မြန်မာတစ်နိုင်ငံလုံး၌ ၂၀၂၂ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုရန် စာရင်းသွင်းထားသည့် ကျောင်းသား၊ ကျောင်းသူ ဦးရေ ၃၁၂,၀၀၀ကျော်ရှိပြီး ရခိုင်ပြည်နယ်က စာရင်းသွင်းသူ ၄ သောင်းခွဲကျော်ဖြင့် ဦးရေအများဆုံးဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသတင်းထုတ်ပြန်ရေးအဖွဲထံမှ သိရသည်။
အဆိုပါ တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ယခု မတ် ၃၁ ရက်မှ ဧပြီလ ၉ရက်အထိ ခရိုင်(၇၁)ခရိုင်၊ မြိုနယ် (၃၂၁)မြို၊ စာစစ်ဌာန(၁၂၅၆)ဌာနတိုတွင် စာရင်းပေးသွင်းထားသူဦးရေ ကျောင်းတွင်းဖြေ ၂၀၀,၇၆၈ ဦးနှင့် အလွတ်ဖြေဆိုမည့်သူ ၁၁၁,၅၃၁ ဦး စုစုပေါင်း ၃၁၂,၂၉၉ ဦးရှိကြောင်း သိရသည်။
ထိုအထဲတွင် ရခိုင်ပြည်နယ်က စာရင်းသွင်းထားသူဦးရေ ၄၅,၅၉၂ ဦးဖြင့် အများဆုံးဖြစ်ပြီး ဧရာဝတီတိုင်းဒေသကြီးက စာရင်းသွင်းထားသူဦးရေ ၄၀,၃၂၀ ဦးနှင့် ဒုတိယအများဆုံးဖြစ်ကာ ရန်ကုန်တိုင်းဒေသကြီးက စာရင်းသွင်းဦးရေ ၃၇,၅၆၀ ဦးဖြင့် တတိယအများဆုံးဖြစ်သည်။
ထိုအတူ တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဖြေဆိုရန် စာရင်းပေးသွင်းမှု အနည်းဆုံးပြည်နယ်မှာ ကယားပြည်နယ်ဖြစ်ပြီး စာရင်းသွင်းကျောင်းသား၊ ကျောင်းသူ ၇၈၀ ဦးသာရှိကြောင်း သိရသည်။
#mhtnews
(Zawgyi)
“မြန်မာတစ်နိုင်ငံလုံး၌ ၂၀၂၂ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုမည့်သူ သုံးသိန်းကျော်ရှိပြီး ရခိုင်ပြည်နယ်က ၄ သောင်းခွဲကျော်ဖြင့် ဦးရေ အများဆုံးဖြစ်”
မြန်မာတစ်နိုင်ငံလုံး၌ ၂၀၂၂ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုရန် စာရင်းသွင်းထားသည့် ကျောင်းသား၊ ကျောင်းသူ ဦးရေ ၃၁၂,၀၀၀ကျော်ရှိပြီး ရခိုင်ပြည်နယ်က စာရင်းသွင်းသူ ၄ သောင်းခွဲကျော်ဖြင့် ဦးရေအများဆုံးဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသတင်းထုတ်ပြန်ရေးအဖွဲ့ထံမှ သိရသည်။
အဆိုပါ တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ယခု မတ် ၃၁ ရက်မှ ဧပြီလ ၉ရက်အထိ ခရိုင်(၇၁)ခရိုင်၊ မြို့နယ် (၃၂၁)မြို့၊ စာစစ်ဌာန(၁၂၅၆)ဌာနတို့တွင် စာရင်းပေးသွင်းထားသူဦးရေ ကျောင်းတွင်းဖြေ ၂၀၀,၇၆၈ ဦးနှင့် အလွတ်ဖြေဆိုမည့်သူ ၁၁၁,၅၃၁ ဦး စုစုပေါင်း ၃၁၂,၂၉၉ ဦးရှိကြောင်း သိရသည်။
#mhtnews
Recent Comments