ဂျပန်နိုင်ငံအစိုးရ၏ မြန်မာနိုင်ငံ အမျိုးသားပြန်လည်သင့်မြတ်ရေးဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စတာဆာဆာကာဝါနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၂ ဖွဲ့ဖြစ်သည့် KNPP, KNU တို့နှင့် ယနေ့ (မတ်လ ၁၀ရက်)တွင် ချင်းမိုင်မြို့၌ တွေ့ဆုံလျက်ရှိကြောင်းသိရသည်။

အဆိုပါတွေ့ဆုံပွဲ၌ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP)အနေဖြင့် စစ်ရှောင်အရေးကိစ္စနှင့် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီရရှိကိုသာဦးစားပေးဆွေးနွေးသွားခဲ့ကြောင်း ချင်းမိုင်အခြေစိုက် သတင်းမီဒီယာတစ်ခု၏ရေးသားချက်အရ သိရသည်။

ယင်းတွေ့ဆုံမှုအပြင် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS)နှင့်လည်း တွေ့ဆုံဆွေးနွေးမည့်အပြင် တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) ချုပ်ဆိုထားသည့် တိုင်းရင်းသားလက်နက်ကိုင် ၁၀ ဖွဲ့ဖြင့် ဖွဲ့စည်းထားသော ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) ခေါင်းဆောင်များနှင့်လည်း တွေ့ဆုံမည်ဖြစ်ကြောင်း သိရသည်။

#mhtnews

(Zawgyi)

“ျမန္မာနိုင္ငံဆိုင္ရာ ဂ်ပန္အထူးကိုယ္စားလွယ္ႏွင့္ တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႕ ၂ ဖြဲ႕တို႔ ခ်င္းမိုင္ၿမိဳ႕၌ ေတြ႕ဆုံလွ်က္ရွိ”

ဂ်ပန္နိုင္ငံအစိုးရ၏ ျမန္မာနိုင္ငံ အမ်ိဳးသားျပန္လည္သင့္ျမတ္ေရးဆိုင္ရာ အထူးကိုယ္စားလွယ္ မစၥတာဆာဆာကာဝါႏွင့္ တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႕ ၂ ဖြဲ႕ျဖစ္သည့္ KNPP, KNU တို႔ႏွင့္ ယေန႕ (မတ္လ ၁၀ရက္)တြင္ ခ်င္းမိုင္ၿမိဳ႕၌ ေတြ႕ဆုံလ်က္ရွိေၾကာင္းသိရသည္။

အဆိုပါေတြ႕ဆုံပြဲ၌ ကရင္နီအမ်ိဳးသားတိုးတက္ေရးပါတီ (KNPP)အေနျဖင့္ စစ္ေရွာင္အေရးကိစၥႏွင့္ လူသားခ်င္းစာနာမႈဆိုင္ရာ အကူအညီရရွိကိုသာဦးစားေပးေဆြးႏြေးသြားခဲ့ေၾကာင္း ခ်င္းမိုင္အေျခစိုက္ သတင္းမီဒီယာတစ္ခု၏ေရးသားခ်က္အရ သိရသည္။

ယင္းေတြ႕ဆုံမႈအျပင္ ရွမ္းျပည္ျပန္လည္ထူေထာင္ေရးေကာင္စီ (RCSS)ႏွင့္လည္း ေတြ႕ဆုံေဆြးႏြေးမည့္အျပင္ တနိုင္ငံလုံးပစ္ခတ္တိုက္ခိုက္မႈရပ္စဲေရးသေဘာတူစာခ်ဳပ္ (NCA) ခ်ဳပ္ဆိုထားသည့္ တိုင္းရင္းသားလက္နက္ကိုင္ ၁၀ ဖြဲ႕ျဖင့္ ဖြဲ႕စည္းထားေသာ ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္ ဦးေဆာင္အဖြဲ႕ (PPST) ေခါင္းေဆာင္မ်ားႏွင့္လည္း ေတြ႕ဆုံမည္ျဖစ္ေၾကာင္း သိရသည္။

#mhtnews