တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာတားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ မတ် ၁၂ ရက်၊ ၁၃ ရက်နှင့် ၁၅ ရက်များတွင် ဧရာဝတီတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် ပူးပေါင်းစစ်ဆေးရေး အဖွဲ့များမှ စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ မအူပင်မြို့နယ်၊ မြန်အောင်မြို့နယ်နှင့် ရေကြည်မြို့နယ်များအတွင်း တရားမဝင်သစ်မျိုးစုံ ၃၅ ဒသမ ၀၂၅၆ တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၀၅၇၄၈၇၀) ဖမ်းဆီးရမိခဲ့သည်။

အလားတူ မတ် ၁၈ ရက်တွင် မြန်မာစက်မှုဆိပ်ကမ်း ကုန်သေတ္တာစစ်ဆေးရေးစခန်း၌ ဆိပ်ကမ်းတာဝန်ကျ အကောက်ခွန်အဖွဲ့မှ ကုန်သေတ္တာများအား စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ သွင်းကုန်ကြေညာလွှာ ID နှင့် ကိုက်ညီမှုမရှိသော တရားမဝင် အားကစားဖိနပ်များ၊ သန့်စင်ခန်းသုံးပစ္စည်းများ၊ အားသွင်းအသုံးပြုနိုင်သော ဘက်ထရီများ၊ ကြွက်ထောင်ချောက်များ ခန့်မှန်းတန်ဖိုးငွေကျပ် ၇၂၄၉၅၀၀၀ ဖမ်းဆီးရမိခဲ့သည်။

ထို့အတူ မွန်ပြည်နယ် မရမ်းချောင်အမြဲတမ်း စစ်ဆေးရေးစခန်း၌ အကောက်ခွန်ဦးစီးဌာန ဦးဆောင်သော တာဝန်ကျပူးပေါင်းအဖွဲ့မှ စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ မြဝတီမှ ရန်ကုန်သို့ သွားရောက်မည့် ကုန်တင်ယာဉ်တစ်စီးပေါ်တွင် သွင်းကုန်ကြေညာလွှာ ID တွင် ကြေညာထားသည်ထက် ပိုမိုတင်ဆောင်လာသော အအေးခံဘူးများနှင့် လျှပ်စစ်ဒယ်အိုးနှင့် လျှပ်စစ်ရေနွေးအိုးများ ခန့်မှန်းတန်ဖိုးငွေကျပ် ၂၁၁၅၇၆၀ ဖမ်းဆီးရမိခဲ့သည်။

ထို့အပြင် မတ် ၁၉ ရက်တွင် စစ်ကိုင်းတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် ပူးပေါင်းစစ်ဆေးရေးအဖွဲ့များမှ စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ အင်းတော်မြို့နယ် အတွင်း Toyota Portae အမျိုးအစား (လိုင်စင်မဲ့) မော်တော်ယာဉ်တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၀၀၀၀၀၀)၊ ထီးချိုင့်မြို့နယ်အတွင်း Jialing အမျိုးအစား လိုင်စင်မဲ့ မော်တော်ဆိုင်ကယ်တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၅၀၀၀၀၀)နှင့် စစ်ကိုင်းမြို့နယ်အတွင်း တရားမဝင် ဘက်ထရီများ၊ ဆိုလာချပ်များ၊ စားသောက်ကုန်နှင့် အဝတ်အထည်များ (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၉၆၆၅၀၀၀)တို့ကို ပို့ကုန် သွင်းကုန် ဥပဒေအရ လည်းကောင်း၊ တမူးမြို့နယ်အတွင်း တရားမဝင် ကညင်သစ် ၄ ဒသမ၂၉ တန် (ခန့်မှန်း တန်ဖိုးငွေကျပ် ၂၅၄၅၀၀) သစ်တောဥပဒေအရ လည်းကောင်း စုစုပေါင်း (ခန့်မှန်းတန်ဖိုး ငွေကျပ် ၈၇၂၁၀၀၀) ဖမ်းဆီးရမိခဲ့သည်။

အလားတူပင် မတ် ၁၉ ရက်တွင် ပဲခူးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် သစ်တောဦးစီးဌာန ဦးဆောင်သော ပူးပေါင်းစစ်ဆေးရေးအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ပဲခူးခရိုင်၊ တောင်ငူခရိုင်နှင့် သာယာဝတီခရိုင်များအတွင်း တရားမဝင် ကျွန်းသစ်၊ သစ်မာနှင့် အခြားသစ်မျိုးစုံ ၂၂ ဒသမ ၅၈၅၈ တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၉၂၉၂၉၂) ဖမ်းဆီးရမိခဲ့သည်။

