ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုင်းယောတိုက်နယ်၊ ပန်ထိုလိန်ကျေးရွာအုပ်စု၊ ခိုခမ်းကျေးရွာရှိ ရွာလယ်လမ်းမ၌ PDF အကြမ်းဖက်အုပ်စုမှာ လာရောက်ထောင်ထားသည့် မြေမြှုတ်မိုင်းပေါက်ကွဲမှုကြောင့် လမ်းဘေးမှာ ဆော့ကစားနေတဲ့ အသက် ၁ နှစ်ကျော်ကလေးငယ်တစ်ဦးအပါအဝင် ကလေးငယ် ၁၁ ဦးတို ပြင်ထန်ဒဏ်ရာရရှိခဲ့တဲ့ဖြစ်စဥ်တစ်ခု မတ်လ ၅ ရက်က ဖြစ်ပွားခဲ့တယ်လို ဒေသခံများထံမှ သိရပါတယ်။
“ကျေးရွာထဲလာပြီ မြေမြှုပ်မိုင်းထောင်တာ တော်တော်ဆိုးတယ်။ ခုဖြစ်တဲ့နေရာက ကလေးတွေဆော့ကစားတဲ့နေရာ။ အခု ဘာမှမသိတဲ့ကလေးတွေသေသွားပြီ။ ဒဏ်ရာရတဲ့ ကလေးတွေဆို နာလိုအော်နေကြတာ။ ဒီမှာ မိန်းကလေးရော၊ ယောက်ျားလေးရော လက်ပျက်၊ မျက်နှာတွေထိပြီး ဒဏ်ရာက တော်တော်လေးပြင်းထန်တယ်” လို ကျေးရွာနေပြည်သူတစ်ဦးက ပြောပါတယ်။
သေဆုံးခဲ့တဲ့ ကလေး(၃) ဦးမှာ အသက် (၁) နှစ်ကျော်ခန့်ကလေးငယ်ဖြစ်တဲ့ စိုင်းအောင်လိန်၊ အသက် (၆) နှစ်အရွယ် စိုင်းယုံးခမ်း နဲ့ အသက် (၈) နှစ်အရွယ် နန်းဆိုင်အောင်တို ဖြစ်တယ်လိုသိရပြီး ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့ ကလေး (၁၁) ဦးကတော့ ပြင်းထန်ဒဏ်ရာတွေနဲ့ လာရိူးပြည်သူ့ဆေးရုံမှာ ဆေးကုသခံယူနေတယ်လို သိရပါတယ်။
#mhtnews
(Zawgyi)
“မိုင်းယောတိုက်နယ်၊ ခိုခမ်းကျေးရွာ၌ PDF အကြမ်းဖက်အုပ်စုမှ ကျေးရွာအတွင်းသို့ ဝင်ရောက်ထောင်ထားသည့် မိုင်းပေါက်ကွဲမှုကြောင့် အသက် ၁ နှစ်ကျော်ကလေးငယ်တစ်ဦးအပါအဝင် ကလေးငယ် (၃) ဦး သေဆုံးကာ ကလေးငယ် ၁၁ ဦး ဒဏ်ရာရရှိ”
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုင်းယောတိုက်နယ်၊ ပန်ထိုလိန်ကျေးရွာအုပ်စု၊ ခိုခမ်းကျေးရွာရှိ ရွာလယ်လမ်းမ၌ PDF အကြမ်းဖက်အုပ်စုမှာ လာရောက်ထောင်ထားသည့် မြေမြှုတ်မိုင်းပေါက်ကွဲမှုကြောင့် လမ်းဘေးမှာ ဆော့ကစားနေတဲ့ အသက် ၁ နှစ်ကျော်ကလေးငယ်တစ်ဦးအပါအဝင် ကလေးငယ် ၁၁ ဦးတို့ ပြင်ထန်ဒဏ်ရာရရှိခဲ့တဲ့ဖြစ်စဉ်တစ်ခု မတ်လ ၅ ရက်က ဖြစ်ပွားခဲ့တယ်လို့ ဒေသခံများထံမှ သိရပါတယ်။
သေဆုံးခဲ့တဲ့ ကလေး(၃) ဦးမှာ အသက် (၁) နှစ်ကျော်ခန့်ကလေးငယ်ဖြစ်တဲ့ စိုင်းအောင်လိန်၊ အသက် (၆) နှစ်အရွယ် စိုင်းယုံးခမ်း နဲ့ အသက် (၈) နှစ်အရွယ် နန်းဆိုင်အောင်တို့ ဖြစ်တယ်လို့သိရပြီး ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့ ကလေး (၁၁) ဦးကတော့ ပြင်းထန်ဒဏ်ရာတွေနဲ့ လာရိုးပြည်သူ့ဆေးရုံမှာ ဆေးကုသခံယူနေတယ်လို့ သိရပါတယ်။
#mhtnews