MMQR စနစ်သုံး မိုဘိုင်းလ်ငွေပေးချေမှုကို အသုံးပြုပြီး ဘဏ်များ၊ မိုဘိုင်းလ်ငွေရေးကြေးရေး အဖွဲ့အစည်းများအကြား အပြန်အလှန်ချိတ်ဆက်ပေးချေနိုင်မယ့် “အချိန်နှင့်တပြေးညီ လက်လီငွေပေးချေမှုကွန်ရက်” (Real Time Retail Payment Network) ကို မကြာမီ အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေ၏ ပြောကြားချက်အရ သိရသည်။

လက်ရှိတွင် Payment Instrument များ၊ Payment Channel များ ပိုမိုများပြားလာစေရန် ဖော်ဆောင်လျက်ရှိပြီး အဖွဲ့အစည်းအချို့ကို Transportation Card ၊ Shopping Card စသည့် ကတ်ပေးချေမှုလုပ်ငန်းများကိုလည်း ဆောင်ရွက်ခွင့်ပြုခဲ့ကြောင်း ဒေါ်သန်းသန်းဆွေက ဆိုထားသည်။

ဗဟိုဘဏ်၏ Merchant Acquiring ဆောင်ရွက်ခွင့်ရှိသည့် လုပ်ငန်းများထဲတွင် Trusty ၊ OK Dollar ၊ Zego နှင့် Unipay တို့ ပါဝင်ပြီး Merchant Acquiring များအနေဖြင့် ငွေပေးချေမှုကို ဗဟိုဘဏ်က ချမှတ်ထားသည့် MMQR စံသတ်မှတ်ချက်နှင့်အညီ QR ဖြင့် ပေးချေနိုင်ဖို့ ဆောင်ရွက်ထားကြရန်နှင့် ပြည်သူများ လွယ်ကူစွာ အသုံးပြုနိုင်ရန် မိတ်ဆက်အခမ်းအနားကို ယမန်နေ့က ပြုလုပ်ခဲ့သည်။

#mhtnews

(Zawgyi)

“ဘဏ္မ်ားနဲ႕ မိုဘိုင္းလ္ေငြေရးေၾကးေရး အဖြဲ႕အစည္းမ်ားအၾကား အျပန္အလွန္ခ်ိတ္ဆက္ေပးေခ်နိဳင္မယ့္ လက္လီေငြေပးေခ်မႈကြန္ရက္ကို အေကာင္အထည္ေဖာ္ ေဆာင္႐ြက္သြားမယ္လို႔ ဗဟိုဘဏ္ ဒုတိယဥကၠ႒ေျပာ”

MMQR စနစ္သုံး မိုဘိုင္းလ္ေငြေပးေခ်မႈကို အသုံးျပဳၿပီး ဘဏ္မ်ား၊ မိုဘိုင္းလ္ေငြေရးေၾကးေရး အဖြဲ႕အစည္းမ်ားအၾကား အျပန္အလွန္ခ်ိတ္ဆက္ေပးေခ်နိဳင္မယ့္ “အခ်ိန္ႏွင့္တေျပးညီ လက္လီေငြေပးေခ်မႈကြန္ရက္” (Real Time Retail Payment Network) ကို မၾကာမီ အေကာင္အထည္ေဖာ္ ေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္း ျမန္မာနိုင္ငံေတာ္ဗဟိုဘဏ္ ဒုတိယဥကၠ႒ ေဒၚသန္းသန္းေဆြ၏ ေျပာၾကားခ်က္အရ သိရသည္။

လက္ရွိတြင္ Payment Instrument မ်ား၊ Payment Channel မ်ား ပိုမိုမ်ားျပားလာေစရန္ ေဖာ္ေဆာင္လ်က္ရွိၿပီး အဖြဲ႕အစည္းအခ်ိဳ႕ကို Transportation Card ၊ Shopping Card စသည့္ ကတ္ေပးေခ်မႈလုပ္ငန္းမ်ားကိုလည္း ေဆာင္႐ြက္ခြင့္ျပဳခဲ့ေၾကာင္း ေဒၚသန္းသန္းေဆြက ဆိုထားသည္။

ဗဟိုဘဏ္၏ Merchant Acquiring ေဆာင္႐ြက္ခြင့္ရွိသည့္ လုပ္ငန္းမ်ားထဲတြင္ Trusty ၊ OK Dollar ၊ Zego ႏွင့္ Unipay တို႔ ပါဝင္ၿပီး Merchant Acquiring မ်ားအေနျဖင့္ ေငြေပးေခ်မႈကို ဗဟိုဘဏ္က ခ်မွတ္ထားသည့္ MMQR စံသတ္မွတ္ခ်က္ႏွင့္အညီ QR ျဖင့္ ေပးေခ်နိဳင္ဖို႔ ေဆာင္႐ြက္ထားၾကရန္ႏွင့္ ျပည္သူမ်ား လြယ္ကူစြာ အသုံးျပဳနိုင္ရန္ မိတ္ဆက္အခမ္းအနားကို ယမန္ေန႕က ျပဳလုပ္ခဲ့သည္။

#mhtnews