မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်၊ ကိုင်းမကြီးကျေးရွာရှိ မီးဘေးသင့် အိမ်ထောင်စုများအတွက် ကယ်ဆယ်ရေးပစ္စည်းနှင့် ထောက်ပံ့ငွေများကို ကိုင်းမကြီးကျေးရွာ ဘုန်းတော်ကြီးကျောင်းဓမ္မာရုံ၌ ယမန်နေ့ မွန်းလွဲ (၂) နာရီအချိန်တွင် ပေးအပ်ခဲ့သည်။

ထိုသို့ပေးအပ်ရာတွင် မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့မှ တစ်အိမ်ထောင်လျှင် (၃)သိန်းကျပ်နှုန်းဖြင့် စုစုပေါင်း ထောက်ပံ့ငွေ ကျပ် ၂၁,၆၀၀,၀၀၀၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ မီးဘေးသင့်အိမ်ထောင်စုပေါင်း (၇၂)စုနှင့် မိသားစုဝင်များအတွက် အိမ်ဆောက်ပစ္စည်းနှင့် ဆန်ရိက္ခာအတွက် ထောက်ပံ့ငွေကျပ် ၈,၈၆၇,၀၀၀ နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၇)မျိုးပါ (၇၂)ပုံး၊ နယ်မြေခံတပ်ရင်းတပ်ဖွဲ့ မိသားစုများမှ ဆန်၊ ဆီ၊ ဆား၊ ပဲနှင့် နို့ဆီများ၊ အခြေခံပညာဦးစီးဌာနမှ ကျောင်းသား/ ကျောင်းသူများ အတွက် ကျောင်းသုံး ဗလာစာအုပ်၊ ပုံနှိပ်စာနှင့် စာရေးကိရိယာပစ္စည်းများ၊ ကောင်းမွန်မိသားစု (မကွေး)မှ တစ်အိမ်ထောင်လျှင် ဆန်(၆)ပြည်၊ ရေသန့် (၂၀)လီတာ တစ်ဘူးနှုန်း၊ ဗြဟ္မစိုရ်လူမှုကူညီရေး အသင်း(မင်းဘူး)မှ တစ်အိမ်ထောင်လျှင် ဆန်တစ်ပြည်၊ ရေသန့်တစ်ကဒ်နှင့် မုန့်မျိုးစုံတစ်ထုပ်နှုန်းအပြင် အနယ်နယ် အရပ်ရပ်မှ စေတနာရှင် အလှူရှင်းများနှင့် ပရဟိတအဖွဲ့အစည်းများမှလည်း အလှူငွေ၊ ဆေးဝါး၊ ရေသန့်၊ အစားအသောက်နှင့် အဝတ်အထည်များကို ဝိုင်းဝန်းကူညီ လှူဒါန်းပေးခဲ့ကြောင်း သိရသည်။

ကိုင်းမကြီးကျေးရွာရှိတွင် မတ်လ ၁၁ ရက် ညနေ ၅ နာရီခွဲအချိန်ခန့်က နေအိမ်အတွင်းရှိ နွားတင်းကုတ်အတွင်း မီးကြွင်းမီးကျန်မှတဆင့် မီးစတင်လောင်ကျွမ်းခဲ့ပြီး အိမ်ထောင်စုပေါင်း (၇၂)စုမှ လူဦးရေပေါင်း (၂၇၀)ဦးတို့ အိုးမဲ့အိမ်မဲ့ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

#mhtnews

(Zawgyi)

“မင္းဘူး(စကု)ၿမိဳ႕နယ္ ကိုင္းမႀကီးေက်း႐ြာရွိ မီးေဘးသင့္အိမ္ေထာင္စုမ်ားအား ကယ္ဆယ္ေရးပစၥည္းႏွင့္ ေထာက္ပံ့ေငြမ်ားေပးအပ္”

