မသန်စွမ်းသူများအပေါ် အကြမ်းဖက်သူများကို ထိရောက်မြန်ဆန်သည့် တရားစီရင်ရေးဖြင့် အမြင့်ဆုံးနှင့် အပြင်းထန်ဆုံး ပြစ်ဒဏ်စီရင် ချမှတ်နိုင်ရေး ဆောင်ရွက်ပေးကြဖို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ယမန်နေ့ကပြုလုပ်တဲ့ “မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ အမျိုးသားကော်မတီအစည်းအဝေး (၁/၂၀၂၂)” သို့ တက်ရောက်အမှာစကားပြောကြားစဥ် ထည့်သွင်းပြောကြားခဲ့ပါတယ်။

ဒုတိယ ဗိုလ်ချုပ်မှူးကြီးစိုးဝင်း က “မသန်စွမ်းသူများရဲ့ လူမှုဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် မသန်စွမ်းသူများရဲ့ အခွင့်အရေးဆိုင်ရာ မဟာဗျူဟာစီမံ ကိန်း (၂၀၂၂-၂၀၂၇)ကို အကောင်အထည်ဖော်ရာမှာ မိမိတို့ အမျိုးသားအဆင့်ကော်မတီ အဖွဲ့ဝင်များအနေနဲ့ တာဝန်ဝတ္တရားအရတင်မဟုတ်ဘဲ လူ့အခွင့်အရေးအရပင်ဖြစ်စေ၊ လူသားချင်းစာနာ ထောက်ထားခြင်းအရပင်ဖြစ်စေ စေတနာ၊ ကိုယ်ချင်းစာတရားတို့နဲ့ မိမိတို့ရဲ့ ကျရာကဏ္ဍအလိုက် ဆောင်ရွက်ပေးကြရမှာဖြစ်ကြောင်း၊ အလားတူ မသန်စွမ်းမှုများအပေါ် အကြမ်းဖက်သူများကိုလည်း ထိရောက်မြန်ဆန်တဲ့ တရားစီရင်ရေးနဲ့ အမြင့်ဆုံးနဲ့ အပြင်းထန်ဆုံးပြစ်ဒဏ်စီရင် ချမှတ်နိုင်ရေး၊ တရားဥပဒေစိုးမိုးရေးနဲ့ တရားစီရင်ရေးအဖွဲ့အစည်းများက အခြားသောပြစ်မှုများနဲ့မတူဘဲ မသန်စွမ်းသူများရဲ့ သွားလာရေး၊ ငွေကြေး ကန့်သတ်ချက်တွေအပေါ် ငဲ့ညှာလျက် အမြန်ဆုံး ပြီးပြတ်အောင် ဆောင်ရွက်ပေးကြရန် တိုက်တွန်းလိုကြောင်းနဲ့ မသန်စွမ်းသူများရဲ့ အခွင့်အရေးများအပေါ် ကူညီပံ့ပိုးပေးနိုင်မယ့် သက်ဆိုင်ရာ ဝန်ကြီးဌာနများအားလုံး၊ အမျိုးသားအဆင့် ကော်မတီအဖွဲ့ဝင်များအားလုံးတို့က ဝိုင်းဝန်းကူညီဖြည့်ဆည်း ဆောင်ရွက်ပေးကြဖို့လိုကြောင်း” တိုက်တွန်းပြောကြားခဲ့တာဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ ၂၀၁၄ခုနှစ် သန်းခေါင်စာရင်းအရ မသန်စွမ်းသူဦးရေ (၂ ဒသမ ၃)သန်း (နိုင်ငံ့လူဦးရေ၏ ၄ ဒသမ၆ ရာခိုင်နှုန်း)ရှိပြီး အဆိုပါ မသန်စွမ်းသူများအနေနဲ့ ဂုဏ်သိက္ခာရှိစွာနဲ့ အမှီအခိုကင်းစွာ ဘဝရပ်တည်နိုင်ရေးအတွက် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိတဲ့ လုပ်ငန်းများဖြစ်တဲ့ မသန်စွမ်းမှုအမျိုးအစားအလိုက် သက်ဆိုင်ရာဒေသနဲ့ကိုက်ညီတဲ့ အသက်မွေးဝမ်းကျောင်း သင်တန်းများဖွင့်လှစ်ခြင်း၊ အလုပ်အကိုင်အခွင့်အလမ်းနဲ့ ကိုယ်ပိုင်ဝင်ငွေများရရှိစေဖို့အတွက် ဆောင်ရွက်ပေးလျက်ရှိတယ်လို့ သိရပါတယ်။

#mhtnews

(Zawgyi)

“မသန္စြမ္းသူမ်ားအေပၚ အၾကမ္းဖက္သူမ်ားကို ထိေရာက္ျမန္ဆန္သည့္ တရားစီရင္ေရးျဖင့္ အျမင့္ဆုံးႏွင့္ အျပင္းထန္ဆုံး ျပစ္ဒဏ္စီရင္ ခ်မွတ္နိုင္ေရး ေဆာင္႐ြက္ေပးၾကရန္ ဒုတိယဗိုလ္ခ်ဳပ္မႉးႀကီး စိုးဝင္း တိုက္တြန္း”

