ကချင်ပြည်နယ်၊ မြစ်ကြီးနာမြို၊ ရမ်ပူရပ်ကွက်တွင် မတ်လ ၂၄ ရက်နေ့က သံတိုသံစဝယ်ရောင်းပြုလုပ်နေသည့် အမျိုးသမီးတစ်ဦးကို ဓားဖြင့်ထိုးသတ်ပြီး ငွေလုယူသွားခဲသည့် တရားခံများကို မတ်လ ၂၇ ရက်နေ့တွင် ဖမ်းဆီးရမိခဲ့ကြောင်း မြစ်ကြီးနားရဲတပ်ဖွဲ တာဝန်ရှိသူတစ်ဦးထံမှ သိရကြောင်း ဒေသခံသတင်းမီဒီယာများက ဖော်ပြသည်။
တရားခံအား ဖမ်းဆီးရမိနိုင်ရေးအတွက် ရဲတပ်ဖွဲဝင်များမှ အခင်းဖြစ်ပွားရာအနီးရှိ CCTV မှတ်တမ်းဓါတ်ပုံ ဗီဒီယိုဖိုင်များကို စစ်ဆေးခဲ့ပြီးနောက် ၃ ရက်အကြာတွင် ဓားဖြင့်ထိုးသတ်သွားသူဟု ယူဆရသူ အသက် ၃၀ အရွယ် ရမ်ပူနယ်မြေ ၁၄ တွင် နေထိုင်သည့် စိုးဝင်းပိုင်(ခ)ရန်ကုန်သားအား ၎င်း မကြာခဏ သွားရောက်လေ့ရှိသည့်နေရာများတွင် စောင့်ဆိုင်း၍ ဖမ်းဆီးစစ်ဆေးရာမှ ပေါ်ပေါက်ခဲ့ခြင်း ဖြစ်သည်ဟုဆိုသည်။
လက်ရှိတွင် တရားခံ စိုးဝင်းပိုင်နှင့်အတူ ပြစ်မှုကျူးလွန်ရာတွင် ပူးပေါင်းပါဝင်ခဲ့သည့် တရားခံများအား ဖော်ထုတ်ဖမ်းဆီးနိုင်ရေးအတွက် မြစ်ကြီးနား အမှတ်(၂) နယ်မြေရဲစခန်းက ဆက်လက်စစ်ဆေးလျှက်ရှိကြောင်း သိရသည်။
#mhtnews
(Zawgyi)
“မြစ်ကြီးနားမြို့က သံတိုသံစ ဝယ်ရောင်းပြုလုပ်နေတဲ့ အမျိးသမီးကို ဓားနဲ့ထိုးသတ်ပြီး ငွေလုယူခဲ့တဲ့ တရားခံများ ဖမ်းဆီးရမိ”
ကချင်ပြည်နယ်၊ မြစ်ကြီးနာမြို့၊ ရမ်ပူရပ်ကွက်တွင် မတ်လ ၂၄ ရက်နေ့က သံတိုသံစဝယ်ရောင်းပြုလုပ်နေသည့် အမျိးသမီးတစ်ဦးကို ဓားဖြင့်ထိုးသတ်ပြီး ငွေလုယူသွားခဲသည့် တရားခံများကို မတ်လ ၂၇ ရက်နေ့တွင် ဖမ်းဆီးရမိခဲ့ကြောင်း မြစ်ကြီးနားရဲတပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးထံမှ သိရကြောင်း ဒေသခံသတင်းမီဒီယာများက ဖော်ပြသည်။
တရားခံအား ဖမ်းဆီးရမိနိုင်ရေးအတွက် ရဲတပ်ဖွဲ့ဝင်များမှ အခင်းဖြစ်ပွားရာအနီးရှိ CCTV မှတ်တမ်းဓါတ်ပုံ ဗီဒီယိုဖိုင်များကို စစ်ဆေးခဲ့ပြီးနောက် ၃ ရက်အကြာတွင် ဓားဖြင့်ထိုးသတ်သွားသူဟု ယူဆရသူ အသက် ၃၀ အရွယ် ရမ်ပူနယ်မြေ ၁၄ တွင် နေထိုင်သည့် စိုးဝင်းပိုင်(ခ)ရန်ကုန်သားအား ၎င်း မကြာခဏ သွားရောက်လေ့ရှိသည့်နေရာများတွင် စောင့်ဆိုင်း၍ ဖမ်းဆီးစစ်ဆေးရာမှ ပေါ်ပေါက်ခဲ့ခြင်း ဖြစ်သည်ဟုဆိုသည်။
#mhtnews
Recent Comments