⏹ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများအနေဖြင့် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်အတွက် အရအသုံးခန့်မှန်းခြေ ငွေစာရင်းများကိုရေးဆွဲရာတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ချမှတ်ထား သည့် ရှေ့လုပ်ငန်းစဉ်(၅)ရပ်၊ ဦးတည်ချက်(၉)ရပ်တို့ကို အခြေခံပြီး မူဝါဒ၊ ညွှန်ကြား ချက်များနှင့်အညီ ရေးဆွဲကြရမည်ဖြစ်ကြောင်း ပြောကြားသည်။
⏹ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်အတွင်း ကိုဗစ်-၁၉ရောဂါနှင့် နိုင်ငံရေးဖြစ်စဉ်များကြောင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု အဟန့်အတား၊ အနှောင့်အယှက်များ ရှိနေသော်လည်း မိမိတို့လျာထားသည့် ရငွေများ ကို လျာထားချက်အတိုင်းရရှိအောင် ကြိုးပမ်းဆောင်ရွက်ကြရန် လိုအပ်ကြောင်း ပြောကြားသည်။
⏹ အသုံးစရိတ်များကိုလည်း နိုင်ငံတော်၏စီးပွားရေး ပြန်လည်ဖွံ့ဖြိုးတိုးတက်မှုကို အလျင်အမြန် အထောက်အကူပြုမည့်အသုံးစရိတ်များကိုသာ ဦးစားပေး လျာထား ဆောင်ရွက်ကြရန် လိုအပ်ကြောင်း ပြောကြားသည်။
⏹ စိုက်ပျိုးရေးနှင့် မွေးမြူရေးကို အခြေခံသည့် ကုန်ထုတ်လုပ်မှုလုပ်ငန်းစဉ်များကို ခေတ်မီနည်းစနစ်များဖြင့် ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရန်အတွက် သက်ဆိုင်ရာအစိုးရဌာန၊ အဖွဲ့အစည်းများက ဦးဆောင်လမ်းပြကူညီပံ့ပိုးဆောင်ရွက်ပေးကြရမည်ဖြစ်ကြောင်း ပြောကြားသည်။
⏹ နိုင်ငံတော်တွင် လိုအပ်နေဆဲဖြစ်သည့် အခြေခံအဆောက်အအုံဆိုင်ရာ လမ်း၊ တံတား၊ အဆောက်အဦ၊ လျှပ်စစ်၊ ပို့ဆောင်ရေး၊ ဆက်သွယ်ရေးစသည့် အသုံးစရိတ်များ၊ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးဆိုင်ရာ အသုံးစရိတ်များကိုလည်း ခွဲဝေပေးသည့်ရန်ပုံငွေဖြင့် ဆောင်ရွက်သင့် ဆောင်ရွက်ထိုက်သည့် လုပ်ငန်းများအတွက် ထိထိရောက်ရောက် အကောင်အထည် ဖော်ဆောင်ရွက်ပေးကြစေလိုကြောင်း ပြောကြားသည်။
⏹ အစိုးရ၏အသုံးစရိတ် သုံးစွဲမှုများသည် နိုင်ငံ့စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် အဓိကကျသည့် ကုန်ထုတ်လုပ်မှု၊ ကုန်သွယ်မှု၊ ဝန်ဆောင်မှုလုပ်ငန်းများကို အထောက်အကူပြုနိုင်ရမည်ဖြစ်ပါကြောင်း ပြောကြားသည်။
⏹ ပြည်သူတို့၏ လူမှုစီးပွားဘဝ မြင့်မားတိုးတက်ရေး၊ တစ်ဦးချင်းဝင်ငွေတိုးမြင့်ရေး၊ အလုပ်အကိုင် အခွင့်အလမ်းရရှိစေရေး၊ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်း များ ဖွံ့ဖြိုးရေး၊ ပြည်ပပို့ကုန်မြှင့်တင်ရေး၊ သွင်းကုန်အစားထိုး ထုတ်လုပ်ရေး စသည်များကို ဦးတည်ရည်မှန်းချက်ထား ဆောင်ရွက်ရမည်ဖြစ်ကြောင်း ပြောကြားသည်။
⏹ မိမိတို့အစိုးရအဖွဲ့အနေဖြင့် နိုင်ငံတော်၏ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုး တိုးတက်ရေးအတွက် ပညာရေး၊ ကျန်းမာရေး၊ အားကစားနှင့် လူမှုကာကွယ်စောင့် ရှောက်ရေးအသုံးစရိတ်များကိုလည်း ဆက်လက် အားပေးမြှင့်တင်သုံးစွဲသွားမည် ဖြစ်ပါကြောင်း ပြောကြားသည်။
⏹ ကိုဗစ်-၁၉ ကပ်ရောဂါသည် လုံးဝချုပ်ငြိမ်းသွားခြင်းမရှိသေးသည့်အတွက် ကာကွယ်ဆေးအပါအဝင် ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာ အသုံးစရိတ်များကိုလည်း မဖြစ်မနေဆက်လက်သုံးစွဲသွားရမည် ဖြစ်ကြောင်း ပြောကြားသည်။
