ကမ္ဘောဒီးယားနိုင်ငံတွင် ရောက်ရှိနေသည့် ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေး ဉီးဆောင်သည့် မြန်မာ့တပ်မတော် ကိုယ်စား လှယ်အဖွဲ့သည် ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ကြီး ဦးသစ်လင်းအုန်း နှင့် မြန်မာစစ်သံ(ကြည်း၊ ရေ၊ လေ)ဗိုလ်မှူးချုပ် သူရလှမင်း တို့လိုက်ပါ၍ ယမန်နေ့ (မတ်လ ၁၅) နံနက်ပိုင်းတွင် ကမ္ဘောဒီးယားအထူးတပ်ဖွဲ့ Special Forces Command သို့ သွာရောက်လေ့လာကြသည်။

ဉီးစွာ ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေး ဉီးဆောင်သည့် မြန်မာ့တပ်မတော်ကိုယ်စားလှယ်အဖွဲ့သည် Special Forces Command သို့ ရောက်ရှိရာ အထူးတပ်ဖွဲ့ဒုတိယတပ်မှူး Brigadier General MUON SAMET နှင့် တာဝန်ရှိသူများက ကြိုဆိုကြသည်။ ထို့နောက် ညှိနှိုင်း ကွပ်ကဲရေးမှူး(ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေး သည် ဂုဏ်ပြုတပ် ဖွဲ့၏ အလေးပြုခြင်းကိုခံယူပြီး ဂုဏ်ပြုတပ်ဖွဲ့အား ကြည့်ရှုစစ်ဆေးသည်။

ယင်းနောက် အထူးတပ်ဖွဲ့ Special Forces Command အစည်းအဝေးခန်းမတွင် အထူးတပ်ဖွဲ့ ဒုတိယတပ်မှူးက အထူးတပ်ဖွဲ့သမိုင်းကြောင်း၊ တပ်ဖွဲ့ဆိုင်ရာများနှင့် သဘာဝဘေးအန္တရာယ်ကူညီကယ်ဆယ်ရေးလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ခဲ့မှုမှတ်တမ်းများအား Movie Clip ဖြင့် ရှင်းလင်းတင်ပြသည်။ ၎င်းနောက် ဧည့်သည်တော်မှတ်တမ်းစာအုပ်တွင် လက်မှတ်ရေးထိုးပြီး အထူးတပ်ဖွဲ့အစည်း အဝေးခန်းမရှေ့တွင် အမှတ်တရစုပေါင်းဓာတ်ပုံရိုက်ကြသည်။

၎င်းနောက် Special Forces Command မှ တပ်ဖွဲ့ဝင်များ၏ ကိုယ်ခံပညာ စွမ်းရည်သရုပ်ပြလေ့ကျင့်နေမှု၊ ယုံကြည်မှုကွင်းအတားအဆီးများနှင့် တစ်ဦးချင်း နည်းစနစ်ကွင်း အတားအဆီးများ ဖြတ်ကျော်ခြင်းများနှင့် ဓားစာခံ ကယ်ထုတ်ခြင်း အပါအဝင် အခြားသရုပ်ပြနေမှုများကို ကြည့်ရှုကြပြီးနောက် ဂုဏ်ပြုတပ်ဖွဲ့၏ အလေးပြုနှုတ်ဆက်ခြင်းကိုခံယူပြီး ပြန်လည်ထွက်ခွာခဲ့ကြောင်း သတင်းရရှိသည်။

(Zawgyi)

“ဗိုလ္ခ်ဳပ္ႀကီး ေမာင္ေမာင္ေအး ဉီးေဆာင္သည့္ ျမန္မာ့တပ္မေတာ္ကိုယ္စားလွယ္အဖြဲ႕ ကေမၻာဒီးယားအထူးတပ္ဖြဲ႕ဆိုင္ရာ Special Forces Command သို႔ သြားေရာက္ေလ့လာ”

