နိုင်ငံရေးအစွန်းရောက် အကြမ်းဖက်သမားများအနေဖြင့် နိုင်ငံတော်အတွင်း တည်ငြိမ်အေးချမ်းမှု ပျက်ပြားစေရန်နှင့် ပြည်သူလူထုအကြား စိုးရိမ်ထိတ်လန့်မှု ဖြစ်ပေါ်လာစေရန် ရည်ရွယ်၍ ဌာနဆိုင်ရာအဆောက်အဦများ၊ လမ်းတံတားများနှင့် စာသင်ကျောင်းများအား အကြမ်းဖက်ဖောက်ခွဲမှုများ ပြုလုပ်ခြင်း၊ ပစ်ခတ်တိုက်ခိုက်မှုများ ပြုလုပ်ခြင်းနှင့် နိုင်ငံ့ဝန်ထမ်းများအား ရက်စက်စွာ လုပ်ကြံသတ်ဖြတ်ခြင်းများ ပြုလုပ်လျက်ရှိသည့်အပြင် ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုးများ၏ အထွဋ်အမြတ်ထားရာ သာသနာပိုင်အဆောက်အဦများကိုပါ အကြမ်းဖက် ပစ်ခတ်တိုက်ခိုက်ခြင်း၊ မိုင်းထောင် ဖောက်ခွဲခြင်းနှင့် ရဟန်းသံဃာတော်များအား ဖမ်းဆီးခေါ်ဆောင် သတ်ဖြတ်ခြင်းများအား စိတ်နှလုံးညှိုးနွမ်းဖွယ် ရက်စက်စွာ ပြုလုပ်နေကြသည်ကို တွေ့ရှိရသည်။
ထိုသို့ပြုလုပ်လျက်ရှိရာတွင် မတ်လ ၈ ရက် နံနက် ၁၀ နာရီ ၅၀ မိနစ်တွင် မကွေးတိုင်းဒေသကြီး၊ ရေစကြိုမြို့နယ်၊ ထန်းဆယ်ပင်ကျေးရွာရှိ မဟာဝိဇယရာမ ဘုန်းကြီးကျောင်းမှ ဆရာတော် ဘဒ္ဒန္တ ဝိသုဒ္ဒါစာရ (ခ)ဖိုးဝိုင်း (၆၃)နှစ် ၁၅ ဝါ(ဘ)ဦးစိန်လှသည် ကျေးရွာအတွင်း ဆွမ်းခံကြွရာမှ ကျောင်းသို့ပြန်လာစဉ် ဘုန်းကြီးကျောင်းအနီးအရောက်၌ အကြမ်းဖက်အမျိုးသား ၃ ဦးက ဆိုင်ကယ် ၂ စီးဖြင့် ရောက်ရှိလာပြီး သေနတ်ဖြင့် ပစ်ခတ်ထွက်ပြေးသွားခဲ့သဖြင့် ဆရာတော်တွင် ဝဲရင်အုံအထက် ကျည်ဖောက်ဝင်ဒဏ်ရာ ၁ ချက်၊ ဝဲလက်သန်းကျည်ထိမှန်ဒဏ်ရာ ၁ ချက်ရရှိခဲ့ရာ ရေစကြိုမြို့နယ် ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ဆေးကုသမှု ခံယူစေလျက်ရှိကြောင်း သိရသည်။
အထက်ပါဖြစ်စဉ်မှ ဆရာတော်အား သေနတ်ဖြင့် ပစ်ခတ်ထွက်ပြေးသွားသည့် အကြမ်းဖက်သမားများအား ဖော်ထုတ်ဖမ်းဆီး အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက နယ်မြေခံတပ်မတော် စစ်ကြောင်းများနှင့်ပူးပေါင်း၍ လုံခြုံရေးလုပ်ငန်းစဉ်များနှင့်အညီ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
(Zawgyi)
