မြန်မာနိုင်ငံ၌ နိုင်ငံခြားသား အမြဲနေထိုင်ခွင့်စနစ်ကို ၂၀၁၅ ခုနှစ် ဇန်နဝါရီ ၂၉ ရက်မှ စတင်ဆောင်ရွက်ခဲ့ရာ ၂၀၂၂ ခုနှစ် မတ် ၁၀ ရက်အထိ လျှောက်ထားသူနှင့် မိသားစုအပါအဝင် စုစုပေါင်း ၇၁၇ ဦးရှိပြီး ပြည်ထောင်စု အစိုးရအဖွဲ့ရုံးမှ အတည်ပြုခွင့်ပြုပေးပြီးသူ မိသားစု အပါအဝင် ၆၁၇ ဦးရှိပြီဖြစ်ကြောင်း နိုင်ငံခြားသား အမြဲနေထိုင်ခွင့်ပြုခြင်းဆိုင်ရာ အကောင်အထည်ဖော်ရေး ဗဟိုကော်မတီဥက္ကဋ္ဌ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက ပြောကြားသည်။
ယနေ့ပြုလုပ်သည့် နိုင်ငံခြားသား အမြဲနေထိုင်ခွင့်ပြုခြင်း (Permanent Residence System-PR System) ဆိုင်ရာ အကောင်အထည်ဖော်ရေး ဗဟိုကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးနှင့် ဗဟိုကော်မတီမှ စိစစ်အတည်ပြုပြီးသူများအား လူတွေ့မေးမြန်း အကဲဖြတ်ခြင်းအခမ်းအနား၌ ထိုသို့ပြောကြားခဲ့ခြင်းဖြစ်သည်။
ပြည်ထောင်စုဝန်ကြီးက နိုင်ငံခြားသား အမြဲနေထိုင်ခွင့်စနစ်ကို ၂၀၁၅ ခုနှစ် ဇန်နဝါရီ ၂၉ ရက်မှ စတင်ဆောင်ရွက်ခဲ့ရာ ၂၀၂၂ ခုနှစ် မတ် ၁၀ ရက်အထိ လျှောက်ထားသူနှင့် မိသားစုအပါအဝင် စုစုပေါင်း ၇၁၇ ဦးရှိပြီး ပြည်ထောင်စု အစိုးရအဖွဲ့ရုံးမှ အတည်ပြုခွင့်ပြုပေးပြီးသူ မိသားစု အပါအဝင် ၆၁၇ ဦးရှိပြီဖြစ်ကြောင်း၊ ယင်းလုပ်ငန်းစဉ်အား PR နည်းဥပဒေနှင့်အညီ ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး လျှောက်ထားသူများအနက် PR နည်းဥပဒေအရ ငြင်းပယ်ခဲ့သူ ခုနစ်ဦး၊ လျှောက်ထားခြင်းအား ပြန်လည်ပယ်ဖျက်သူ တစ်ဦး၊ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုအခြေအနေအရ လေကြောင်းလိုင်းများ ပိတ်ထားခြင်းကြောင့် ဗဟိုကော်မတီမှ လူတွေ့စစ်ဆေးအကဲဖြတ်ရန် ကျန်ရှိသူမိသားစုများ အပါအဝင် ၈၁ ဦး၊ ထပ်မံလျှောက်ထားသော်လည်း လုပ်ငန်းကော်မတီနှင့် ဗဟိုကော်မတီတို့မှ မစိစစ်ရသေးသူ မိသားစုအပါအဝင် ၁၁ ဦးရှိကြောင်း၊ ယခု အစည်းအဝေးတွင် ယခင်အစိုးရလက်ထက်က လုပ်ငန်းကော်မတီနှင့် ဗဟိုကော်မတီတို့မှ အဆင့်ဆင့်စိစစ်ထားပြီး ကိုဗစ်-၁၉ ကပ်ရောဂါအခြေအနေကြောင့် ဗဟိုကော်မတီမှ လူတွေ့စစ်ဆေးအကဲဖြတ်ရန် ကျန်ရှိသည့် မိသားစုအပါအဝင် စုစုပေါင်း ၈၁ ဦးအနက် ပြည်တွင်း၌ လက်ရှိရောက်ရှိနေသည့် မိသားစုဝင်အပါအဝင် စုစုပေါင်း ၃၀ ကို လူတွေ့စစ်ဆေးအကဲဖြတ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း” ပြောကြားခဲ့သည်ဟု သိရသည်။
#mhtnews
(Zawgyi)
