ထိုင်း-မြန်မာနယ်စပ်မှာ ဘတ်/ကျပ် တိုက်ရိုက်အသုံးပြုပေးချေခြင်းကို ခွင့်ပြုခဲ့ပြီးနောက် အိန္ဒိယ-မြန်မာ နှစ်နိုင်ငံနယ်စပ်ကုန်သွယ်မှုတွင်လည်း ရူပီး/ကျပ် အသုံးပြုပေးချေခွင့်ပြုရန် ရည်ရွယ်လျက်ရှိကြောင်း ပြန်ကြားရေးဝန်ကြီးဌာန (MOI)နှင့် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန (MIFER)တို့၏ ပူးတွဲထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အဆိုပါ ပူးတွဲထုတ်ပြန်ချက်တွင် ထိုင်းနိုင်ငံသည် တရုတ်ပြီးလျှင် မြန်မာနိုင်ငံ၏ ဒုတိယအကြီးဆုံး ကုန်သွယ်ဖက်နိုင်ငံဖြစ်သဖြင့် ထိုင်းဘတ်ငွေပဏာမခြေလှမ်းမှာ သိသာထင်ရှားသည့် ဖွံ့ဖြိုးတိုးတက်မှုတစ်ခုဖြစ်ကြောင်း ဖော်ပြထားပြီး န.စ.က အစိုးရအနေဖြင့် အိန္ဒိယနိုင်ငံနှင့် ထိစပ်နေသည့် နယ်စပ်တစ်လျှောက် ကုန်သွယ်မှုတွင်လည်း အလားတူ အိန္ဒိယရူပီးကို ပြောင်းလဲနိုင်ရန် ရည်ရွယ်ထားကြောင်း ပါရှိသည်။

ပထမအကြိမ်ခွင့်ပြုခဲ့သည့် တရုတ်-မြန်မာနယ်စပ်ကုန်သွယ်မှုအတွက် ယွမ်/ကျပ် တိုက်ရိုက်ပေးချေမှုကို ၂၀၂၂ ခုနှစ် နှစ်ဆန်းပိုင်းမှာ စတင်ခဲ့ပြီး နယ်စပ်ကုန်သွယ်ရေးအတွက် အမေရိကန်ဒေါ်လာမဟုတ်တဲ့ တိုက်ရိုက်ငွေကြေးကို တိုးမြှင့်အသုံးပြုခြင်းက အိမ်နီးချင်းနိုင်ငံများနှင့် မြန်မာနိုင်ငံတို့၏ ခိုင်မာသည့် နှစ်ဖက်ဆက်ဆံရေးကို မီးမှောင်းထိုးပြနေကြောင်း ပြောဆိုသည်။

‘‘အိမ်နီးချင်းနိုင်ငံတွေနဲ့ ဒီလိုအစီအမံတွေ အောင်မြင်နိုင်ရင် မြန်မာနိုင်ငံလုံးရဲ့ ကုန်သွယ်မှုပမာဏ ၇၀ ရာခိုင်နှုန်းအထိ အမေရိကန်ဒေါ်လာအပေါ် မှီခိုနေရခြင်းကို တဖြည်းဖြည်းချင်း လျှော့ချနိုင်မှာပါ’’ဟု ဝန်ကြီးနှစ်ဦးက ပူးတွဲထုတ်ပြန်ချက်တွင် ပြောကြားထားပြီး ယခုအစီအစဉ်များသည် နိုင်ငံအတွင်းရှိ ငွေသားပြတ်လပ်မှုဆိုင်ရာ စိုးရိမ်မှုများကို လျော့ပါးစေပြီး အမေရိကန်ဒေါ်လာငွေလဲနှုန်း မြင့်တက်မှုကြောင့် ဖြစ်ပေါ်လေ့ရှိသည့် ငွေကြေးဖောင်းပွမှုကိုလည်း လျှော့ချနိုင်မှာဖြစ်ကြောင်း ဆိုထားသည်။

(Zawgyi)

“ဘတ္/က်ပ္ ေပးေခ်ခြင့္ျပဳၿပီးေနာက္ အိႏၵိယ-ျမန္မာနယ္စပ္ကုန္သြယ္မႈတြင္ ႐ူပီး/က်ပ္ တိုက္ရိုက္အသုံးျပဳေပးေခ်ခြင့္ျပဳရန္ ရည္႐ြယ္ေန”

