မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပတဲ့ လန်ချန်း- မဲခေါင်ရုပ်သေးပွဲတော် ဖွင့်ပွဲအခမ်းအနားကို မန္တလေးမြို ရတနာဘုံခန်းမရှိ မြနန်းဘုံစံခန်းမမှာကျင်းပပြုလုပ်ခဲ့တယ်လို သိရပါတယ်။

အဆိုပါ အခမ်းအနားကို vircural စနစ်နဲ့ ကျင်းပပြုလုပ်ခဲ့တာဖြစ်ပြီး သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုနဲ့ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲမှ လူမှုရေးရာဝန်ကြီး ဦးယဉ်ထွေးတိုက အဖွင့်အမှာစကား ပြောကြားခဲ့ပါတယ်။

ဆက်လက်ပြီး မြန်မာနိုင်ငံဆိုင်ရာတရုတ်ပြည်သူ့ သမ္မတနိုင်ငံ သံအမတ်ကြီးမှ ဂုဏ်ပြုအမှတ်တရ စကားပြောကြားခဲ့ပြီး အပြည်ပြည်ဆိုင်ရာအဖွဲအစည်းများနဲ့ စီးပွားရေးဦးစီးဌာန၊ နိုင်ငံခြားရေးဝန်ကြီးဌာနမှ ဒုတိယညွှန်ကြားရေးမှုးချုပ် ဦးကျော်သူငြိမ်းမှ ကြိုဆိုနှုတ်ခွန်း ဆက်စကားပြောကြားခဲ့ကာ မြန်မာနိုင်ငံဘက်မှာ မြန်မာ့ရုပ်သေးအကအလှများနဲ့ တင်ဆက်ကပြခဲ့ကြပါတယ်။

ယခုကျင်းပပြုလုပ်တဲ့ လန်ချန်း- မဲခေါင်ရုပ်သေးပွဲတော်မှာ Menkong- Lancang ပူးပေါင်းဆောင်ရွက်ရေး စီမံကိန်းအဖွဲဝင်နိုင်ငံများဖြစ်တဲ့ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ကမ္ဘောဒီးယားနိုင်ငံ၊ လာအိုနိုင်ငံ၊ မြန်မာနိုင်ငံ၊ ထိုင်းနိုင်ငံနှင့် ဗီယက်နမ်နိုင်ငံမှ ရုပ်သေးပညာရှင်များ ပါဝင်တယ်လို သိရပါတယ်။
#mhtnews

(Zawgyi)
“မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပသည့် လန်ချန်း- မဲခေါင်ရုပ်သေးပွဲတော် ဖွင့်ပွဲအခမ်းအနား ကျင်းပ”

မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပတဲ့ လန်ချန်း- မဲခေါင်ရုပ်သေးပွဲတော် ဖွင့်ပွဲအခမ်းအနားကို မန္တလေးမြို့ ရတနာဘုံခန်းမရှိ မြနန်းဘုံစံခန်းမမှာကျင်းပပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

အဆိုပါ အခမ်းအနားကို vircural စနစ်နဲ့ ကျင်းပပြုလုပ်ခဲ့တာဖြစ်ပြီး သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုနဲ့ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့မှ လူမှုရေးရာဝန်ကြီး ဦးယဉ်ထွေးတို့က အဖွင့်အမှာစကား ပြောကြားခဲ့ပါတယ်။

ဆက်လက်ပြီး မြန်မာနိုင်ငံဆိုင်ရာတရုတ်ပြည်သူ့ သမ္မတနိုင်ငံ သံအမတ်ကြီးမှ ဂုဏ်ပြုအမှတ်တရ စကားပြောကြားခဲ့ပြီး အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းများနဲ့ စီးပွားရေးဦးစီးဌာန၊ နိုင်ငံခြားရေးဝန်ကြီးဌာနမှ ဒုတိယညွှန်ကြားရေးမှုးချုပ် ဦးကျော်သူငြိမ်းမှ ကြိုဆိုနှုတ်ခွန်း ဆက်စကားပြောကြားခဲ့ကာ မြန်မာနိုင်ငံဘက်မှာ မြန်မာ့ရုပ်သေးအကအလှများနဲ့ တင်ဆက်ကပြခဲ့ကြပါတယ်။

ယခုကျင်းပပြုလုပ်တဲ့ လန်ချန်း- မဲခေါင်ရုပ်သေးပွဲတော်မှာ Menkong- Lancang ပူးပေါင်းဆောင်ရွက်ရေး စီမံကိန်းအဖွဲ့ဝင်နိုင်ငံများဖြစ်တဲ့ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ကမ္ဘောဒီးယားနိုင်ငံ၊ လာအိုနိုင်ငံ၊ မြန်မာနိုင်ငံ၊ ထိုင်းနိုင်ငံနှင့် ဗီယက်နမ်နိုင်ငံမှ ရုပ်သေးပညာရှင်များ ပါဝင်တယ်လို့ သိရပါတယ်။
#mhtnews