ကချင်ပြည်နယ်၊မြစ်ကြီးနားမြို ရမ်ပူရပ်ကွက်အတွင်း မူးယစ်ဆေးဝါးသုံးစွဲသူများပြားနေသဖြင့် သုံးစွဲသူများကို ရပ်ကွက်နေပြည်သူများက စုပေါင်းဖမ်းဆီးကာ ကြိမ်ဒဏ်ပေးခြင်း၊ ရောင်းဝယ်သူများကို ရဲလက်အပ်ခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း ဒေသတွင်းသတင်းများက ဖော်ပြသည်။
လက်ရှိတွင် မူးယစ်ဆေးဝါးကင်းစင်နယ်မြေ ဖြစ်မြောက်ရေးအတွက် ရမ်ပူရပ်ကွက်နေ လူငယ်များနှင့် ရပ်ကျေးတာဝန်ခံများစုပေါင်းကာ သတိပေးဆိုင်းဘုတ်များစိုက်ထူခြင်းအပြင် နေ့ညမပျက် ပတ္တရောင်လှည့်ပတ်စစ်ဆေးမှုများပြုလုပ်နေပြီး တစ်ရက်လျှင် မူးယစ်ဆေးဝါးသုံးစွဲသူ ၁၀ ဦးမှ ၁၅ ဦးအထိ ဖမ်းဆီးရမိမှုများရှိနေကြောင်းနှင့် ၄ ရက်အတွင်း မူးယစ်ဆေးဝါးသုံးစွဲသူ ၅၀ နီးပါး ဖမ်းဆီးရမိခဲ့ပြီး ကြိမ်ဒဏ်ပေး၍ ခံဝန်ထိုးကာ ပြန်လွှတ်ပေးခဲ့ကြောင်း သိရသည်။
#mhtnews
(Zawgyi)
“မြစ်ကြီးနားမြို့၊ ရမ်ပူရပ်ကွက်၌ မူးယစ်ဆေးဝါးသုံးစွဲသူများပြားလာသဖြင့် ရပ်ကွက်နေပြည်သူများ စုပေါင်းဖမ်းဆီး၍ ကြိမ်ဒဏ်ပေးခြင်း ၊ရဲလက်အပ်ခြင်းများ ဆောင်ရွက်နေ”
ကချင်ပြည်နယ်၊မြစ်ကြီးနားမြို့ ရမ်ပူရပ်ကွက်အတွင်း မူးယစ်ဆေးဝါးသုံးစွဲသူများပြားနေသဖြင့် သုံးစွဲသူများကို ရပ်ကွက်နေပြည်သူများက စုပေါင်းဖမ်းဆီးကာ ကြိမ်ဒဏ်ပေးခြင်း၊ ရောင်းဝယ်သူများကို ရဲလက်အပ်ခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း ဒေသတွင်းသတင်းများက ဖော်ပြသည်။
#mhtnews
Recent Comments