မြန်မာ့ဆေးဝါးစက်ရုံမှထုတ်လုပ်သည့် ဆေးဝါးများကို လက်ကားရောင်းချရန် အရောင်းကိုယ်စားလှယ် အသစ်ရွေးချယ်ခြင်းများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြန်မာ့ဆေးဝါးလုပ်ငန်းထံမှ သိရသည်။

မြန်မာ့ဆေးဝါးစက်ရုံမှ ထုတ်လုပ်သည့် ဆေးဝါးများကို ကျန်းမာရေးဝန်ကြီးဌာနအပါအဝင် ကဏ္ဍအသီးသီးမှ ဝန်ကြီးဌာနများသို့ ဦးစားပေးရောင်းချလျှက်ရှိပြီး ပိုလျှံသည့်ဆေးဝါးများကို သင့်တင့်သည့်ဈေးနှုန်းဖြင့် ဈေးကွက်အတွင်းရောက်ရှိရန် အရောင်းကိုယ်စားလှယ်များကို တစ်နှစ်လျှင်တစ်ကြိမ် ရွေးချယ်လျှက်ရှိရာ ယခုအခါ အရောင်းကိုယ်စားလှယ်သစ်ရွေးချယ်ရန် တင်ဒါခေါ်ယူထားကြောင်း မြန်မာ့ဆေးဝါးလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး ဒေါက်တာအောင်ခိုင်၏ ပြောပြချက်အရ သိရသည်။

လက်ရှိ မြန်မာ့ဆေးဝါးလုပ်ငန်းလက်အောက်ရှိ ဆေးဝါးစက်ရုံ (အင်းစိန်)နှင့် ဆေးဝါးစက်ရုံ (အင်ရောင်း) တို့မှ ပြည်တွင်းလိုအပ်ချက်ရှိသော ဆေးဝါးအမျိုးအစားပေါင်း(၂၀၀)ကျော်ကို ထုတ်လုပ်ပေး လျက်ရှိပြီး အဆိုပါဆေးဝါးများကို ဈေးကွက်အတွင်း လက်ကားဖြန့်ဖြူးရောင်းချလိုသည့် ကိုယ်စားလှယ်များအနေဖြင့် တင်ဒါပုံစံများကို ဖေဖော်ဝါရီလ ၂၈ ရက်နေ့မှ စတင်ရောင်းချချပေးခဲ့ပြီး မတ်လ ၂၅ ရက်နေ့ ညနေ ၄ နာရီတွင် တင်ဒါပိတ်သိမ်းမည်ဖြစ်ကြောင်း သိရသည်။

#mhtnews

(Zawgyi)

“ျမန္မာ့ေဆးဝါးစက္႐ုံမွထုတ္လုပ္သည့္ ေဆးဝါးမ်ားကို လက္ကားေရာင္းခ်ရန္ အေရာင္းကိုယ္စားလွယ္ အသစ္ ေ႐ြးခ်ယ္ျခင္းမ်ား ေဆာင္႐ြက္သြားမည္”

ျမန္မာ့ေဆးဝါးစက္႐ုံမွထုတ္လုပ္သည့္ ေဆးဝါးမ်ားကို လက္ကားေရာင္းခ်ရန္ အေရာင္းကိုယ္စားလွယ္ အသစ္ေ႐ြးခ်ယ္ျခင္းမ်ား ေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္း ျမန္မာ့ေဆးဝါးလုပ္ငန္းထံမွ သိရသည္။

ျမန္မာ့ေဆးဝါးစက္႐ုံမွ ထုတ္လုပ္သည့္ ေဆးဝါးမ်ားကို က်န္းမာေရးဝန္ႀကီးဌာနအပါအဝင္ က႑အသီးသီးမွ ဝန္ႀကီးဌာနမ်ားသို႔ ဦးစားေပးေရာင္းခ်လွ်က္ရွိၿပီး ပိုလွ်ံသည့္ေဆးဝါးမ်ားကို သင့္တင့္သည့္ေဈးႏႈန္းျဖင့္ ေဈးကြက္အတြင္းေရာက္ရွိရန္ အေရာင္းကိုယ္စားလွယ္မ်ားကို တစ္ႏွစ္လွ်င္တစ္ႀကိမ္ ေ႐ြးခ်ယ္လွ်က္ရွိရာ ယခုအခါ အေရာင္းကိုယ္စားလွယ္သစ္ေ႐ြးခ်ယ္ရန္ တင္ဒါေခၚယူထားေၾကာင္း ျမန္မာ့ေဆးဝါးလုပ္ငန္း ဦးေဆာင္ၫႊန္ၾကားေရးမႉး ေဒါက္တာေအာင္ခိုင္၏ ေျပာျပခ်က္အရ သိရသည္။

လက္ရွိ ျမန္မာ့ေဆးဝါးလုပ္ငန္းလက္ေအာက္ရွိ ေဆးဝါးစက္႐ုံ (အင္းစိန္)ႏွင့္ ေဆးဝါးစက္႐ုံ (အင္ေရာင္း) တို႔မွ ျပည္တြင္းလိုအပ္ခ်က္ရွိေသာ ေဆးဝါးအမ်ိဳးအစားေပါင္း(၂၀၀)ေက်ာ္ကို ထုတ္လုပ္ေပး လ်က္ရွိၿပီးအဆိုပါေဆးဝါးမ်ားကို ေဈးကြက္အတြင္း လက္ကားျဖန့္ျဖဴးေရာင္းခ်လိဳသည့္ ကိုယ္စားလွယ္မ်ားအေနျဖင့္ တင္ဒါပုံစံမ်ားကို ေဖေဖာ္ဝါရီလ ၂၈ ရက္ေန႕မွ စတင္ေရာင္းခ်ခ်ေပးခဲ့ၿပီး မတ္လ ၂၅ ရက္ေန႕ ညေန ၄ နာရီတြင္ တင္ဒါပိတ္သိမ္းမည္ျဖစ္ေၾကာင္း သိရသည္။

#mhtnews