မတ်လ ၂၇ ရက်တွင် ကျင်းပမည့် တပ်မတော်နေ့အခမ်းအနားတွင် နောက်ဆက်တွဲ ဂုဏ်ထူးဆောင်ဘွဲ့များနှင့် ဂုဏ်ထူးဆောင်တံဆိပ်များ ချီးမြှင့်ပေးရန်အစီအစဉ်ရှိကြောင်း ဂုဏ်ထူးဆောင်ဘွဲ့များ၊ ဂုဏ်ထူးဆောင်တံဆပ်များ ချီးမြှင့်အပ်နှင်းရန် စိစစ်ရေးအဖွဲ့နာယက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဉက္ကဋ္ဌ၊ ဒုတိယဝန်ကြီးချုပ်၊ ဒုတိယ ဗိုလ်ချုပ်မှူးကြီးစိုးဝင်းက ယမန်နေ့တွင်ပြုလုပ်သည့် ဂုဏ်ထူးဆောင်ဘွဲ့များ၊ ဂုဏ်ထူးဆောင်တံဆိပ်များ ချီးမြှင့်အပ်နှင်းရန် စိစစ်ရေးအဖွဲ့အစည်းအဝေး၌ ပြောကြားသည်။

ဆက်လက်၍ ဒုတိယဗိုလ်ချုပ်မှူးကြီးက အစဉ်အလာ အရ ၂၀၂၂ ခုနှစ်အတွင်း ထုတ်ပြန်သည့် ဂုဏ်ထူးဆောင်ဘွဲ့နှင့် ဂုဏ်ထူးဆောင် တံဆိပ်များသည် ၂၀၂၄ ခုနှစ် လွတ်လပ်ရေးနေ့တွင် ပေးအပ်ရမည်ဖြစ်ကြောင်း၊ သို့သော် နိုင်ငံတော်၏ ဒီမိုကရေစီစနစ် ပီပြင်ခိုင်မာစေရေး ထိန်းသိမ်းနေသည့်ကာလအတွင်း နိုင်ငံတော်၏ တာဝန်ဝတ္တရားများကို ကျေပွန်စွာ စွမ်းစွမ်းတမံဆောင်ရွက်ခဲ့သည့်သစ္စာရှိ ဝန်ထမ်းကောင်းများရှိကြောင်း၊ အလားတူ အသက်နှင့်ခန္ဓာကိုစွန့်လွှတ်၍ သော်လည်းကောင်း၊ အပြင်းအထန် ဒဏ်ရာရရှိသည်အထိ နိုင်ငံအတွက် စွန့်လွှတ်စွန့်စား ဆောင်ရွက်ခဲ့ကြသည့် နိုင်ငံဝန်ထမ်းများလည်း ရှိကြောင်း၊ အဆိုပါချီးမြှင့်သင့် ချီးမြှင့်ထိုက်သူများအား ၂၀၂၃ ခုနှစ် စိန်ရတု လွတ်လပ်ရေးနေ့တွင် အခမ်းအနားဖြင့် ပေးအပ်လို၍ ယနေ့အစည်းအဝေး ကို ကျင်းပရခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု သိရသည်။

#mhtnews

(Zawgyi)

“မတ္လ ၂၇ ရက္တြင္ က်င္းပမည့္ တပ္မေတာ္ေန႕အခမ္းအနားတြင္ ေနာက္ဆက္တြဲ ဂုဏ္ထူးေဆာင္ဘြဲ႕မ်ားႏွင့္ ဂုဏ္ထူးေဆာင္တံဆိပ္မ်ား ခ်ီးျမႇင့္ေပးရန္အစီအစဥ္ရွိေၾကာင္း ဒုတိယဗိုလ္ခ်ဳပ္မႉးႀကီးစိုးဝင္းေျပာၾကား”

မတ္လ ၂၇ ရက္တြင္ က်င္းပမည့္ တပ္မေတာ္ေန႕အခမ္းအနားတြင္ ေနာက္ဆက္တြဲ ဂုဏ္ထူးေဆာင္ဘြဲ႕မ်ားႏွင့္ ဂုဏ္ထူးေဆာင္တံဆိပ္မ်ား ခ်ီးျမႇင့္ေပးရန္အစီအစဥ္ရွိေၾကာင္း ဂုဏ္ထူးေဆာင္ဘြဲ႕မ်ား၊ ဂုဏ္ထူးေဆာင္တံဆပ္မ်ား ခ်ီးျမႇင့္အပ္ႏွင္းရန္ စိစစ္ေရးအဖြဲ႕နာယက နိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီ ဒုတိယဉကၠ႒၊ ဒုတိယဝန္ႀကီးခ်ဳပ္၊ ဒုတိယ ဗိုလ္ခ်ဳပ္မႉးႀကီးစိုးဝင္းက ယမန္ေန႕တြင္ျပဳလုပ္သည့္ ဂုဏ္ထူးေဆာင္ဘြဲ႕မ်ား၊ဂုဏ္ထူးေဆာင္တံဆိပ္မ်ားခ်ီးျမႇင့္အပ္ႏွင္းရန္စိစစ္ေရးအဖြဲ႕အစည္းအေဝး၌ ေျပာၾကားသည္။

ဆက္လက္၍ ဒုတိယဗိုလ္ခ်ဳပ္မႉးႀကီးက အစဥ္အလာ အရ ၂၀၂၂ ခုႏွစ္အတြင္း ထုတ္ျပန္သည့္ ဂုဏ္ထူးေဆာင္ဘြဲ႕ႏွင့္ ဂုဏ္ထူးေဆာင္ တံဆိပ္မ်ားသည္ ၂၀၂၄ ခုႏွစ္ လြတ္လပ္ေရးေန႕တြင္ ေပးအပ္ရမည္ျဖစ္ေၾကာင္း၊ သို႔ေသာ္ နိုင္ငံေတာ္၏ ဒီမိုကေရစီစနစ္ ပီျပင္ခိုင္မာေစေရး ထိန္းသိမ္းေနသည့္ကာလအတြင္း နိုင္ငံေတာ္၏ တာဝန္ဝတၱရားမ်ားကို ေက်ပြန္စြာ စြမ္းစြမ္းတမံေဆာင္႐ြက္ခဲ့သည့္သစၥာရွိ ဝန္ထမ္းေကာင္းမ်ားရွိေၾကာင္း၊ အလားတူ အသက္ႏွင့္ခႏၶာကိုစြန႔္လႊတ္၍ ေသာ္လည္းေကာင္း၊ အျပင္းအထန္ ဒဏ္ရာရရွိသည္အထိ နိုင္ငံအတြက္ စြန႔္လႊတ္စြန႔္စား ေဆာင္႐ြက္ခဲ့ၾကသည့္ နိုင္ငံဝန္ထမ္းမ်ားလည္း ရွိေၾကာင္း၊ အဆိုပါခ်ီးျမႇင့္သင့္ ခ်ီးျမႇင့္ထိုက္သူမ်ားအား ၂၀၂၃ ခုႏွစ္ စိန္ရတု လြတ္လပ္ေရးေန႕တြင္ အခမ္းအနားျဖင့္ ေပးအပ္လို၍ ယေန႕အစည္းအေဝး ကို က်င္းပရျခင္းျဖစ္ေၾကာင္း ေျပာၾကားခဲ့သည္ဟု သိရသည္။

#mhtnews