ထိုသို့ မတ် ၁၂ ရက်၊ ၁၃ ရက်၊ ၁၅ ရက်၊ ၁၈ ရက်နှင့် ၁၉ ရက်များတွင် ဖမ်းဆီးရမိသည့် စုစုပေါင်းအမှုတွဲ ၁၄ မှုမှ (ခန့်မှန်းတန်ဖိုးငွေကျပ် ၉၆၈၃၅၉၂၂) ဖြစ်ကြောင်း တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီမှ သိရပြီး အမှုများနှင့်ပတ်သက်သည့် လုပုဂ္ဂိုလ်များအား သက်ဆိုင်ဥပဒေများအရ အရေးယူဆောင်ရွက်ထားရှိကြောင်း သိရသည်။

++++++++++++++++++++++++++++

(Zawgyi)

“မတ္လ ၁၂ ရက္မွ ၁၉ ရက္အတြင္း တရားမဝင္ကုန္သြယ္မႈမွ ေငြက်ပ္ သိန္း ၉၀၀ ေက်ာ္တန္ဖိုးရွိ တရားမဝင္ကုန္ပစၥည္းမ်ား ဖမ္းဆီးရမိ”

တရားမဝင္ကုန္သြယ္မႈတိုက္ဖ်က္ေရး ဦးေဆာင္ေကာ္မတီ၏ ႀကီးၾကပ္ကြပ္ကဲမႈျဖင့္ တရားမဝင္ ကုန္သြယ္မႈမ်ားကို ဥပေဒႏွင့္အညီ ထိေရာက္စြာတားဆီးအေရးယူနိုင္ေရး ေဆာင္႐ြက္လ်က္ရွိရာ မတ္ ၁၂ ရက္၊ ၁၃ ရက္ႏွင့္ ၁၅ ရက္မ်ားတြင္ ဧရာဝတီတိုင္းေဒသႀကီး တရားမဝင္ကုန္သြယ္မႈ တိုက္ဖ်က္ေရးအထူးအဖြဲ႕၏ စီမံခန႔္ခြဲမႈျဖင့္ ပူးေပါင္းစစ္ေဆးေရး အဖြဲ႕မ်ားမွ စစ္ေဆးမႈမ်ား ေဆာင္႐ြက္ခဲ့ရာ မအူပင္ၿမိဳ႕နယ္၊ ျမန္ေအာင္ၿမိဳ႕နယ္ႏွင့္ ေရၾကည္ၿမိဳ႕နယ္မ်ားအတြင္း တရားမဝင္သစ္မ်ိဳးစုံ ၃၅ ဒသမ ၀၂၅၆ တန္ (ခန႔္မွန္းတန္ဖိုးေငြက်ပ္ ၁၀၅၇၄၈၇၀) ဖမ္းဆီးရမိခဲ့သည္။

အလားတူ မတ္ ၁၈ ရက္တြင္ ျမန္မာစက္မႈဆိပ္ကမ္း ကုန္ေသတၱာစစ္ေဆးေရးစခန္း၌ ဆိပ္ကမ္းတာဝန္က် အေကာက္ခြန္အဖြဲ႕မွ ကုန္ေသတၱာမ်ားအား စစ္ေဆးမႈမ်ား ေဆာင္႐ြက္ခဲ့ရာ သြင္းကုန္ေၾကညာလႊာ ID ႏွင့္ ကိုက္ညီမႈမရွိေသာ တရားမဝင္ အားကစားဖိနပ္မ်ား၊ သန႔္စင္ခန္းသုံးပစၥည္းမ်ား၊ အားသြင္းအသုံးျပဳနိုင္ေသာ ဘက္ထရီမ်ား၊ ႂကြက္ေထာင္ေခ်ာက္မ်ား ခန႔္မွန္းတန္ဖိုးေငြက်ပ္ ၇၂၄၉၅၀၀၀ ဖမ္းဆီးရမိခဲ့သည္။

ထို႔အတူ မြန္ျပည္နယ္ မရမ္းေခ်ာင္အၿမဲတမ္း စစ္ေဆးေရးစခန္း၌ အေကာက္ခြန္ဦးစီးဌာန ဦးေဆာင္ေသာ တာဝန္က်ပဴးေပါင္းအဖြဲ႕မွ စစ္ေဆးမႈမ်ားေဆာင္႐ြက္ခဲ့ရာ ျမဝတီမွ ရန္ကုန္သို႔ သြားေရာက္မည့္ ကုန္တင္ယာဥ္တစ္စီးေပၚတြင္ သြင္းကုန္ေၾကညာလႊာ ID တြင္ ေၾကညာထားသည္ထက္ ပိုမိုတင္ေဆာင္လာေသာ အေအးခံဘူးမ်ားႏွင့္ လွ်ပ္စစ္ဒယ္အိုးႏွင့္ လွ်ပ္စစ္ေရႏြေးအိုးမ်ား ခန႔္မွန္းတန္ဖိုးေငြက်ပ္ ၂၁၁၅၇၆၀ ဖမ္းဆီးရမိခဲ့သည္။

