စစ်ကိုင်းတိုင်းဒေသကြီး၊ မင်းကင်းမြို့နယ်၊ ကူလဲအရှေ့ကျေးရွာအနီး၌ မတ်လ ၁၅ ရက်တွင် လုံခြုံရေးပူးပေါင်းအဖွဲ့မှ နယ်မြေလုံခြုံရေးဆောင်ရွက်နေစဥ် နံနက် ၁၀ နာရီ ၁၅ မိနစ်အချိန်၌ PDF အမည်ခံ အကြမ်းဖက်အင်အား ၃၀ ဦးနှင့် ထိတွေမှုဖြစ်ပွားခဲ့ရာ အကြမ်းဖက်အုပ်စုထံမှ လက်လုပ်စိန်ပြောင်းအကြီး ၁ လက် သိမ်းဆည်းရမိခဲ့သည်။

ထိုနောက် ယင်းနေ့ မွန်းလွဲ ၁၂ နာရီခွဲအချိန်ခန့်တွင် အဆိုပါ ကူလဲကျေးရွာ၏ အရှေ့ဘက် ၂ မိုင်ခန့်အကွာ၌ PDF အကြမ်းဖက်အင်အား ၄၀ ဦးခန့်နှင့် ထပ်မံထိတွေမှုဖြစ်ပွားခဲ့ရာ ၎င်းအကြမ်းဖက်သမားများထံမှ လက်လုပ်ဗုံးသီး ၂ လုံး၊ ၁ လုံးထိုးလက်လုပ်သေနတ် ၁ လက်၊ လက်လုပ်ကျည် ၅ တောင့်တို့ကို သိမ်းဆည်းရမိခဲ့သည်။

ထိုမှတဖန် ၎င်းကျေးရွာ၏ အနောက်ဘက် ၁ မိုင်ခန့်အကွာ၌လည်း ညနေ ၄ နာရီခွဲကျော်အချိန်ခန့်တွင် PDF အကြမ်းဖက်အင်အား ၃၅ ဦးခန့်နှင့် ထပ်မံထိတွေ့မှု ဖြစ်ပွားခဲ့ရာ PDF အကြမ်းဖက်သမား အလောင်း ၁ လောင်းကို တူမီးသေနတ် ၁ လက်နှင့်အတူ သိမ်းဆည်းရမိခဲ့ကြောင်း သက်ဆိုင်ရာ နယ်မြေရဲတပ်ဖွဲ့စခန်းမှ သိရသည်။

#mhtnews

=================================

(Zawgyi)

“မင္းကင္းၿမိဳ႕နယ္၌ လုံၿခဳံေရးတပ္ဖြဲ႕ႏွင့္ PDF အၾကမ္းဖက္အုပ္စုတို႔ ထိေတြ႕မႈ ၃ ႀကိမ္ျဖစ္ပြားၿပီး အၾကမ္းဖက္သမား ၁ ဦးေသဆုံးကာ လက္နက္ခဲယမ္းအခ်ိဳ႕ သိမ္းဆည္းရမိ”

စစ္ကိုင္းတိုင္းေဒသႀကီး၊ မင္းကင္းၿမိဳ႕နယ္၊ ကူလဲအေရွ႕ေက်း႐ြာအနီး၌ မတ္လ ၁၅ ရက္တြင္ လုံၿခဳံေရးပူးေပါင္းအဖြဲ႕မွ နယ္ေျမလုံၿခဳံေရးေဆာင္႐ြက္ေနစဥ္ နံနက္ ၁၀ နာရီ ၁၅ မိနစ္အခ်ိန္၌ PDF အမည္ခံ အၾကမ္းဖက္အင္အား ၃၀ ဦးႏွင့္ ထိေတြမႈျဖစ္ပြားခဲ့ရာ အၾကမ္းဖက္အုပ္စုထံမွ လက္လုပ္စိန္ေျပာင္းအႀကီး ၁ လက္ သိမ္းဆည္းရမိခဲ့သည္။

ထိုေနာက္ ယင္းေန႕ မြန္းလြဲ ၁၂ နာရီခြဲအခ်ိန္ခန့္တြင္ အဆိုပါ ကူလဲေက်း႐ြာ၏ အေရွ႕ဘက္ ၂ မိုင္ခန့္အကြာ၌ PDF အၾကမ္းဖက္အင္အား ၄၀ ဦးခန့္ႏွင့္ ထပ္မံထိေတြမႈျဖစ္ပြားခဲ့ရာ ၎အၾကမ္းဖက္သမားမ်ားထံမွ လက္လုပ္ဗုံးသီး ၂ လုံး၊ ၁ လုံးထိုးလက္လုပ္ေသနတ္ ၁ လက္၊ လက္လုပ္က်ည္ ၅ ေတာင့္တို႔ကို သိမ္းဆည္းရမိခဲ့သည္။

ထိုမွတဖန္ ၎ေက်း႐ြာ၏ အေနာက္ဘက္ ၁ မိုင္ခန့္အကြာ၌လည္း ညေန ၄ နာရီခြဲေက်ာ္အခ်ိန္ခန့္တြင္ PDF အၾကမ္းဖက္အင္အား ၃၅ ဦးခန့္ႏွင့္ ထပ္မံထိေတြ႕မႈ ျဖစ္ပြားခဲ့ရာ PDF အၾကမ္းဖက္သမား အေလာင္း ၁ ေလာင္းကို တူမီးေသနတ္ ၁ လက္ႏွင့္အတူ သိမ္းဆည္းရမိခဲ့ေၾကာင္း သက္ဆိုင္ရာ နယ္ေျမရဲတပ္ဖြဲ႕စခန္းမွ သိရသည္။

#mhtnews