“ျမန္မာနိုင္ငံတြင္ အၿမဲေနထိုင္ခြင့္ေလ်ာက္ထားသူ နိုင္ငံျခားသား စုစုေပါင္း ၇၁၂ ဦးရွိၿပီး တရားဝင္ခြင့္ျပဳေပးထားသူ မိသားစုအပါအဝင္ ၆၁၇ ရွိေၾကာင္း ျပည္ေထာင္စုဝန္ႀကီး ဦးခင္ရီေျပာ”
ျမန္မာနိုင္ငံ၌ နိုင္ငံျခားသား အၿမဲေနထိုင္ခြင့္စနစ္ကို ၂၀၁၅ ခုႏွစ္ ဇန္နဝါရီ ၂၉ ရက္မွ စတင္ေဆာင္႐ြက္ခဲ့ရာ ၂၀၂၂ ခုႏွစ္ မတ္ ၁၀ ရက္အထိ ေလွ်ာက္ထားသူႏွင့္ မိသားစုအပါအဝင္ စုစုေပါင္း ၇၁၇ ဦးရွိၿပီး ျပည္ေထာင္စု အစိုးရအဖြဲ႕႐ုံးမွ အတည္ျပဳခြင့္ျပဳေပးၿပီးသူ မိသားစု အပါအဝင္ ၆၁၇ ဦးရွိၿပီျဖစ္ေၾကာင္း နိုင္ငံျခားသား အၿမဲေနထိုင္ခြင့္ျပဳျခင္းဆိုင္ရာ အေကာင္အထည္ေဖာ္ေရး ဗဟိုေကာ္မတီဥကၠ႒ လူဝင္မႈႀကီးၾကပ္ေရးႏွင့္ ျပည္သူ႕အင္အားဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ဦးခင္ရီက ေျပာၾကားသည္။
ယေန႕ျပဳလုပ္သည့္ နိုင္ငံျခားသား အၿမဲေနထိုင္ခြင့္ျပဳျခင္း (Permanent Residence System-PR System) ဆိုင္ရာ အေကာင္အထည္ေဖာ္ေရး ဗဟိုေကာ္မတီ လုပ္ငန္းညွိႏွိုင္း အစည္းအေဝးႏွင့္ ဗဟိုေကာ္မတီမွ စိစစ္အတည္ျပဳၿပီးသူမ်ားအား လူေတြ႕ေမးျမန္း အကဲျဖတ္ျခင္းအခမ္းအနား၌ ထိုသို႔ေျပာၾကားခဲ့ျခင္းျဖစ္သည္။
ျပည္ေထာင္စုဝန္ႀကီးက နိုင္ငံျခားသား အၿမဲေနထိုင္ခြင့္စနစ္ကို ၂၀၁၅ ခုႏွစ္ ဇန္နဝါရီ ၂၉ ရက္မွ စတင္ေဆာင္႐ြက္ခဲ့ရာ ၂၀၂၂ ခုႏွစ္ မတ္ ၁၀ ရက္အထိ ေလွ်ာက္ထားသူႏွင့္ မိသားစုအပါအဝင္ စုစုေပါင္း ၇၁၇ ဦးရွိၿပီး ျပည္ေထာင္စု အစိုးရအဖြဲ႕႐ုံးမွ အတည္ျပဳခြင့္ျပဳေပးၿပီးသူ မိသားစု အပါအဝင္ ၆၁၇ ဦးရွိၿပီျဖစ္ေၾကာင္း၊ ယင္းလုပ္ငန္းစဥ္အား PR နည္းဥပေဒႏွင့္အညီ ေဆာင္႐ြက္ခဲ့ျခင္းျဖစ္ၿပီး ေလွ်ာက္ထားသူမ်ားအနက္ PR နည္းဥပေဒအရ ျငင္းပယ္ခဲ့သူ ခုနစ္ဦး၊ ေလွ်ာက္ထားျခင္းအား ျပန္လည္ပယ္ဖ်က္သူ တစ္ဦး၊ ကိုဗစ္-၁၉ ေရာဂါ ျဖစ္ပြားမႈအေျခအေနအရ ေလေၾကာင္းလိုင္းမ်ား ပိတ္ထားျခင္းေၾကာင့္ ဗဟိုေကာ္မတီမွ လူေတြ႕စစ္ေဆးအကဲျဖတ္ရန္ က်န္ရွိသူမိသားစုမ်ား အပါအဝင္ ၈၁ ဦး၊ ထပ္မံေလွ်ာက္ထားေသာ္လည္း လုပ္ငန္းေကာ္မတီႏွင့္ ဗဟိုေကာ္မတီတို႔မွ မစိစစ္ရေသးသူ မိသားစုအပါအဝင္ ၁၁ ဦးရွိေၾကာင္း၊ ယခု အစည္းအေဝးတြင္ ယခင္အစိုးရလက္ထက္က လုပ္ငန္းေကာ္မတီႏွင့္ ဗဟိုေကာ္မတီတို႔မွ အဆင့္ဆင့္စိစစ္ထားၿပီး ကိုဗစ္-၁၉ ကပ္ေရာဂါအေျခအေနေၾကာင့္ ဗဟိုေကာ္မတီမွ လူေတြ႕စစ္ေဆးအကဲျဖတ္ရန္ က်န္ရွိသည့္ မိသားစုအပါအဝင္ စုစုေပါင္း ၈၁ ဦးအနက္ ျပည္တြင္း၌ လက္ရွိေရာက္ရွိေနသည့္ မိသားစုဝင္အပါအဝင္ စုစုေပါင္း ၃၀ ကို လူေတြ႕စစ္ေဆးအကဲျဖတ္ ေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္း” ေျပာၾကားခဲ့သည္ဟု သိရသည္။
#mhtnews
Recent Comments