ထို႔အျပင္ မတ္ ၁၉ ရက္တြင္ စစ္ကိုင္းတိုင္းေဒသႀကီး တရားမဝင္ကုန္သြယ္မႈ တိုက္ဖ်က္ေရး အထူးအဖြဲ႕၏ စီမံခန႔္ခြဲမႈျဖင့္ ပူးေပါင္းစစ္ေဆးေရးအဖြဲ႕မ်ားမွ စစ္ေဆးမႈမ်ား ေဆာင္႐ြက္ခဲ့ရာ အင္းေတာ္ၿမိဳ႕နယ္ အတြင္း Toyota Portae အမ်ိဳးအစား (လိုင္စင္မဲ့) ေမာ္ေတာ္ယာဥ္တစ္စီး (ခန႔္မွန္းတန္ဖိုးေငြက်ပ္ ၃၀၀၀၀၀၀)၊ ထီးခ်ိဳင့္ၿမိဳ႕နယ္အတြင္း Jialing အမ်ိဳးအစား လိုင္စင္မဲ့ ေမာ္ေတာ္ဆိုင္ကယ္တစ္စီး (ခန႔္မွန္းတန္ဖိုးေငြက်ပ္ ၁၅၀၀၀၀၀)ႏွင့္ စစ္ကိုင္းၿမိဳ႕နယ္အတြင္း တရားမဝင္ ဘက္ထရီမ်ား၊ ဆိုလာခ်ပ္မ်ား၊ စားေသာက္ကုန္ႏွင့္ အဝတ္အထည္မ်ား (ခန႔္မွန္းတန္ဖိုးေငြက်ပ္ ၃၉၆၆၅၀၀၀)တို႔ကို ပို႔ကုန္ သြင္းကုန္ ဥပေဒအရ လည္းေကာင္း၊ တမူးၿမိဳ႕နယ္အတြင္း တရားမဝင္ ကညင္သစ္ ၄ ဒသမ၂၉ တန္ (ခန႔္မွန္း တန္ဖိုးေငြက်ပ္ ၂၅၄၅၀၀) သစ္ေတာဥပေဒအရ လည္းေကာင္း စုစုေပါင္း (ခန႔္မွန္းတန္ဖိုး ေငြက်ပ္ ၈၇၂၁၀၀၀) ဖမ္းဆီးရမိခဲ့သည္။

အလားတူပင္ မတ္ ၁၉ ရက္တြင္ ပဲခူးတိုင္းေဒသႀကီး တရားမဝင္ကုန္သြယ္မႈတိုက္ဖ်က္ေရး အထူးအဖြဲ႕၏ စီမံခန႔္ခြဲမႈျဖင့္ သစ္ေတာဦးစီးဌာန ဦးေဆာင္ေသာ ပူးေပါင္းစစ္ေဆးေရးအဖြဲ႕မ်ားက စစ္ေဆးမႈမ်ား ေဆာင္႐ြက္ခဲ့ရာ ပဲခူးခရိုင္၊ ေတာင္ငူခရိုင္ႏွင့္ သာယာဝတီခရိုင္မ်ားအတြင္း တရားမဝင္ ကြၽန္းသစ္၊ သစ္မာႏွင့္ အျခားသစ္မ်ိဳးစုံ ၂၂ ဒသမ ၅၈၅၈ တန္ (ခန႔္မွန္းတန္ဖိုးေငြက်ပ္ ၂၉၂၉၂၉၂) ဖမ္းဆီးရမိခဲ့သည္။

ထိုသို႔ မတ္ ၁၂ ရက္၊ ၁၃ ရက္၊ ၁၅ ရက္၊ ၁၈ ရက္ႏွင့္ ၁၉ ရက္မ်ားတြင္ ဖမ္းဆီးရမိသည့္ စုစုေပါင္းအမႈတြဲ ၁၄ မႈမွ (ခန႔္မွန္းတန္ဖိုးေငြက်ပ္ ၉၆၈၃၅၉၂၂) ျဖစ္ေၾကာင္း တရားမဝင္ကုန္သြယ္မႈတိုက္ဖ်က္ေရး ဦးေဆာင္ေကာ္မတီမွ သိရၿပီး အမႈမ်ားႏွင့္ပတ္သက္သည့္ လုပုဂၢိုလ္မ်ားအား သက္ဆိုင္ဥပေဒမ်ားအရ အေရးယူေဆာင္႐ြက္ထားရွိေၾကာင္း သိရသည္။