⏹ တိုင်းဒေသကြီးနှင့် ပြည်နယ်များအနေဖြင့် စီမံအုပ်ချုပ်ရေးဆိုင်ရာ အသုံးစရိတ်များထက် ပြည်သူကိုတိုက်ရိုက်အကျိုးပြုနိုင်သည့် လမ်း၊ တံတား၊ ရေ၊ လျှပ်စစ် မီးအသုံးစရိတ်များ၊ ဒေသဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြု အသုံးစရိတ်များကို ဦးစားပေး သုံးစွဲကြစေလိုကြောင်း ပြောကြားသည်။
⏹ နိုင်ငံတော်၏ မက်ခရိုစီးပွားရေးအခြေအနေပြ ညွှန်ကိန်းများအရ အရအသုံး ခန့်မှန်းခြေငွေစာရင်းလိုငွေနှင့် ဂျီဒီပီအချိုးကို ရှိသင့်သည့်ပမာဏ အတိုင်းအတာ အတွင်း ထိန်းသိမ်းဆောင်ရွက်ရန်လိုအပ်ကြောင်း ပြောကြားသည်။
⏹ ရငွေများတိုးတက်ရရှိစေရေး ကြိုးပမ်းဆောင်ရွက်ရန်လိုအပ်သဖြင့် အဓိကကျသည့် ကုန်ထုတ်လုပ်မှုကို မြှင့်တင်နိုင်ရေးဆောင်ရွက်ကြရန်လိုကြောင်း၊ မိမိတို့နိုင်ငံတွင် ကုန်ထုတ်လုပ်မှု အတွက် အခြေခံလိုအပ်ချက်များဖြစ်သည့် မြေ၊ ရေနှင့် လူသားအရင်း အမြစ်များရှိပြီး ဖြစ်ကြောင်း ပြောကြားသည်။
⏹ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများမှ ရရှိသည့်ထွက်ကုန်များဖြင့် ထုတ်ကုန်များ ထုတ်လုပ်နိုင်ခြင်းအားဖြင့် ပြည်တွင်းကုန်ထုတ်လုပ်မှုများကို တိုးတက်စေမည်ဖြစ် ကြောင်း၊ Quick Win ဖြစ်သည့် စိုက်ပျိုးရေးလုပ်ငန်းများ ယခုထက်အောင်မြင်အောင် ဆောင်ရွက်ခြင်းဖြင့် ငွေကြေးလည်ပတ်မှုကို ပိုမိုအားကောင်းစေမည်ဖြစ်ကြောင်း ပြောကြားသည်။
⏹ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများမှ ရရှိသည့်ထွက်ကုန်များဖြင့် ထုတ်ကုန်များ ထုတ်လုပ်နိုင်ခြင်းအားဖြင့် ပြည်တွင်းကုန်ထုတ်လုပ်မှုများကို တိုးတက်စေမည်ဖြစ် ကြောင်း၊ Quick Win ဖြစ်သည့် စိုက်ပျိုးရေးလုပ်ငန်းများ ယခုထက်အောင်မြင်အောင် ဆောင်ရွက်ခြင်းဖြင့် ငွေကြေးလည်ပတ်မှုကို ပိုမိုအားကောင်းစေမည်ဖြစ်ကြောင်း ပြောကြားသည်။
⏹ စိုက်ပျိုးရေးနှင့်မွေးမြူရေးကိုအခြေခံသည့် ကုန်ထုတ်လုပ်မှုလုပ်ငန်းများကို တိုးတက်အောင်ဆောင်ရွက်နိုင်မည်ဆိုပါက နိုင်ငံ၏စီးပွားရေးများစွာတိုးတက်ပြောင်းလဲလာ မည်ဖြစ်ကြောင်းနှင့် ပြည်သူများပါသည့် စီးပွားရေးကို ပီပြင်အောင်ဆောင်ရွက်နိုင်မည် ဆိုပါက နိုင်ငံသာယာဝပြောမည်ဖြစ်ကြောင်းပြောကြားသည်။
⏹ စီမံကိန်းကြီးများနှင့် ပတ်သက်၍ မဖြစ်မနေ အကောင်အထည်ဖော် ဆောင်ရွက် ရန်လိုအပ်သည့်၊ နိုင်ငံအတွက်အကျိုးရှိစေမည့် စီမံကိန်းကြီးများကိုသာ ဦးစားပေးဆောင်ရွက်ကြရန်လိုကြောင်း၊ လတ်တလောကာလအတွင်း ဆောင်ရွက်ရန် မလိုအပ်သေးသည့် စီမံကိန်းများကို လျှော့ချဆောင်ရွက်သွားရန်လိုကြောင်း၊ အရှုံးပေါ်လျက်ရှိနေသည့် လုပ်ငန်းများနှင့် စီမံကိန်းများကိုလည်း ပြန်လည်စိစစ်ကြပ်မတ်သွားရန်လိုကြောင်း၊ ကျန်းမာရေးနှင့် လုံခြုံရေးအတွက်မဖြစ်မနေ ရင်းနှီးမြှုပ်နှံရမည့် လုပ်ငန်းများကို နိုင်ငံတော်မှရင်းနှီး မြှုပ်နှံဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်းတို့ကို ပြောကြားသွားသည်ဟု သိရသည်။
#mhtnews
Recent Comments