မန္တလေးမြို့အပါအဝင် ပြည်တွင်းရှိမြို့အများအပြား၌ ဒူးနာ၊ ခါးနာရောဂါများအတွက် သုံးစွဲလျှက်ရှိသည့် ရသေ့အမှတ်တံဆိပ်ပါ ထိုင်းနိုင်ငံထုတ် တိုင်းရင်းဆေးတစ်မျိုးကို သောက်သုံးရန်မသင့်ကြောင်း ကြေညာထားသည်ဟု ဆရာဝန်များ၏ပြောဆိုချက်အရ သိရသည်။

“ဒီဆေးက အခုတလောအတော်လေးနာမည်ကြီးနေတယ်၊ အဲ့ဒီဆေးမှာက Steroid တွေအများကြီးပါနေတယ်ဗျ၊ နောက်ပြီးအကိုက်အခဲပျောက်ဆေးတွေလည်းပါတော့ လောလောဆယ် ရောဂါက သက်သာသွားတယ်၊ ဒါပေမဲ့ သူ့ရဲ့နောက်ဆက်တွဲဆိုးကျိုးကရှိနေတော့ မသောက်သင့်ဘူးပေါ့ဗျာ” ဟု မန္တလေးအခြေစိုက် ခွဲစိတ်အထူးကု ဆရာဝန်တစ်ဦးကပြောသည်။

အဆိုပါ ရသေ့ဆေး ခေါ် ထိုင်းတိုင်ရင်းဆေးကို မကြာသေးမီရက်ပိုင်းက ထိုင်းနိုင်ငံ FDA မှ ဝင်ရောက်စစ်ဆေးမှုပြုလုပ်ခဲ့ရာ ဆေးပုလင်းတစ်ပုလင်းလျှင် စတီးရွိုက် ဆေးပြား ၇၀၊ အကိုက်အခဲပျောက်ဆေးပြား ၃၀ အထိပါရှိနေသည့်အတွက် သောက်သုံးရန်မသင့်ကြောင်း ထိုင်း FDA ကထုတ်ပြန်ထားကြောင်း သိရသည်။

ယင်းဆေးကို သောက်သုံးခြင်းအားဖြင့် သွေးတိုး၊ ဆီးချိုစသည့်ရောဂါဝေဒနာများဖြစ်ပွားစေခြင်း သို့မဟုတ် ထိန်းသိမ်းကုသရန်ခက်ခဲခြင်း၊ အဝလွန်ခြင်း၊ မျက်နှာများဖောယောင်ခြင်းအစရှိသော ဘေးထွက်ဆိုးကျိုးအများအပြားကို ခံစားရနိုင်ကြောင်း မန္တလေးအခြေစိုက် အထွေထွေရောဂါကုသမားတော်တစ်ဦးက ဆိုသည်။

လက်ရှိအချိန်တွင် အဆိုပါထိုင်းနိုင်ငံထုတ် ရသေ့ဆေးမှာ မြန်မာပြည်တွင်းရှိ အွန်လိုင်းဈေးကွက်များအတွင်းထိ ရောက်ရှိလာနေသလို တစ်ပုလင်းလျှင် ငွေကျပ် ၁၅၀၀၀ မှ ၂၀၀၀၀ ကြားဖြင့် မြို့ကြီး အများအပြားတွင်လည်း ကျယ်ပြန့်စွာရောင်းချလျှက်ရှိကြောင်း သိရသည်။

#mhtnews

(Zawgyi)

“မႏၱေလးအပါအဝင္ ၿမိဳ႕အမ်ားအျပား၌ သုံးစြဲလွ်က္ရွိသည့္ ရေသ့အမွတ္တံဆိပ္ပါ ထိုင္းနိုင္ငံထုတ္တိုင္းရင္းေဆးကို ေသာက္သုံးရန္မသင့္ေၾကာင္း ေၾကညာထား”

မႏၱေလးၿမိဳ႕အပါအဝင္ ျပည္တြင္းရွိၿမိဳ႕အမ်ားအျပား၌ ဒူးနာ၊ ခါးနာေရာဂါမ်ားအတြက္ သုံးစြဲလွ်က္ရွိသည့္ ရေသ့အမွတ္တံဆိပ္ပါ ထိုင္းနိုင္ငံထုတ္ တိုင္းရင္းေဆးတစ္မ်ိဳးကို ေသာက္သုံးရန္မသင့္ေၾကာင္း ေၾကညာထားသည္ဟု ဆရာဝန္မ်ား၏ေျပာဆိုခ်က္အရ သိရသည္။

ဒီေဆးက အခုတေလာအေတာ္ေလးနာမည္ႀကီးေနတယ္၊ အဲ့ဒီေဆးမွာက Steroid ေတြအမ်ားႀကီးပါေနတယ္ဗ်၊ ေနာက္ၿပီးအကိုက္အခဲေပ်ာက္ေဆးေတြလည္းပါေတာ့ ေလာေလာဆယ္ ေရာဂါက သက္သာသြားတယ္၊ ဒါေပမဲ့ သူ႕ရဲ႕ေနာက္ဆက္တြဲဆိုးက်ိဳးကရွိေနေတာ့ မေသာက္သင့္ဘူးေပါ့ဗ်ာ ဟု မႏၱေလးအေျခစိုက္ ခြဲစိတ္အထူးကု ဆရာဝန္တစ္ဦးကေျပာသည္။

အဆိုပါ ရေသ့ေဆး ေခၚ ထိုင္းတိုင္ရင္းေဆးကို မၾကာေသးမီရက္ပိုင္းက ထိုင္းနိုင္ငံ FDA မွ ဝင္ေရာက္စစ္ေဆးမႈျပဳလုပ္ခဲ့ရာ ေဆးပုလင္းတစ္ပုလင္းလွ်င္ စတီး႐ြိုက္ ေဆးျပား ၇၀၊ အကိုက္အခဲေပ်ာက္ေဆးျပား ၃၀ အထိပါရွိေနသည့္အတြက္ ေသာက္သုံးရန္မသင့္ေၾကာင္း ထိုင္း FDA ကထုတ္ျပန္ထားေၾကာင္း သိရသည္။

ယင္းေဆးကို ေသာက္သုံးျခင္းအားျဖင့္ ေသြးတိုး၊ ဆီးခ်ိဳစသည့္ေရာဂါေဝဒနာမ်ားျဖစ္ပြားေစျခင္း သို႔မဟုတ္ ထိန္းသိမ္းကုသရန္ခက္ခဲျခင္း၊ အဝလြန္ျခင္း၊ မ်က္ႏွာမ်ားေဖာေယာင္ျခင္းအစရွိေသာ ေဘးထြက္ဆိုးက်ိဳးအမ်ားအျပားကို ခံစားရနိုင္ေၾကာင္း မႏၱေလးအေျခစိုက္ အေထြေထြေရာဂါကုသမားေတာ္တစ္ဦးက ဆိုသည္။

လက္ရွိအခ်ိန္တြင္ အဆိုပါထိုင္းနိုင္ငံထုတ္ ရေသ့ေဆးမွာ ျမန္မာျပည္တြင္းရွိ အြန္လိုင္းေဈးကြက္မ်ားအတြင္းထိ ေရာက္ရွိလာေနသလို တစ္ပုလင္းလွ်င္ ေငြက်ပ္ ၁၅၀၀၀ မွ ၂၀၀၀၀ ၾကားျဖင့္ ၿမိဳ႕ႀကီး အမ်ားအျပားတြင္လည္း က်ယ္ျပန့္စြာေရာင္းခ်လွ်က္ရွိေၾကာင္း သိရသည္။

#mhtnews