မေကြးတိုင္းေဒသႀကီး၊ မင္းဘူးခရိုင္၊ မင္းဘူး(စကု)ၿမိဳ႕နယ္၊ ကိုင္းမႀကီးေက်း႐ြာရွိ မီးေဘးသင့္ အိမ္ေထာင္စုမ်ားအတြက္ ကယ္ဆယ္ေရးပစၥည္းႏွင့္ ေထာက္ပံ့ေငြမ်ားကို ကိုင္းမႀကီးေက်း႐ြာ ဘုန္းေတာ္ႀကီးေက်ာင္းဓမၼာ႐ုံ၌ ယမန္ေန႕ မြန္းလြဲ (၂) နာရီအခ်ိန္တြင္ ေပးအပ္ခဲ့သည္။

ထိုသို႔ေပးအပ္ရာတြင္ မေကြးတိုင္းေဒသႀကီး အစိုးရအဖြဲ႕မွ တစ္အိမ္ေထာင္လွ်င္ (၃)သိန္းက်ပ္ႏႈန္းျဖင့္ စုစုေပါင္း ေထာက္ပံ့ေငြ က်ပ္ ၂၁,၆၀၀,၀၀၀၊ ေဘးအႏၱရာယ္ဆိုင္ရာစီမံခန႔္ခြဲမႈဦးစီးဌာနမွ မီးေဘးသင့္အိမ္ေထာင္စုေပါင္း (၇၂)စုႏွင့္ မိသားစုဝင္မ်ားအတြက္ အိမ္ေဆာက္ပစၥည္းႏွင့္ ဆန္ရိကၡာအတြက္ ေထာက္ပံ့ေငြက်ပ္ ၈,၈၆၇,၀၀၀ ႏွင့္ ကယ္ဆယ္ေရးပစၥည္း (၁၇)မ်ိဳးပါ (၇၂)ပုံး၊ နယ္ေျမခံတပ္ရင္းတပ္ဖြဲ႕ မိသားစုမ်ားမွ ဆန္၊ ဆီ၊ ဆား၊ ပဲႏွင့္ နို႔ဆီမ်ား၊ အေျခခံပညာဦးစီးဌာနမွ ေက်ာင္းသား/ ေက်ာင္းသူမ်ား အတြက္ ေက်ာင္းသုံး ဗလာစာအုပ္၊ ပုံႏွိပ္စာႏွင့္ စာေရးကိရိယာပစၥည္းမ်ား၊ ေကာင္းမြန္မိသားစု (မေကြး)မွ တစ္အိမ္ေထာင္လွ်င္ ဆန္(၆)ျပည္၊ ေရသန႔္ (၂၀)လီတာ တစ္ဘူးႏႈန္း၊ ျဗဟၼစိုရ္လူမႈကူညီေရး အသင္း(မင္းဘူး)မွ တစ္အိမ္ေထာင္လွ်င္ ဆန္တစ္ျပည္၊ ေရသန႔္တစ္ကဒ္ႏွင့္ မုန႔္မ်ိဳးစုံတစ္ထုပ္ႏႈန္းအျပင္ အနယ္နယ္ အရပ္ရပ္မွ ေစတနာရွင္ အလႉရွင္းမ်ားႏွင့္ ပရဟိတအဖြဲ႕အစည္းမ်ားမွလည္း အလႉေငြ၊ ေဆးဝါး၊ ေရသန႔္၊ အစားအေသာက္ႏွင့္ အဝတ္အထည္မ်ားကို ဝိုင္းဝန္းကူညီ လႉဒါန္းေပးခဲ့ေၾကာင္း သိရသည္။

ကိုင္းမႀကီးေက်း႐ြာရွိတြင္ မတ္လ ၁၁ ရက္ ညေန ၅ နာရီခြဲအခ်ိန္ခန႔္က ေနအိမ္အတြင္းရွိ ႏြားတင္းကုတ္အတြင္း မီးႂကြင္းမီးက်န္မွတဆင့္ မီးစတင္ေလာင္ကြၽမ္းခဲ့ၿပီး အိမ္ေထာင္စုေပါင္း (၇၂)စုမွ လူဦးေရေပါင္း (၂၇၀)ဦးတို႔ အိုးမဲ့အိမ္မဲ့ျဖစ္ပြားခဲ့ျခင္းျဖစ္သည္။

#mhtnews