မြန်မာတပ်မတော်နှင့် ထိုင်းဘုရင့်တပ်မတော် နှစ်ရပ်အကြား ချစ်ကြည်ရင်းနှီးမှု နှင့် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးမြှင့်ပြီး ယဉ်ကျေးမှု အနုပညာများ ဖလှယ်နိုင်ရန် ရည်ရွယ်၍ ထိုင်းနိုင်ငံသို့ သွားရောက်ဖျော်ဖြေခဲ့သည့် မြန်မာ့တပ်မတော်ယဉ်ကျေးမှု အနုပညာအဖွဲ့သည် ယမန်နေ့ဒေသစံတော်ချိန် ညနေ ၅ နာရီ ၅၀ မိနစ်တွင် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှ လေကြောင်းခရီးဖြင့် နေပြည်တော်လေဆိပ်သို့ ပြန်လည်ထွက်ခွာ ကြရာ ထိုင်းဘုရင့်တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး၊ Department of Border Affairs မှ Director ဖြစ်သူ Lt. Gen. Pongtep Gaewchaiyoနှင့် တာဝန်ရှိသူများ၊ ထိုင်းနိုင်ငံဆိုင်ရာမြန်မာသံရုံး သံမှူးကြီး ဦးမော်ဗလ၊ မြန်မာစစ်သံ(ကြည်း၊ ရေ၊လေ) ဗိုလ်မှူးချုပ် ခွန်နေထွန်းဦးတို့က ပို့ဆောင်နှုတ်ဆက်ကြပြီး ညပိုင်းတွင် နေပြည်တော်လေဆိပ်သို့ ရောက်ရှိကြရာ နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ဇော်ဟိန်း၊ တွဲဖက်စစ်ရေးချုပ် ဗိုလ်ချုပ် ဇင်မင်းထက်နှင့် တာဝန်ရှိသူများက လေဆိပ်၌ ကြိုဆိုနှုတ်ဆက်ကြသည်။
အဆိုပါ မြန်မာ့တပ်မတော်ယဉ်ကျေးမှု အနုပညာအဖွဲ့သည် ယမန်နေ့နံနက်ပိုင်းတွင်လည်း ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ Temple of the Emerald Buddha (မြဘုရား)အား သွားရောက်ဖူးမြော်ပြီး The Grand Palace (ထိုင်းဘုရင့်နန်းတော်)ကို သွားရောက် ကြည့်ရှု လေ့လာခဲ့ကြကြောင်း သတင်းရရှိသည်။
(Zawgyi)
“ျမန္မာ့တပ္မေတာ္ယဥ္ေက်းမႈ အႏုပညာအဖြဲ႕ ထိုင္းငံမွ ျပန္လည္ေရာက္ရွိ”
ျမန္မာတပ္မေတာ္ႏွင့္ ထိုင္းဘုရင့္တပ္မေတာ္ ႏွစ္ရပ္အၾကား ခ်စ္ၾကည္ရင္းႏွီးမႈ ႏွင့္ ပူးေပါင္းေဆာင္႐ြက္မႈမ်ား ပိုမိုတိုးျမႇင့္ၿပီး ယဥ္ေက်းမႈ အႏုပညာမ်ား ဖလွယ္နိုင္ရန္ ရည္႐ြယ္၍ ထိုင္းနိုင္ငံသို႔ သြားေရာက္ေဖ်ာ္ေျဖခဲ့သည့္ ျမန္မာ့တပ္မေတာ္ယဥ္ေက်းမႈ အႏုပညာအဖြဲ႕သည္ ယမန္ေန႕ေဒသစံေတာ္ခ်ိန္ ညေန ၅ နာရီ ၅၀ မိနစ္တြင္ ထိုင္းနိုင္ငံ၊ ဘန္ေကာက္ၿမိဳ႕မွ ေလေၾကာင္းခရီးျဖင့္ ေနျပည္ေတာ္ေလဆိပ္သို႔ ျပန္လည္ထြက္ခြာ ၾကရာ ထိုင္းဘုရင့္တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံး၊ Department of Border Affairs မွ Director ျဖစ္သူ Lt. Gen. Pongtep Gaewchaiyoႏွင့္ တာဝန္ရွိသူမ်ား၊ ထိုင္းနိုင္ငံဆိုင္ရာျမန္မာသံ႐ုံး သံမႉးႀကီး ဦးေမာ္ဗလ၊ ျမန္မာစစ္သံ(ၾကည္း၊ ေရ၊ေလ) ဗိုလ္မႉးခ်ဳပ္ ခြန္ေနထြန္းဦးတို႔က ပို႔ေဆာင္ႏႈတ္ဆက္ၾကၿပီး ညပိုင္းတြင္ ေနျပည္ေတာ္ေလဆိပ္သို႔ ေရာက္ရွိၾကရာ ေနျပည္ေတာ္တိုင္းစစ္ဌာနခ်ဳပ္ တိုင္းမႉး ဗိုလ္ခ်ဳပ္ ေဇာ္ဟိန္း၊ တြဲဖက္စစ္ေရးခ်ဳပ္ ဗိုလ္ခ်ဳပ္ ဇင္မင္းထက္ႏွင့္ တာဝန္ရွိသူမ်ားက ေလဆိပ္၌ ႀကိဳဆိုႏႈတ္ဆက္ၾကသည္။
အဆိုပါ ျမန္မာ့တပ္မေတာ္ယဥ္ေက်းမႈ အႏုပညာအဖြဲ႕သည္ ယမန္ေန႕နံနက္ပိုင္းတြင္လည္း ထိုင္းနိုင္ငံ၊ ဘန္ေကာက္ၿမိဳ႕ရွိ Temple of the Emerald Buddha (ျမဘုရား)အား သြားေရာက္ဖူးေျမာ္ၿပီး The Grand Palace (ထိုင္းဘုရင့္နန္းေတာ္)ကို သြားေရာက္ ၾကည့္ရႈ ေလ့လာခဲ့ၾကေၾကာင္း သတင္းရရွိသည္။
Recent Comments