ကချင်ပြည်နယ်၊ မိုးညှင်းမြိုနယ်၊ နန့်ပုပ်ကျေးရွာရှိ ချောင်းကူးတံတားပေါ်တွင် ပျဉ်သယ်လာသည့် ၆ ဘီး ယာဉ်တစ်စီး ဖြတ်သန်းမောင်းနှင်စဉ် တံတားကျိုးကျမှု ဖြစ်ပေါ်ခဲ့ပြီး ကားပေါ်ပါလာသည့် လူ(၂)ဦး သေဆုံး ခဲ့ကြောင်း နန်ပုပ်ကျေးရွာရှိ ဒေသခံများထံမှသိရသည်။
“မနက် (၆) နာရီလောက်မှာ ဖြစ်သွားတာ တံတားရဲ့ ခံနိုင်ဝန်က (၁၃) တန်ပဲရှိတယ်၊ အခု ပျဉ်ကားက ခြောက်ဘီးကားဆိုတော့ ဝန်နဲ့ဆိုရင် (၁၆၊၁၇) တန်လောက်ရှိတယ်၊ ကားဖြတ်တုန်းတံတားအလယ်မှာ ကျိုးကျတာ ကားမောင်းတဲ့သူရော၊ ကားနောက်လိုက်တဲ့သူရော (၂)ယောက်လုံး ဆုံးသွားတယ်၊ ကား နောက်လိုက်တဲ့ ကလေးကတော့ ကားခေါင်းခန်းထဲမှာပဲ ပွဲချင်းပြီး ဆုံးတာ၊ ကားမောင်းတဲ့သူကတော့ အိမ်ရောက်မှ ဆုံးသွားတာ” ဟု ၎င်းကပြောသည်။
သေဆုံးသူမျာမှာ ယာဉ်မောင်း ဦးအောင်မြင့်ထွန်း အသက် (၃၂)နှစ်နှင့် ကိုမြင့်သူ အသက် (၂၀) နှစ်တိုဖြစ်ပြီး မိုးညှင်းမြိုနယ်တွင် နေထိုင်ကြသူများဖြစ်ကြောင်း သိရသည်။
#mhtnews
(Zawgyi)
“မိုးညှင်းမြို့နယ်၌ တံတားခံနိုင်ဝန်ထက် ကျော်လွန်ကာ ပျဉ်များသယ်ဆောင်လာသည့် ၆ ဘီးကားတစ်စီး တံတားကျိးကျပြီး ယာဉ်ပေါ်ပါသူ (၂) ဦး သေဆုံး”
ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်၊ နန့်ပုပ်ကျေးရွာရှိ ချောင်းကူးတံတားပေါ်တွင် ပျဉ်သယ်လာသည့် ၆ ဘီး ယာဉ်တစ်စီး ဖြတ်သန်းမောင်းနှင်စဉ် တံတားကျိးကျမှု ဖြစ်ပေါ်ခဲ့ပြီး ကားပေါ်ပါလာသည့် လူ(၂)ဦး သေဆုံး ခဲ့ကြောင်း နန်ပုပ်ကျေးရွာရှိ ဒေသခံများထံမှသိရသည်။
“မနက် (၆) နာရီလောက်မှာ ဖြစ်သွားတာ တံတားရဲ့ ခံနိုင်ဝန်က (၁၃) တန်ပဲရှိတယ်၊ အခု ပျဉ်ကားက ခြောက်ဘီးကားဆိုတော့ ဝန်နဲ့ဆိုရင် (၁၆၊၁၇) တန်လောက်ရှိတယ်၊ ကားဖြတ်တုန်းတံတားအလယ်မှာ ကျိးကျတာ ကားမောင်းတဲ့သူရော၊ ကားနောက်လိုက်တဲ့သူရော (၂)ယောက်လုံး ဆုံးသွားတယ်၊ ကား နောက်လိုက်တဲ့ ကလေးကတော့ ကားခေါင်းခန်းထဲမှာပဲ ပွဲချင်းပြီး ဆုံးတာ၊ ကားမောင်းတဲ့သူကတော့ အိမ်ရောက်မှ ဆုံးသွားတာ” ဟု ၎င်းကပြောသည်။
သေဆုံးသူမျာမှာ ယာဉ်မောင်း ဦးအောင်မြင့်ထွန်း အသက် (၃၂)နှစ်နှင့် ကိုမြင့်သူ အသက် (၂၀) နှစ်တို့ဖြစ်ပြီး မိုးညှင်းမြို့နယ်တွင် နေထိုင်ကြသူများဖြစ်ကြောင်း သိရသည်။
#mhtnews
Recent Comments