း သိရသည်။

(Zawgti)

“ျမန္မာ-ဘဂၤလားေဒ့ရွ္ ႏွစ္နိုင္ငံ နယ္ျခားေစာင့္တပ္ဖြဲ႕မ်ားအၾကား တပ္ရင္းမႉးအဆင့္ အလံတင္အစည္းအေဝး က်င္းပ”

ျမန္မာ-ဘဂၤလားေဒ့ရွ္ ႏွစ္နိုင္ငံ နယ္ျခားေစာင့္တပ္ဖြဲ႕မ်ားအၾကား တပ္ရင္းမႉးအဆင့္ အလံတင္ အစည္းအေဝးကို မတ္လ ၂၃ ရက္ ျမန္မာစံေတာ္ခ်ိန္ ၁၀ နာရီခြဲတြင္ ရခိုင္ျပည္နယ္ ေမာင္ေတာၿမိဳ႕ လူဝင္/ထြက္စစ္ေဆးေရးစခန္း(POE) ရွိ ေမာင္ေတာနယ္စပ္ ဆက္ဆံေရး႐ုံး၌ က်င္းပသည္။

အစည္းအေဝးသို႔ ျမန္မာနိုင္ငံရဲတပ္ဖြဲ႕အမွတ္(၁)နယ္ျခားေစာင့္ ရဲတပ္ဖြဲ႕ခြဲမႉး ယာယီ ဒုတိယရဲမႉးႀကီး ေက်ာ္နိုင္စိုး ဦးေဆာင္ေသာ ကိုယ္စားလွယ္ ၁၀ ဦး အဖြဲ႕ႏွင့္ အမွတ္ (၂) ဘဂၤလားေဒ့ရွ္ နယ္ျခားေစာင့္တပ္(တကၠနာ့ဖ္) မွ တပ္ရင္းမႉး Lt. Col. Sheikh Khalid Mohammad Iftekhar ဦးေဆာင္ေသာ ကိုယ္စားလွယ္ ၁၂ ဦးအဖြဲ႕တို႔ တက္ေရာက္ခဲ့ၾကသည္။

အစည္းအေဝးတြင္ ႏွစ္နိုင္ငံနယ္စပ္ ေဒသအတြင္း နယ္စပ္ျဖတ္ေက်ာ္ မႈခင္းမ်ားမျဖစ္ပြားေစေရး၊ တရားမဝင္ နယ္စပ္ျဖတ္ေက်ာ္ ဝင္ေရာက္မႈမ်ားကို တားဆီးထိန္းသိမ္းေပးေရး၊ မူးယစ္ေဆးဝါးအႏၱရာယ္ တားဆီးကာကြယ္ေရး၊ နယ္စပ္ေဒသလုံၿခဳံေရးႏွင့္ တရားဥပေဒစိုးမိုးေရး၊ ႏွစ္နိုင္ငံနယ္ျခားေစာင့္ တပ္ဖြဲ႕မ်ားအၾကား အခ်ိန္ႏွင့္တစ္ေျပးညီ သတင္းဖလွယ္ေပးေရး၊ နယ္စပ္ေဒသေန ျပည္သူမ်ားကို အသိပညာေပးေရး၊ ARSA ႏွင့္ RSO အၾကမ္းဖက္အုပ္စုမ်ားက နယ္နိမိတ္မ်ဥ္းကို တရားမဝင္ ျဖတ္ေက်ာ္၍ ျမန္မာနိုင္ငံအတြင္း က်ဴးလြန္ေသာ အၾကမ္းဖက္ တိုက္ခိုက္မႈျဖစ္စဥ္မ်ားကို ေဆြးႏြေးခဲ့ၾကသည္။

ယင္းေနာက္ ျမန္မာနိုင္ငံ၏ ျပည္တြင္းဥပေဒႏွင့္အညီအေရးယူခဲ့ၿပီးျဖစ္ေသာ ဘဂၤလားေဒ့ရွ္နိုင္ငံသား ၄၁ ဦးကို အမွတ္ (၁)နယ္ျခားေစာင့္ ရဲတပ္ဖြဲ႕ခြဲမွ အမွတ္(၂) ဘဂၤလားေဒ့ရွ္နယ္ျခားေစာင့္တပ္ (တကၠနာ့ဖ္) သို႔ လုပ္ထုံးလုပ္နည္းႏွင့္အညီ စနစ္တက် ျပည္ႏွင္လႊဲေျပာင္း ေပးအပ္ခဲ့ေၾကာင္း သိရသည္။