မသန္စြမ္းသူမ်ားအေပၚ အၾကမ္းဖက္သူမ်ားကို ထိေရာက္ျမန္ဆန္သည့္ တရားစီရင္ေရးျဖင့္ အျမင့္ဆုံးႏွင့္ အျပင္းထန္ဆုံး ျပစ္ဒဏ္စီရင္ ခ်မွတ္နိုင္ေရး ေဆာင္႐ြက္ေပးၾကဖို႔ နိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီ ဒုတိယဥကၠ႒၊ ဒုတိယဗိုလ္ခ်ဳပ္မႉးႀကီး စိုးဝင္းက ယမန္ေန႕ကျပဳလုပ္တဲ့ “မသန္စြမ္းသူမ်ား၏ အခြင့္အေရးမ်ားဆိုင္ရာ အမ်ိဳးသားေကာ္မတီအစည္းအေဝး (၁/၂၀၂၂)” သို႔ တက္ေရာက္အမွာစကားေျပာၾကားစဥ္ ထည့္သြင္းေျပာၾကားခဲ့ပါတယ္။

ဒုတိယ ဗိုလ္ခ်ဳပ္မႉးႀကီးစိုးဝင္း က “မသန္စြမ္းသူမ်ားရဲ႕ လူမႈဘဝဖြံ႕ၿဖိဳးတိုးတက္ေရးအတြက္ မသန္စြမ္းသူမ်ားရဲ႕ အခြင့္အေရးဆိုင္ရာ မဟာဗ်ဴဟာစီမံ ကိန္း (၂၀၂၂-၂၀၂၇)ကို အေကာင္အထည္ေဖာ္ရာမွာ မိမိတို႔ အမ်ိဳးသားအဆင့္ေကာ္မတီ အဖြဲ႕ဝင္မ်ားအေနနဲ႕ တာဝန္ဝတၱရားအရတင္မဟုတ္ဘဲ လူ႕အခြင့္အေရးအရပင္ျဖစ္ေစ၊ လူသားခ်င္းစာနာ ေထာက္ထားျခင္းအရပင္ျဖစ္ေစ ေစတနာ၊ ကိုယ္ခ်င္းစာတရားတို႔နဲ႕ မိမိတို႔ရဲ႕ က်ရာက႑အလိုက္ ေဆာင္႐ြက္ေပးၾကရမွာျဖစ္ေၾကာင္း၊ အလားတူ မသန္စြမ္းမႈမ်ားအေပၚ အၾကမ္းဖက္သူမ်ားကိုလည္း ထိေရာက္ျမန္ဆန္တဲ့ တရားစီရင္ေရးနဲ႕ အျမင့္ဆုံးနဲ႕ အျပင္းထန္ဆုံးျပစ္ဒဏ္စီရင္ ခ်မွတ္နိုင္ေရး၊ တရားဥပေဒစိုးမိုးေရးနဲ႕ တရားစီရင္ေရးအဖြဲ႕အစည္းမ်ားက အျခားေသာျပစ္မႈမ်ားနဲ႕မတူဘဲ မသန္စြမ္းသူမ်ားရဲ႕ သြားလာေရး၊ ေငြေၾကး ကန႔္သတ္ခ်က္ေတြအေပၚ ငဲ့ညွာလ်က္ အျမန္ဆုံး ၿပီးျပတ္ေအာင္ ေဆာင္႐ြက္ေပးၾကရန္ တိုက္တြန္းလိုေၾကာင္းနဲ႕ မသန္စြမ္းသူမ်ားရဲ႕ အခြင့္အေရးမ်ားအေပၚ ကူညီပံ့ပိုးေပးနိုင္မယ့္ သက္ဆိုင္ရာ ဝန္ႀကီးဌာနမ်ားအားလုံး၊ အမ်ိဳးသားအဆင့္ ေကာ္မတီအဖြဲ႕ဝင္မ်ားအားလုံးတို႔က ဝိုင္းဝန္းကူညီျဖည့္ဆည္း ေဆာင္႐ြက္ေပးၾကဖို႔လိုေၾကာင္း” တိုက္တြန္းေျပာၾကားခဲ့တာျဖစ္ပါတယ္။

ျမန္မာနိုင္ငံမွာ ၂၀၁၄ခုႏွစ္ သန္းေခါင္စာရင္းအရ မသန္စြမ္းသူဦးေရ (၂ ဒသမ ၃)သန္း (နိုင္ငံ့လူဦးေရ၏ ၄ ဒသမ၆ ရာခိုင္ႏႈန္း)ရွိၿပီး အဆိုပါ မသန္စြမ္းသူမ်ားအေနနဲ႕ ဂုဏ္သိကၡာရွိစြာနဲ႕ အမွီအခိုကင္းစြာ ဘဝရပ္တည္နိုင္ေရးအတြက္ အေကာင္အထည္ေဖာ္ ေဆာင္႐ြက္လ်က္ရွိတဲ့ လုပ္ငန္းမ်ားျဖစ္တဲ့ မသန္စြမ္းမႈအမ်ိဳးအစားအလိုက္ သက္ဆိုင္ရာေဒသနဲ႕ကိုက္ညီတဲ့ အသက္ေမြးဝမ္းေက်ာင္း သင္တန္းမ်ားဖြင့္လွစ္ျခင္း၊ အလုပ္အကိုင္အခြင့္အလမ္းနဲ႕ ကိုယ္ပိုင္ဝင္ေငြမ်ားရရွိေစဖို႔အတြက္ ေဆာင္႐ြက္ေပးလ်က္ရွိတယ္လို႔ သိရပါတယ္။

#mhtnews