“မေကြးတိုင္းေဒသႀကီး ေရစႀကိဳၿမိဳ႕နယ္၌ အၾကမ္းဖက္သမားမ်ားက ေသနတ္ျဖင့္ လုပ္ႀကံပစ္ခတ္၍ သံဃာေတာ္ ၁ ပါး ဒဏ္ရာရရွိ”
နိုင္ငံေရးအစြန္းေရာက္ အၾကမ္းဖက္သမားမ်ားအေနျဖင့္ နိုင္ငံေတာ္အတြင္း တည္ၿငိမ္ေအးခ်မ္းမႈ ပ်က္ျပားေစရန္ႏွင့္ ျပည္သူလူထုအၾကား စိုးရိမ္ထိတ္လန႔္မႈ ျဖစ္ေပၚလာေစရန္ ရည္႐ြယ္၍ ဌာနဆိုင္ရာအေဆာက္အဦမ်ား၊ လမ္းတံတားမ်ားႏွင့္ စာသင္ေက်ာင္းမ်ားအား အၾကမ္းဖက္ေဖာက္ခြဲမႈမ်ား ျပဳလုပ္ျခင္း၊ ပစ္ခတ္တိုက္ခိုက္မႈမ်ား ျပဳလုပ္ျခင္းႏွင့္ နိုင္ငံ့ဝန္ထမ္းမ်ားအား ရက္စက္စြာ လုပ္ႀကံသတ္ျဖတ္ျခင္းမ်ား ျပဳလုပ္လ်က္ရွိသည့္အျပင္ ဗုဒၶဘာသာဝင္ ျမန္မာလူမ်ိဳးမ်ား၏ အထြဋ္အျမတ္ထားရာ သာသနာပိုင္အေဆာက္အဦမ်ားကိုပါ အၾကမ္းဖက္ ပစ္ခတ္တိုက္ခိုက္ျခင္း၊ မိုင္းေထာင္ ေဖာက္ခြဲျခင္းႏွင့္ ရဟန္းသံဃာေတာ္မ်ားအား ဖမ္းဆီးေခၚေဆာင္ သတ္ျဖတ္ျခင္းမ်ားအား စိတ္ႏွလုံးညွိုးႏြမ္းဖြယ္ ရက္စက္စြာ ျပဳလုပ္ေနၾကသည္ကို ေတြ႕ရွိရသည္။
ထိုသို႔ျပဳလုပ္လ်က္ရွိရာတြင္ မတ္လ ၈ ရက္ နံနက္ ၁၀ နာရီ ၅၀ မိနစ္တြင္ မေကြးတိုင္းေဒသႀကီး၊ ေရစႀကိဳၿမိဳ႕နယ္၊ ထန္းဆယ္ပင္ေက်း႐ြာရွိ မဟာဝိဇယရာမ ဘုန္းႀကီးေက်ာင္းမွ ဆရာေတာ္ ဘဒၵႏၱ ဝိသုဒ္ဒါစာရ (ခ)ဖိုးဝိုင္း (၆၃)ႏွစ္ ၁၅ ဝါ(ဘ)ဦးစိန္လွသည္ ေက်း႐ြာအတြင္း ဆြမ္းခံႂကြရာမွ ေက်ာင္းသို႔ျပန္လာစဥ္ ဘုန္းႀကီးေက်ာင္းအနီးအေရာက္၌ အၾကမ္းဖက္အမ်ိဳးသား ၃ ဦးက ဆိုင္ကယ္ ၂ စီးျဖင့္ ေရာက္ရွိလာၿပီး ေသနတ္ျဖင့္ ပစ္ခတ္ထြက္ေျပးသြားခဲ့သျဖင့္ ဆရာေတာ္တြင္ ဝဲရင္အုံအထက္ က်ည္ေဖာက္ဝင္ဒဏ္ရာ ၁ ခ်က္၊ ဝဲလက္သန္းက်ည္ထိမွန္ဒဏ္ရာ ၁ ခ်က္ရရွိခဲ့ရာ ေရစႀကိဳၿမိဳ႕နယ္ ျပည္သူ႕ေဆး႐ုံသို႔ ပို႔ေဆာင္ေဆးကုသမႈ ခံယူေစလ်က္ရွိေၾကာင္း သိရသည္။
အထက္ပါျဖစ္စဥ္မွ ဆရာေတာ္အား ေသနတ္ျဖင့္ ပစ္ခတ္ထြက္ေျပးသြားသည့္ အၾကမ္းဖက္သမားမ်ားအား ေဖာ္ထုတ္ဖမ္းဆီး အေရးယူနိုင္ေရး လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားက နယ္ေျမခံတပ္မေတာ္ စစ္ေၾကာင္းမ်ားႏွင့္ပူးေပါင္း၍ လုံၿခဳံေရးလုပ္ငန္းစဥ္မ်ားႏွင့္အညီ ဆက္လက္ေဆာင္႐ြက္လ်က္ရွိေၾကာင္း သတင္းရရွိသည္။
Recent Comments