ထိုင္း-ျမန္မာနယ္စပ္မွာ ဘတ္/က်ပ္ တိုက္ရိုက္အသုံးျပဳေပးေခ်ျခင္းကို ခြင့္ျပဳခဲ့ၿပီးေနာက္ အိႏၵိယ-ျမန္မာ ႏွစ္နိုင္ငံနယ္စပ္ကုန္သြယ္မႈတြင္လည္း ႐ူပီး/က်ပ္ အသုံးျပဳေပးေခ်ခြင့္ျပဳရန္ ရည္႐ြယ္လ်က္ရွိေၾကာင္း ျပန္ၾကားေရးဝန္ႀကီးဌာန (MOI)ႏွင့္ ရင္းႏွီးျမႇုပ္ႏွံမႈႏွင့္ နိုင္ငံျခားစီးပြားဆက္သြယ္ေရးဝန္ႀကီးဌာန (MIFER)တို႔၏ ပူးတြဲထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထားသည္။

အဆိုပါ ပူးတြဲထုတ္ျပန္ခ်က္တြင္ ထိုင္းနိုင္ငံသည္ တ႐ုတ္ၿပီးလွ်င္ ျမန္မာနိုင္ငံ၏ ဒုတိယအႀကီးဆုံး ကုန္သြယ္ဖက္နိုင္ငံျဖစ္သျဖင့္ ထိုင္းဘတ္ေငြပဏာမေျခလွမ္းမွာ သိသာထင္ရွားသည့္ ဖြံ႕ၿဖိဳးတိုးတက္မႈတစ္ခုျဖစ္ေၾကာင္း ေဖာ္ျပထားၿပီး န.စ.က အစိုးရအေနျဖင့္ အိႏၵိယနိုင္ငံႏွင့္ ထိစပ္ေနသည့္ နယ္စပ္တစ္ေလွ်ာက္ ကုန္သြယ္မႈတြင္လည္း အလားတူ အိႏၵိယ႐ူပီးကို ေျပာင္းလဲနိုင္ရန္ ရည္႐ြယ္ထားေၾကာင္း ပါရွိသည္။

ပထမအႀကိမ္ခြင့္ျပဳခဲ့သည့္ တ႐ုတ္-ျမန္မာနယ္စပ္ကုန္သြယ္မႈအတြက္ ယြမ္/က်ပ္ တိုက္ရိုက္ေပးေခ်မႈကို ၂၀၂၂ ခုႏွစ္ ႏွစ္ဆန္းပိုင္းမွာ စတင္ခဲ့ၿပီး နယ္စပ္ကုန္သြယ္ေရးအတြက္ အေမရိကန္ေဒၚလာမဟုတ္တဲ့ တိုက္ရိုက္ေငြေၾကးကို တိုးျမႇင့္အသုံးျပဳျခင္းက အိမ္နီးခ်င္းနိုင္ငံမ်ားႏွင့္ ျမန္မာနိုင္ငံတို႔၏ ခိုင္မာသည့္ ႏွစ္ဖက္ဆက္ဆံေရးကို မီးေမွာင္းထိုးျပေနေၾကာင္း ေျပာဆိုသည္။

အိမ္နီးခ်င္းနိုင္ငံေတြနဲ႕ ဒီလိုအစီအမံေတြ ေအာင္ျမင္နိုင္ရင္ ျမန္မာနိုင္ငံလုံးရဲ႕ ကုန္သြယ္မႈပမာဏ ၇၀ ရာခိုင္ႏႈန္းအထိ အေမရိကန္ေဒၚလာအေပၚ မွီခိုေနရျခင္းကို တျဖည္းျဖည္းခ်င္း ေလွ်ာ့ခ်နိဳင္မွာပါဟု ဝန္ႀကီးႏွစ္ဦးက ပူးတြဲထုတ္ျပန္ခ်က္တြင္ ေျပာၾကားထားၿပီး ယခုအစီအစဥ္မ်ားသည္ နိုင္ငံအတြင္းရွိ ေငြသားျပတ္လပ္မႈဆိုင္ရာ စိုးရိမ္မႈမ်ားကို ေလ်ာ့ပါးေစၿပီး အေမရိကန္ေဒၚလာေငြလဲႏႈန္း ျမင့္တက္မႈေၾကာင့္ ျဖစ္ေပၚေလ့ရွိသည့္ ေငြေၾကးေဖာင္းပြမႈကိုလည္း ေလွ်ာ့ခ်နိဳင္မွာျဖစ္ေၾကာင္း ဆိုထားသည္။