မွန်ပြည်နယ်၊ မုဒုံမြိုနယ်၊ ဘဲရမ်းကျေးရွာ၌ ယနေ့ (မတ် ၂၇ ရက်)တွင် ကျေးရွာသုဿန်လမ်းအနီးရှိ ရေတွင်းအား ဆင်းဖော်ရာမှ အမျိုးသားတစ်ဦး အောက်ဆီဂျင်ပြတ်၍ သေဆုံးခဲ့သဖြင့် မုဒုံမြိုနယ် လူမှုကူညီရေးအဖွဲများက ရုပ်အလောင်းကို ဝိုင်းဝန်းဆယ်ယူခဲ့ကြကြောင်း သိရသည်။

မြန်မာနိုင်ငံအတွင်းတွင် ရေတွင်းပျက်အပါအဝင် တွင်းများအတွင်းဆင်းရာမှ အောက်ဆီဂျင်ပြတ်လပ်သေဆုံးသော ဖြစ်ရပ်များမှာ မကြာခဏကြုံတွေ့နေပြီး ဓာတ်ငွေ့ဆိုင်ရာအသိပညာများအတွက် ကျောင်းသင်ခန်းစာများတွင် ထည့်သွင်းသင်ကြားခဲ့သော်လည်း ယခုလိုဖြစ်ရပ်များမှာ မကြာခဏပေါ်ပေါက်ခဲ့သလို နှစ်စဉ်ပျမ်းမျှ သေဆုံးသူ ၂၀ မှ ၃၀ ဝန်းကျင်ရှိနေကြောင်းလည်း သိရသည်။
#mhtnews

(Zawgyi)


#mhtnews