“မရှိမဖြစ်လိုအပ်သည့် အခြေခံအဆောက်အအုံဆိုင်ရာ လုပ်ငန်းများ၊ လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို ဦးစားပေး စိစစ်ခွင့်ပြုခဲ့ခြင်းဖြစ်ကြောင်း” ဘဏ္ဍာရေးဆိုင်ရာကော်မရှင် ဒုတိယဥက္ကဋ္ဌ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက ယမန်နေ့တွင်ပြုလုပ်ခဲ့သည့် ဘဏ္ဍာရေးဆိုင်ရာကော်မရှင် အစည်းအဝေးအမှတ်စဉ် (၁/၂၀၂၂) တွင် ပြောကြားခဲ့သည်။
ဘဏ္ဍာရေးဆိုင်ရာကော်မရှင် ဒုတိယဥက္ကဋ္ဌ၊ ဒုတိယဗိုလ်ချုပ်မှူးကြီးက ရငွေပိုင်းတွင် ကိုဗစ်-၁၉ ကူးစက်ရောဂါ၏ နောက်ဆက်တွဲ စီးပွားရေးထိခိုက်မှုနှင့် နိုင်ငံရေးဖြစ်စဉ်များကြောင့် ရငွေလျော့နည်းနိုင်မည်ဖြစ်သော်လည်း အမှန်ရရှိနိုင်မည့် အခြေအနေအပေါ်မူတည်၍ လျာထားမှုအပေါ် စိစစ်ထားရှိကြောင်း၊ အသုံးစရိတ်ပိုင်းတွင် ကိုဗစ်-၁၉ စီးပွားရေးထိခိုက်မှု သက်သာစေရေးစီမံချက် Covid-19 Economic Relief Plan (CERP) လုပ်ငန်းအစီအစဉ်တွင်ပါရှိသည့် အစိုးရ၏ ရင်းနှီးမြှုပ်နှံမှုများကို ဦးစားပေးဆောင်ရွက်ခြင်း လုပ်ငန်းအစီအစဉ်အရ လက်ငင်းအကျိုးရှိစေမည့် လုပ်ငန်းများ၊ ဘက်စုံအကျိုးသက်ရောက်မှုများဖြစ်စေမည့်လုပ်ငန်းများ၊ မရှိမဖြစ်လိုအပ်သည့် အခြေခံအဆောက်အအုံဆိုင်ရာ လုပ်ငန်းများ၊ လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို ဦးစားပေး စိစစ်ခွင့်ပြုခဲ့ခြင်းဖြစ်ကြောင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
ဆက်လက်၍လည်း သာမန်အသုံးစရိတ်ပိုင်းတွင် ဝန်ထမ်းသစ်များခန့်ထားမှု၊ စက်သုံးဆီသုံးစွဲမှုများ ကိုလည်း ယခုဘဏ္ဍာရေးနှစ်တွင် အထူးစိစစ်ခဲ့ပါကြောင်း၊ လုပ်ငန်းလည်ပတ်မှုနှင့် ကုန်ထုတ်လုပ်မှုကို တိုက်ရိုက်အကျိုးပြုစေသည့် သာမန်အသုံးစရိတ်များကို စိစစ်ခွင့်ပြုထားကြောင်းကိုလည်း ဒုတိယဗိုလ်ချုပ်မှူးကြီးက ရှင်းလင်းပြောကြားသည်။
အလားတူ ငွေလုံးငွေရင်း အသုံးစရိတ်ပိုင်းတွင် ၂၀၂၂-၂၀၂၃ မှ ၂၀၂၆-၂၀၂၇ (၅)နှစ် စီမံကိန်းလုပ်ငန်းများ၊ နိုင်ငံတော်မူဝါဒအရ ဦးစားပေးဆောင်ရွက်ရမည့် လုပ်ငန်း စီမံကိန်းများနှင့် ဆောင်ရွက်ဆဲစီမံကိန်းများအနက် ဦးစားပေးအဆင့်လိုက် ခွဲခြားစေပြီး စိစစ်ခဲ့ကြောင်း၊ ပြည်ပချေးငွေ၊ ထောက်ပံ့ငွေဖြင့် ဆောင်ရွက်မည့် စီမံကိန်းများ အတွက် ချေးငွေ၊ ထောက်ပံ့ငွေ အမှန်ရရှိသုံးစွဲနိုင်မည့် လုပ်ငန်းများကိုသာ ဦးစားပေး လျာထားခွင့်ပြုပေးခဲ့ကြောင်း၊ မူဝါဒ၊ ညွှန်ကြားချက်များနှင့် ကိုက်ညီမှုမရှိသည့် အသုံးစရိတ်များကို စိစစ်လျှော့ချနိုင်ခဲ့ကြောင်းတို့ကိုလည်း ရှင်းလင်းပြောကြားခဲ့သည်ဟု သိရသည်။
#mhtnews
(Zawgyi)
