စစ်ကိုင်းတိုင်းဒေသကြီး ၊ မုံရွာမြို့ ၊ ဘုန်းစိုးရပ်ကွက် ၊ ကျောက္ကာလမ်းတွင် အခြေပြုထားသည့် မြန်မာနိုင်ငံလူမှုကယ်ဆယ်အဖွဲ့ (မုံရွာ) ၏ လူနာတင်ယာဥ်တစ်စီးသည် အရေးပေါ်လူနာ သွားရောက်ခေါ်ဆောင်သည့် လမ်းကြောင်းတစ်ခု၌ မိုင်းဆွဲတိုက်ခိုက်ခံရပြီး မိုင်းစထိမှန်ကာ လူနာတင်ယာဥ် အသေးစားပျက်စီးခဲ့ပြီးနောက် လူမှုကူညီကယ်ဆယ်ရေးနှင့် အရေးပေါ်လူနာပို့ဆောင်ရေး လုပ်ငန်းများကို ယနေ့ မတ်လ ၂၃ရက်ကစပြီး ရက်အကန့်အသတ်မရှိ ရပ်နားထားလိုက်ပြီဖြစ်ကြောင်း အဆိုပါအသင်း၏ တရားဝင် လူမှုကွန်ရက်စာမျက်နှာတွင် ထုတ်ပြန်ထားသည်။

ယမန်နေ့ မတ်လ ၂၂ရက် ညပိုင်းက မုံရွာမြို့ ၊ နတ်ထိပ္ပန်ရပ်ကွက် ၊ အဝေးပြေးခရီးသည်တင်ယာဥ် စုပေါင်း ယာဥ်ရပ်နားစခန်း (ကားကွင်းအသစ်)ဘက်သို့ အရေးပေါ်လူနာ သွားရောက်ခေါ်ဆောင်စဥ် မိုင်းဆွဲတိုက်ခိုက်ခံရခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါလုပ်ရပ်ကို မည်သည့်အဖွဲ့အစည်းက ပြုလုပ်သည်ကို မသိရသေးကြောင်းနှင့် မည်သည့်အကြောင်းကြောင့် ထိုသို့ပြုလုပ်သည်ကို အကြောင်းတစ်စုံတစ်ရာ မသိရှိရသည့်ကာလအတွင်း လုပ်ငန်းများအားလုံးကို ရပ်နားထားမည်ဖြစ်ကြောင်း အသိပေးထုတ်ပြန်ထားခြင်းဖြစ်သည်။

စစ်ကိုင်းဒေသကြီးအတွင်း၌ PDF အကြမ်းဖက်အုပ်စုများ အားကောင်းလျှက်ရှိပြီး အများပြည်သူအသုံးပြုသည့် ယာဥ်သွားလမ်းမကြီးများပေါ်တွင် မိုင်းထောင်ဖောက်ခွဲမှု မကြာခဏပြုလုပ်လေ့ရှိသဖြင့် ပရဟိတသမားများအပါအဝင် အပြစ်မဲ့ပြည်သူသေဆုံးဒဏ်ရာရရှိမှု အများအပြားဖြစ်ပေါ်လျှက်ရှိသည်။

#mhtnews

(Zawgyi)

“မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေး(မုံရွာ)၏ လူနာတင်ကားတစ်စီကို မိုင်းဆွဲတိုက်ခိုက်ခံရသဖြင့် ကူညီရေးလုပ်ငန်းများ ရက်အကန့်အသတ်မရှိ ရပ်နားမည်ဟု ထုတ်ပြန်”

စစ်ကိုင်းတိုင်းဒေသကြီး ၊ မုံရွာမြို့ ၊ ဘုန်းစိုးရပ်ကွက် ၊ ကျောက္ကာလမ်းတွင် အခြေပြုထားသည့် မြန်မာနိုင်ငံလူမှုကယ်ဆယ်အသင်း (မုံရွာ) ၏ လူနာတင်ယာဉ်တစ်စီးသည် အရေးပေါ်လူနာ သွားရောက်ခေါ်ဆောင်သည့် လမ်းကြောင်းတစ်ခု၌ မိုင်းဆွဲတိုက်ခိုက်ခံရပြီး မိုင်းစထိမှန်ကာ လူနာတင်ယာဉ် အသေးစားပျက်စီးခဲ့ပြီးနောက် လူမှုကူညီကယ်ဆယ်ရေးနှင့် အရေးပေါ်လူနာပို့ဆောင်ရေး လုပ်ငန်းများကို ယနေ့ မတ်လ ၂၃ရက်ကစပြီး ရက်အကန့်အသတ်မရှိ ရပ်နားထားလိုက်ပြီဖြစ်ကြောင်း အဆိုပါအသင်း၏ တရားဝင် လူမှုကွန်ရက်စာမျက်နှာတွင် ထုတ်ပြန်ထားသည်။


အဆိုပါလုပ်ရပ်ကို မည်သည့်အဖွဲ့အစည်းက ပြုလုပ်သည်ကို မသိရသေးကြောင်းနှင့် မည်သည့်အကြောင်းကြောင့် ထိုသို့ပြုလုပ်သည်ကို အကြောင်းတစ်စုံတစ်ရာ မသိရှိရသည့်အတွင်း လုပ်ငန်းများအားလုံးကို ရပ်နားထားမည်ဖြစ်ကြောင်း အသိပေးထုတ်ပြန်ထားခြင်းဖြစ်သည်။

စစ်ကိုင်းဒေသကြီးအတွင်း၌ PDF အကြမ်းဖက်အုပ်စုများ အားကောင်းလျှက်ရှိပြီး အများပြည်သူအသုံးပြုသည့် ယာဉ်သွားလမ်းများပေါ်တွင် မိုင်းထောင်ဖောက်ခွဲမှု မကြာခဏပြုလုပ်လေ့ရှိသဖြင့် ပရဟိတသမားများအပါအဝင် အပြစ်မဲ့ပြည်သူသေဆုံးဒဏ်ရာရရှိမှု အများအပြားဖြစ်ပေါ်လျှက်ရှိသည်။

#mhtnews