ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်တွင် တည်ဆောက်လျက်ရှိသော Myanmar Center for Disease Control and Training Center for Medical Staff တည်ဆောက်ရေးစီမံကိန်းကို လာမည့် ၂၀၂၃ ခုနှစ်မကုန်မီ အပြီးတည်ဆောက်သွားရန် ရာထားဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။

အဆိုပါစီမံကိန်းကို တရုတ်နိုင်ငံ CCCC China Harbor Engineering Co.,Ltd က တာဝန်ယူဆောက်လုပ်နေခြင်းဖြစ်ကာ တန်ဖိုး ယွမ်သန်း (၄၀၀)ခန့် တန်ဖိုးရှိသည့် နိုင်ငံတကာ အဆင့်မှီ စီမံကိန်းတစ်ခုဖြစ်ကြောင်း သိရသည်။

စီမံကိန်းတွင် (၂)ထပ် အုပ်ချုပ်မှုဆောင် (၁)ဆောင်အပြင် ကူးစက်ရောဂါများကို အချိန်တိုအတွင်း တိကျစွာ ရှာဖွေဖော်ထုတ်နိုင်မည့် နိုင်ငံတကာအဆင့်မှီ (ဇီဝလုံခြုံမှုအဆင့်) Biosafety level (2) နှင့် level (3) ဓါတ်ခွဲခန်းများလည်း ပါဝင်သကဲ့သို့

(၄)ထပ် သင်တန်းကျောင်းဆောင်တို့လည်း ပါဝင်ကြောင်း သိရသည်။

#mhtnews

(Zawgyi)

“မြန်မာနိုင်ငံ ရောဂါထိန်းချုပ်ရေးစင်တာနှင့် ဆေးဘက်ဆိုင်ရာ သင်တန်းကျောင်း (Myanmar CDC) တည်ဆောက်ရေးစီမံကိန်းကို ၂၀၂၃ ခုနှစ်မကုန်မီ အပြီးတည်ဆောက်ရန်ရာထား”





#mhtnews