မကွေးတိုင်းဒေသကြီး၊ မကွေးမြိုနယ်၊ မကွေး- တောင်တွင်းလမ်း၊ သန်းတောကုန်းကျေးရွာအနီး၌ ယနေ့ (မတ်လ ၁၄ ရက်) ညနေ ၄ နာရီကျော်အချိန်ခန့်တွင် ဆီဘောက်ဆာယာဉ်နှင့် ဆိုင်ကယ် တိုက်မိမှုဖြစ်ပွားပြီး ဆီဘောက်ဆာယာဉ် တိမ်းမှောက်ခဲ့ကြောင်း သိရသည်။

အဆိုပါဖြစ်စဥ်အတွင်း၌ ဆိုင်ကယ်သမား အမျိုးသား ၂ ဦးနှင့် ဆီဘောက်ဆာယာဉ်မောင်း အမျိုးသား ၁ ဦး၊ စုစုပေါင်း ၃ ဦး သေဆုံးခဲ့ကြောင်းနှင့် မကွေးမြိုနယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၃)စီး၊ ရှာဖွေကယ်ဆယ်ရေးယာဉ်(၁)စီးတိုဖြင့် သွားရောက်၍ တိမ်းမှောက်နေသော ဆီဘောက်ဆာယာဉ်အား မီးလောင်မှုမဖြစ်ပွားစေရေးအတွက် အအေးပေးခြင်းလုပ်ငန်းများနှင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
#mhtnews

(Zawgyi)
“မကွေး- တောင်တွင်းလမ်း၌ ဆီဘောက်ဆာယာဉ်နှင့် ဆိုင်ကယ် တိုက်မိမှုဖြစ်ပွားပြီး ၃ ဦးသေဆုံး”

မကွေးတိုင်းဒေသကြီး၊ မကွေးမြို့နယ်၊ မကွေး- တောင်တွင်းလမ်း၊ သန်းတောကုန်းကျေးရွာအနီး၌ ယနေ့ (မတ်လ ၁၄ ရက်) ညနေ ၄ နာရီကျော်အချိန်ခန့်တွင် ဆီဘောက်ဆာယာဉ်နှင့် ဆိုင်ကယ် တိုက်မိမှုဖြစ်ပွားပြီး ဆီဘောက်ဆာယာဉ် တိမ်းမှောက်ခဲ့ကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်အတွင်း၌ ဆိုင်ကယ်သမား အမျိးသား ၂ ဦးနှင့် ဆီဘောက်ဆာယာဉ်မောင်း အမျိးသား ၁ ဦး၊ စုစုပေါင်း ၃ ဦး သေဆုံးခဲ့ကြောင်းနှင့် မကွေးမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၃)စီး၊ ရှာဖွေကယ်ဆယ်ရေးယာဉ်(၁)စီးတို့ဖြင့် သွားရောက်၍ တိမ်းမှောက်နေသော ဆီဘောက်ဆာယာဉ်အား မီးလောင်မှုမဖြစ်ပွားစေရေးအတွက် အအေးပေးခြင်းလုပ်ငန်းများနှင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
#mhtnews