မန္တလေးတိုင်းဒေသကြီးအတွင်း လူမှုဖူလုံရေးအာမခံအလုပ်သမားများ၏ အကျိုးခံစားခွင့်ကို ၄ လအတွင်း ငွေကျပ်ကျပ်သန်းပေါင်း (၈၇၀)ကျော် ပံ့ပိုးပေးထားပြီးဖြစ်ကြောင်း တိုင်းဒေသကြီး လူမှုဖူလုံရေးရုံးထံမှ သိရသည်။
လူမှုဖူလုံရေး အလုပ်သမားများအတွက် အကျိုးခံစားခွင့်ရှိသည့် ၂၀၂၁ ခုနှစ် အောက်တိုဘာလမှ ၂၀၂၂ ခုနှစ် ဇန်နဝါရီလအထိ ၄ လအတွင်း အလုပ်သမားအမှုတွဲပေါင်း ၁၀၄၄၉ မှုရှိပြီး အများစုမှာ မမာမကျန်းမှုများဖြစ်ပြီး ဆေးဖိုးနှင့် ဆေးရုံတက်စာရိတ်များ၊ အမျိုးသမီးမီးဖွားမှုများအတွက် အများဆုံးတောင်းခံကြပြီး အဆိုပါ အကျိုးခံစားခွင့်ရှိသည့် အမှုတွဲများအတွက် ငွေကျပ်သန်းပေါင်း ၈၇၈ ဒဿမ ၈၅၅ သန်းကို ထုတ်ပေးခဲ့ခြင်းဖြစ်သည်။
လက်ရှိတွင် အာမခံစနစ် ၆ မျိုးရှိသည့်အနက် ကျန်းမာရေးနှင့် လူမှုရေးဆောင့်ရှောက်မှုအာမခံစနစ်၊ မိသားစုထောက်ပံ့မှုအာမခံစနစ်၊ အလုပ်ခွင်ထိခိုက်ဒဏ်ရာရရှိမှု အကျိုးခံစားခွင့် အာမခံစနစ် ဟူသည့် အာမခံစနစ် ၃ ခုကို အကောင်အထည်ဖော်လျှက်ရှိပြီး ကျန်အာမခံစနစ် ၃ မျိုးဖြစ်သည့် အလုပ်လုပ်ကိုင်နိုင်စွမ်းမရှိမှုအကျိုးခံစားခွင့်၊ သက်ပြည့်အငြိမ်းစား အကျိုးခံစားခွင့်နှင့် ကျန်ရစ်သူအကျိုးခံစားခွင့်အာမခံစနစ်၊ အလုပ်လက်မဲ့အကျိုးခံစားခွင့်အာမခံစနစ်နှင့် လူမှုဖူလုံရေးအိမ်ယာစီမံကိန်းအာမခံစနစ်ဟူသည့် အာမခံစနစ် ၃ မျိုးကိုတော့ အကောင်အထည်မဖော်သေးကြောင်း သိရသည်။
#mhtnews
(Zawgyi)
“မႏၱေလးတိုင္းေဒသႀကီးအတြင္း လူမႈဖူလုံေရးအာမခံအလုပ္သမားမ်ား၏ အက်ိဳးခံစားခြင့္ က်ပ္သန္းေပါင္း (၈၇၀) ေက်ာ္ပံ့ပိုးေပးထား”
မႏၱေလးတိုင္းေဒသႀကီးအတြင္း လူမႈဖူလုံေရးအာမခံအလုပ္သမားမ်ား၏ အက်ိဳးခံစားခြင့္ကို ၄ လအတြင္း ေငြက်ပ္က်ပ္သန္းေပါင္း (၈၇၀)ေက်ာ္ ပံ့ပိုးေပးထားၿပီးျဖစ္ေၾကာင္း တိုင္းေဒသႀကီး လူမႈဖူလုံေရး႐ုံးထံမွ သိရသည္။
လူမႈဖူလုံေရး အလုပ္သမားမ်ားအတြက္ အက်ိဳးခံစားခြင့္ရွိသည့္ ၂၀၂၁ ခုႏွစ္ ေအာက္တိုဘာလမွ ၂၀၂၂ ခုႏွစ္ ဇန္နဝါရီလအထိ ၄ လအတြင္း အလုပ္သမားအမႈတြဲေပါင္း ၁၀၄၄၉ မႈရွိၿပီး အမ်ားစုမွာ မမာမက်န္းမႈမ်ားျဖစ္ၿပီး ေဆးဖိုးႏွင့္ ေဆး႐ုံတက္စာရိတ္မ်ား၊ အမ်ိဳးသမီးမီးဖြားမႈမ်ားအတြက္ အမ်ားဆုံးေတာင္းခံၾကၿပီး အဆိုပါ အက်ိဳးခံစားခြင့္ရွိသည့္ အမႈတြဲမ်ားအတြက္ ေငြက်ပ္သန္းေပါင္း ၈၇၈ ဒႆမ ၈၅၅ သန္းကို ထုတ္ေပးခဲ့ျခင္းျဖစ္သည္။
လက္ရွိတြင္ အာမခံစနစ္ ၆ မ်ိဳးရွိသည့္အနက္ က်န္းမာေရးႏွင့္ လူမႈေရးေဆာင့္ေရွာက္မႈအာမခံစနစ္၊ မိသားစုေထာက္ပံ့မႈအာမခံစနစ္၊ အလုပ္ခြင္ထိခိုက္ဒဏ္ရာရရွိမႈ အက်ိဳးခံစားခြင့္ အာမခံစနစ္ ဟူသည့္ အာမခံစနစ္ ၃ ခုကို အေကာင္အထည္ေဖာ္လွ်က္ရွိၿပီး က်န္အာမခံစနစ္ ၃ မ်ိဳးျဖစ္သည့္ အလုပ္လုပ္ကိုင္နိုင္စြမ္းမရွိမႈအက်ိဳးခံစားခြင့္၊ သက္ျပည့္အၿငိမ္းစား အက်ိဳးခံစားခြင့္ႏွင့္ က်န္ရစ္သူအက်ိဳးခံစားခြင့္အာမခံစနစ္၊ အလုပ္လက္မဲ့အက်ိဳးခံစားခြင့္အာမခံစနစ္ႏွင့္ လူမႈဖူလုံေရးအိမ္ယာစီမံကိန္းအာမခံစနစ္ဟူသည့္ အာမခံစနစ္ ၃ မ်ိဳးကိုေတာ့ အေကာင္အထည္မေဖာ္ေသးေၾကာင္း သိရသည္။
#mhtnews
Recent Comments