“မရွိမျဖစ္လိုအပ္သည့္ အေျခခံအေဆာက္အအုံဆိုင္ရာ လုပ္ငန္းမ်ား၊ လူ႕စြမ္းအား အရင္းအျမစ္ ဖြံ႕ၿဖိဳးတိုးတက္ေရးလုပ္ငန္းမ်ားကို ဦးစားေပး စိစစ္ခြင့္ျပဳခဲ့ျခင္းျဖစ္ေၾကာင္း ဒုတိယဗိုလ္ခ်ဳပ္မႉးႀကီးစိုးဝင္းေျပာၾကား”
“မရွိမျဖစ္လိုအပ္သည့္ အေျခခံအေဆာက္အအုံဆိုင္ရာ လုပ္ငန္းမ်ား၊ လူ႕စြမ္းအား အရင္းအျမစ္ ဖြံ႕ၿဖိဳးတိုးတက္ေရးလုပ္ငန္းမ်ားကို ဦးစားေပး စိစစ္ခြင့္ျပဳခဲ့ျခင္းျဖစ္ေၾကာင္း” ဘ႑ာေရးဆိုင္ရာေကာ္မရွင္ ဒုတိယဥကၠ႒၊ နိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီ ဒုတိယဥကၠ႒၊ ဒုတိယဗိုလ္ခ်ဳပ္မႉးႀကီးစိုးဝင္းက ယမန္ေန႕တြင္ျပဳလုပ္ခဲ့သည့္ ဘ႑ာေရးဆိုင္ရာေကာ္မရွင္ အစည္းအေဝးအမွတ္စဥ္ (၁/၂၀၂၂) တြင္ ေျပာၾကားခဲ့သည္။
ဘ႑ာေရးဆိုင္ရာေကာ္မရွင္ ဒုတိယဥကၠ႒၊ ဒုတိယဗိုလ္ခ်ဳပ္မႉးႀကီးကရေငြပိုင္းတြင္ ကိုဗစ္-၁၉ ကူးစက္ေရာဂါ၏ ေနာက္ဆက္တြဲ စီးပြားေရးထိခိုက္မႈႏွင့္ နိုင္ငံေရးျဖစ္စဥ္မ်ားေၾကာင့္ ရေငြေလ်ာ့နည္းနိုင္မည္ျဖစ္ေသာ္လည္း အမွန္ရရွိနိုင္မည့္ အေျခအေနအေပၚမူတည္၍ လ်ာထားမႈအေပၚ စိစစ္ထားရွိေၾကာင္း၊ အသုံးစရိတ္ပိုင္းတြင္ ကိုဗစ္-၁၉ စီးပြားေရးထိခိုက္မႈ သက္သာေစေရးစီမံခ်က္ Covid-19 Economic Relief Plan (CERP) လုပ္ငန္းအစီအစဥ္တြင္ပါရွိသည့္ အစိုးရ၏ ရင္းႏွီးျမႇုပ္ႏွံမႈမ်ားကို ဦးစားေပးေဆာင္႐ြက္ျခင္း လုပ္ငန္းအစီအစဥ္အရ လက္ငင္းအက်ိဳးရွိေစမည့္ လုပ္ငန္းမ်ား၊ ဘက္စုံအက်ိဳးသက္ေရာက္မႈမ်ားျဖစ္ေစမည့္လုပ္ငန္းမ်ား၊ မရွိမျဖစ္လိုအပ္သည့္ အေျခခံအေဆာက္အအုံဆိုင္ရာ လုပ္ငန္းမ်ား၊ လူ႕စြမ္းအား အရင္းအျမစ္ ဖြံ႕ၿဖိဳးတိုးတက္ေရးလုပ္ငန္းမ်ားကို ဦးစားေပး စိစစ္ခြင့္ျပဳခဲ့ျခင္းျဖစ္ေၾကာင္း ေျပာၾကားခဲ့ျခင္းျဖစ္သည္။
ဆက္လက္၍လည္း သာမန္အသုံးစရိတ္ပိုင္းတြင္ ဝန္ထမ္းသစ္မ်ားခန႔္ထားမႈ၊ စက္သုံးဆီသုံးစြဲမႈမ်ား ကိုလည္း ယခုဘ႑ာေရးႏွစ္တြင္ အထူးစိစစ္ခဲ့ပါေၾကာင္း၊ လုပ္ငန္းလည္ပတ္မႈႏွင့္ ကုန္ထုတ္လုပ္မႈကို တိုက္ရိုက္အက်ိဳးျပဳေစသည့္ သာမန္အသုံးစရိတ္မ်ားကို စိစစ္ခြင့္ျပဳထားေၾကာင္းကိုလည္း ဒုတိယဗိုလ္ခ်ဳပ္မႉးႀကီးက ရွင္းလင္းေျပာၾကားသည္။
အလားတူ ေငြလုံးေငြရင္း အသုံးစရိတ္ပိုင္းတြင္ ၂၀၂၂-၂၀၂၃ မွ ၂၀၂၆-၂၀၂၇ (၅)ႏွစ္ စီမံကိန္းလုပ္ငန္းမ်ား၊ နိုင္ငံေတာ္မူဝါဒအရ ဦးစားေပးေဆာင္႐ြက္ရမည့္ လုပ္ငန္း စီမံကိန္းမ်ားႏွင့္ ေဆာင္႐ြက္ဆဲစီမံကိန္းမ်ားအနက္ ဦးစားေပးအဆင့္လိုက္ ခြဲျခားေစၿပီး စိစစ္ခဲ့ေၾကာင္း၊ ျပည္ပေခ်းေငြ၊ ေထာက္ပံ့ေငြျဖင့္ ေဆာင္႐ြက္မည့္ စီမံကိန္းမ်ား အတြက္ ေခ်းေငြ၊ ေထာက္ပံ့ေငြ အမွန္ရရွိသုံးစြဲနိုင္မည့္ လုပ္ငန္းမ်ားကိုသာ ဦးစားေပး လ်ာထားခြင့္ျပဳေပးခဲ့ေၾကာင္း၊ မူဝါဒ၊ ၫႊန္ၾကားခ်က္မ်ားႏွင့္ ကိုက္ညီမႈမရွိသည့္ အသုံးစရိတ္မ်ားကို စိစစ္ေလွ်ာ့ခ်နိဳင္ခဲ့ေၾကာင္းတို႔ကိုလည္း ရွင္းလင္းေျပာၾကားခဲ့သည္ဟု သိရသည္။
#mhtnews
Recent Comments