မိန်းကလေးတစ်ဦးကို လုပ်အားခများ ခေါင်းပုံဖြတ်၍ အကြိမ်ကြိမ်အဓမ္မပြုကျင့်ခဲ့သူကို လူကုန်ကူးမှုဖြင့် ထောင်ဒဏ် တစ်သက်ချမှတ်ခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။
ဖြစ်စဉ်မှာ တနင်္သာရီတိုင်းဒေသကြီး၊ လောင်းလုံမြို့နယ်၊ ကမြောကြီးကျေးရွာနေ ဟန်ဦးနှင့် ၎င်း၏ ဇနီး မဇင်မာထွေးတို့က တနင်္သာရီတိုင်းဒေသကြီး၊ လောင်းလုံမြို့နယ်နေ တူမဖြစ်သူ မ xxx ၊ ၁၇ နှစ်အား ကျောင်းပိတ်ချိန်ကာလအတွင်း ထိုင်းနိုင်ငံ၊ ကရဘူရိမြို့ရှိ အထည်ဆိုင်တွင် အလုပ်လုပ်ကိုင်ရန် စည်းရုံး ပြောဆို၍ ထိုင်းနိုင်ငံရှိ ရော်ဘာခြံနေအိမ်သို့ ခေါ်ဆောင်ကာ ရော်ဘာခြစ်သည့် အလုပ်ခိုင်းစေ၍ လုပ်အားခများ ခေါင်းပုံဖြတ်ရယူခြင်း၊ ဟန်ဦးမှ ဓားထောက်ခြိမ်းခြောက်၍ သားမယားအဖြစ် အကြိမ်ကြိမ်အဓမ္မ ပြုကျင့်ခဲ့သဖြင့် မောင်းမကန်နယ်မြေရဲစခန်း၊ (ပ) ၂/ ၂၀၂၁၊ လူကုန်ကူးမှု တားဆီးကာကွယ်ရေး ဥပဒေပုဒ်မ ၂၄/ ၂၉နှင့် မောင်းမကန်နယ်မြေရဲစခန်း၊ (ပ) ၄/ ၂၀၂၁၊ ရာဇသတ်ကြီးပုဒ်မ ၃၇၆တို့ဖြင့် အမှုရေးဖွင့်ခဲ့ပြီး ထားဝယ်ခရိုင် တရားရုံးသို့ တရားစွဲတင်ပို့ခဲ့ရာ မတ် ၈ ရက်တွင် တရားခံ ဟန်ဦးကို လူကုန်ကူးမှု တားဆီး ကာကွယ်ရေး ဥပဒေပုဒ်မ ၂၄/ ၂၉ အရ ထောင်ဒဏ်တစ်သက်နှင့် ရာဇသတ်ကြီး ပုဒ်မ ၃၇၆ (၁) အရ အလုပ်နှင့် ထောင်ဒဏ် ၁၀ နှစ်အား တစ်ပေါင်းတည်းကျခံစေရန်နှင့် တရားခံ မဇင်မာထွေးကို လူကုန်ကူးမှု တားဆီး ကာကွယ်ရေး ဥပဒေပုဒ်မ ၂၄ အရ အလုပ်နှင့် ထောင်ဒဏ် ၁၀ နှစ် ချမှတ်ခဲ့ကြောင်း သိရသည်။
(Zawgyi)
“မိန္းကေလးတစ္ဦးကို လုပ္အားခမ်ား ေခါင္းပုံျဖတ္၍ အႀကိမ္ႀကိမ္အဓမၼျပဳက်င့္ခဲ့သူကို လူကုန္ကူးမႈျဖင့္ ေထာင္ဒဏ္ တစ္သက္ခ်မွတ္”
မိန္းကေလးတစ္ဦးကို လုပ္အားခမ်ား ေခါင္းပုံျဖတ္၍ အႀကိမ္ႀကိမ္အဓမၼျပဳက်င့္ခဲ့သူကို လူကုန္ကူးမႈျဖင့္ ေထာင္ဒဏ္ တစ္သက္ခ်မွတ္ခဲ့ေၾကာင္း ျမန္မာနိုင္ငံရဲတပ္ဖြဲ႕မွ သိရသည္။
ျဖစ္စဥ္မွာ တနသၤာရီတိုင္းေဒသႀကီး၊ ေလာင္းလုံၿမိဳ႕နယ္၊ ကေျမာႀကီးေက်း႐ြာေန ဟန္ဦးႏွင့္ ၎၏ ဇနီး မဇင္မာေထြးတို႔က တနသၤာရီတိုင္းေဒသႀကီး၊ ေလာင္းလုံၿမိဳ႕နယ္ေန တူမျဖစ္သူ မ xxx ၊ ၁၇ ႏွစ္အား ေက်ာင္းပိတ္ခ်ိန္ကာလအတြင္း ထိုင္းနိုင္ငံ၊ ကရဘူရိၿမိဳ႕ရွိ အထည္ဆိုင္တြင္ အလုပ္လုပ္ကိုင္ရန္ စည္း႐ုံး ေျပာဆို၍ ထိုင္းနိုင္ငံရွိ ေရာ္ဘာၿခံေနအိမ္သို႔ ေခၚေဆာင္ကာ ေရာ္ဘာျခစ္သည့္ အလုပ္ခိုင္းေစ၍ လုပ္အားခမ်ား ေခါင္းပုံျဖတ္ရယူျခင္း၊ ဟန္ဦးမွ ဓားေထာက္ၿခိမ္းေျခာက္၍ သားမယားအျဖစ္ အႀကိမ္ႀကိမ္အဓမၼ ျပဳက်င့္ခဲ့သျဖင့္ ေမာင္းမကန္နယ္ေျမရဲစခန္း၊ (ပ) ၂/ ၂၀၂၁၊ လူကုန္ကူးမႈ တားဆီးကာကြယ္ေရး ဥပေဒပုဒ္မ ၂၄/ ၂၉ႏွင့္ ေမာင္းမကန္နယ္ေျမရဲစခန္း၊ (ပ) ၄/ ၂၀၂၁၊ ရာဇသတ္ႀကီးပုဒ္မ ၃၇၆တို႔ျဖင့္ အမႈေရးဖြင့္ခဲ့ၿပီး ထားဝယ္ခရိုင္ တရား႐ုံးသို႔ တရားစြဲတင္ပို႔ခဲ့ရာ မတ္ ၈ ရက္တြင္ တရားခံ ဟန္ဦးကို လူကုန္ကူးမႈ တားဆီး ကာကြယ္ေရး ဥပေဒပုဒ္မ ၂၄/ ၂၉ အရ ေထာင္ဒဏ္တစ္သက္ႏွင့္ ရာဇသတ္ႀကီး ပုဒ္မ ၃၇၆ (၁) အရ အလုပ္ႏွင့္ ေထာင္ဒဏ္ ၁၀ ႏွစ္အား တစ္ေပါင္းတည္းက်ခံေစရန္ႏွင့္ တရားခံ မဇင္မာေထြးကို လူကုန္ကူးမႈ တားဆီး ကာကြယ္ေရး ဥပေဒပုဒ္မ ၂၄ အရ အလုပ္ႏွင့္ ေထာင္ဒဏ္ ၁၀ ႏွစ္ ခ်မွတ္ခဲ့ေၾကာင္း သိရသည္။
Recent Comments