ရခိုင်ပြည်နယ်၊ မာန်အောင်မြို့နယ်၊ သစ်ဝအုပ်စု၊ သစ်ဝချောင်းအတွင်းမှ ယမန်နေ့ (မတ်လ ၁၇ ရက်) မွန်းလွဲပိုင်းတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ပို့ဆောင်ရောင်းချမည့် တရားမဝင်နွား (၅၈) ကောင်နှင့် မှောင်ခိုစက်လှေတစ်စီးတို့ကို ဖမ်းဆီးရခဲ့ကြောင်း သိရသည်။

သတင်းအရ လုံခြုံရေးပူးပေါင်းအဖွဲ့များက သစ်ဝချောင်းအတွင်းရှိ ရတနာထွန်းစက်လှေအား သွားရောက် စစ်ဆေးခဲ့ရာ ဆိပ်ကမ်းပေါ်၌ ၎င်းစက်လှေပေါ် တင်ဆောင်မည့် နွားထီး ၅ ကောင်၊ နွားမ ၅၃ ကောင်၊ စုစုပေါင်း ၅၈ ကောင်၊ (ကာလတန်ဖိုး ၂၄၉၀၀၀၀၀ ကျပ်ခန့်)နှင့်အတူ နွားပိုင်ရှင် ၄ ဦး၊ နွားရောင်းဝယ်သူ ၁ ဦး၊ စက်လှေပိုင်ရှင် ၁ ဦး၊ စက်လှေလုပ်သား ၁၀ ဦးအပြင် နွားကျောင်းသား ၂ ဦးတို့ကို ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။

ဖမ်းဆီးရမိသူများ၏ ထွက်ဆိုချက်အရ ၎င်းနွားများကို ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ပို့ဆောင်ရောင်းချရန် နွားတစ်ကောင်လျှင် ၄၀၀၀၀၀ ကျပ်နှုန်းဖြင့် ဝယ်ယူ စုဆောင်းကာ ရတနာထွန်းစက်လှေအား ငွေ ၅၀ သိန်းဖြင့် ငှားရမ်းခဲ့ဖြစ်ကြောင်းနှင့် ဖမ်းဆီးရမိနွားများကို သစ်ပုံနယ်မြေရဲစခန်း၌ ထိန်းသိမ်းထားရှိပြီး တရားခံများအား အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေပုဒ်မ-၅ အရ အမှုဖွင့်လှစ်ကာ တရားစွဲဆိုနိုင်ရေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

#mhtnews

(Zawgyi)

“မာန္ေအာင္ၿမိဳ႕နယ္၌ ဘဂၤလားေဒ့ရွ္နိုင္ငံသို႔ ပို႔ေဆာင္ေရာင္းခ်မည့္ တရားမဝင္ႏြား (၅၈) ေကာင္ႏွင့္ ေမွာင္ခိုစက္ေလွတစ္စီး ဖမ္းဆီးရမိ”

ရခိုင္ျပည္နယ္၊ မာန္ေအာင္ၿမိဳ႕နယ္၊ သစ္ဝအုပ္စု၊ သစ္ဝေခ်ာင္းအတြင္းမွ ယမန္ေန႕ (မတ္လ ၁၇ ရက္) မြန္းလြဲပိုင္းတြင္ ဘဂၤလားေဒ့ရွ္နိုင္ငံသို႔ ပို႔ေဆာင္ေရာင္းခ်မည့္ တရားမဝင္ႏြား (၅၈) ေကာင္ႏွင့္ ေမွာင္ခိုစက္ေလွတစ္စီးတို႔ကို ဖမ္းဆီးရခဲ့ေၾကာင္း သိရသည္။

သတင္းအရ လုံၿခဳံေရးပူးေပါင္းအဖြဲ႕မ်ားက သစ္ဝေခ်ာင္းအတြင္းရွိ ရတနာထြန္းစက္ေလွအား သြားေရာက္ စစ္ေဆးခဲ့ရာ ဆိပ္ကမ္းေပၚ၌ ၎စက္ေလွေပၚ တင္ေဆာင္မည့္ ႏြားထီး ၅ ေကာင္၊ ႏြားမ ၅၃ ေကာင္၊ စုစုေပါင္း ၅၈ ေကာင္၊ (ကာလတန္ဖိုး ၂၄၉၀၀၀၀၀ က်ပ္ခန႔္)ႏွင့္အတူ ႏြားပိုင္ရွင္ ၄ ဦး၊ ႏြားေရာင္းဝယ္သူ ၁ ဦး၊ စက္ေလွပိုင္ရွင္ ၁ ဦး၊ စက္ေလွလုပ္သား ၁၀ ဦးအျပင္ ႏြားေက်ာင္းသား ၂ ဦးတို႔ကို ဖမ္းဆီးရမိခဲ့ျခင္းျဖစ္သည္။

ဖမ္းဆီးရမိသူမ်ား၏ ထြက္ဆိုခ်က္အရ ၎ႏြားမ်ားကို ဘဂၤလားေဒ့ရွ္နိုင္ငံသို႔ ပို႔ေဆာင္ေရာင္းခ်ရန္ ႏြားတစ္ေကာင္လွ်င္ ၄၀၀၀၀၀ က်ပ္ႏႈန္းျဖင့္ ဝယ္ယူ စုေဆာင္းကာ ရတနာထြန္းစက္ေလွအား ေငြ ၅၀ သိန္းျဖင့္ ငွားရမ္းခဲ့ျဖစ္ေၾကာင္းႏွင့္ ဖမ္းဆီးရမိႏြားမ်ားကို သစ္ပုံနယ္ေျမရဲစခန္း၌ ထိန္းသိမ္းထားရွိၿပီး တရားခံမ်ားအား အေရးႀကီးကုန္စည္ႏွင့္ ဝန္ေဆာင္မႈဥပေဒပုဒ္မ-၅ အရ အမႈဖြင့္လွစ္ကာ တရားစြဲဆိုနိုင္ေရးေဆာင္႐ြက္လ်က္ရွိေၾကာင္း သိရသည္။

#mhtnews