ြန်မာတစ်နိုင်ငံလုံး၌ (၂၄) နာရီအတွင်း ကိုဗစ်- ၁၉ ရောဂါ ကူးစက်ခံရသူ ၁၀၀ ကျော်ရှိပြီး တစ်ရက်အတွင်း ကူးစက်ခံရမှုမှာ ၂ ရာခိုင်နှုန်းအောက်သို ပြန်လည်ကျဆင်းခဲ့ကာ ကိုဗစ်ကြောင့် ထပ်မံသေဆုံးသူမရှိခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

မတ်လ ၂၉ ရက် ည ၈ နာရီမှ မတ်လ ၃၀ ရက် ည ၈ နာရီအထိ မြန်မာတစ်နိုင်ငံလုံးတွင် ကိုဗစ်- ၁၉ ရောဂါ ဓါတ်ခွဲနမူနာစုစုပေါင်း (၁၅၆၉၈) ခုကို စစ်ဆေးခဲ့ရာ ဓါတ်ခွဲအတည်ပြုလူနာသစ် (၁၇၃) ဦးတွေ့ရှိရသဖြင့် ကူးစက်မှု (၁ ဒဿမ ၁) ရာခိုင်နှုန်းရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားခြင်းဖြစ်သည်။

မြန်မာနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးမှုများကို လေ့လာသုံးသပ်ကြည့်ရာတွင် ကာကွယ်ဆေးအကြိမ်ပြည့်ထိုးနှံမှုခံယူထားခြင်းဖြင့် ရောဂါကြောင့် သေဆုံးရမှုကို ၇ ဆခန့်အထိ လျှော့ချနိုင်သည်ကို တွေ့ရှိရကြောင်း ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။
#mhtnews

(Zawgyi)
“မြန်မာတစ်နိုင်ငံလုံး၌ (၂၄) နာရီအတွင်း ကိုဗစ်- ၁၉ ရောဂါကူးစက်ခံရသူ ၁၀၀ ကျော်ရှိပြီး ကူးစက်မှု ၂ ရာခိုင်နှုန်းအောက်သို့ ပြန်လည်ကျဆင်းကာ ထပ်မံသေဆုံးသူမရှိခဲ့”

မြန်မာတစ်နိုင်ငံလုံး၌ (၂၄) နာရီအတွင်း ကိုဗစ်- ၁၉ ရောဂါ ကူးစက်ခံရသူ ၁၀၀ ကျော်ရှိပြီး တစ်ရက်အတွင်း ကူးစက်ခံရမှုမှာ ၂ ရာခိုင်နှုန်းအောက်သို့ ပြန်လည်ကျဆင်းခဲ့ကာ ကိုဗစ်ကြောင့် ထပ်မံသေဆုံးသူမရှိခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။


#mhtnews