ကေမၻာဒီးယားနိုင္ငံတြင္ ေရာက္ရွိေနသည့္ ညွိႏွိုင္းကြပ္ကဲေရးမႉး(ၾကည္း၊ ေရ၊ ေလ) ဗိုလ္ခ်ဳပ္ႀကီး ေမာင္ေမာင္ေအး ဉီးေဆာင္သည့္ ျမန္မာ့တပ္မေတာ္ ကိုယ္စား လွယ္အဖြဲ႕သည္ ကေမၻာဒီးယားနိုင္ငံဆိုင္ရာ ျမန္မာနိုင္ငံသံအမတ္ႀကီး ဦးသစ္လင္းအုန္း ႏွင့္ ျမန္မာစစ္သံ(ၾကည္း၊ ေရ၊ ေလ)ဗိုလ္မႉးခ်ဳပ္ သူရလွမင္း တို႔လိုက္ပါ၍ ယမန္ေန႕ (မတ္လ ၁၅) နံနက္ပိုင္းတြင္ ကေမၻာဒီးယားအထူးတပ္ဖြဲ႕ Special Forces Command သို႔ သြာေရာက္ေလ့လာၾကသည္။

ဉီးစြာ ညွိႏွိုင္းကြပ္ကဲေရးမႉး(ၾကည္း၊ ေရ၊ ေလ) ဗိုလ္ခ်ဳပ္ႀကီး ေမာင္ေမာင္ေအး ဉီးေဆာင္သည့္ ျမန္မာ့တပ္မေတာ္ကိုယ္စားလွယ္အဖြဲ႕သည္ Special Forces Command သို႔ ေရာက္ရွိရာ အထူးတပ္ဖြဲ႕ဒုတိယတပ္မႉး Brigadier General MUON SAMET ႏွင့္ တာဝန္ရွိသူမ်ားက ႀကိဳဆိုၾကသည္။ ထို႔ေနာက္ ညွိႏွိုင္း ကြပ္ကဲေရးမႉး(ၾကည္း၊ ေရ၊ ေလ) ဗိုလ္ခ်ဳပ္ႀကီး ေမာင္ေမာင္ေအး သည္ ဂုဏ္ျပဳတပ္ ဖြဲ႕၏ အေလးျပဳျခင္းကိုခံယူၿပီး ဂုဏ္ျပဳတပ္ဖြဲ႕အား ၾကည့္ရႈစစ္ေဆးသည္။

ယင္းေနာက္ အထူးတပ္ဖြဲ႕ Special Forces Command အစည္းအေဝးခန္းမတြင္ အထူးတပ္ဖြဲ႕ ဒုတိယတပ္မႉးက အထူးတပ္ဖြဲ႕သမိုင္းေၾကာင္း၊ တပ္ဖြဲ႕ဆိုင္ရာမ်ားႏွင့္ သဘာဝေဘးအႏၱရာယ္ကူညီကယ္ဆယ္ေရးလုပ္ငန္းမ်ားတြင္ ပါဝင္ေဆာင္႐ြက္ခဲ့မႈမွတ္တမ္းမ်ားအား Movie Clip ျဖင့္ ရွင္းလင္းတင္ျပသည္။ ၎ေနာက္ ဧည့္သည္ေတာ္မွတ္တမ္းစာအုပ္တြင္ လက္မွတ္ေရးထိုးၿပီး အထူးတပ္ဖြဲ႕အစည္း အေဝးခန္းမေရွ႕တြင္ အမွတ္တရစုေပါင္းဓာတ္ပုံရိုက္ၾကသည္။

၎ေနာက္ Special Forces Command မွ တပ္ဖြဲ႕ဝင္မ်ား၏ ကိုယ္ခံပညာ စြမ္းရည္သ႐ုပ္ျပေလ့က်င့္ေနမႈ၊ ယုံၾကည္မႈကြင္းအတားအဆီးမ်ားႏွင့္ တစ္ဦးခ်င္း နည္းစနစ္ကြင္း အတားအဆီးမ်ား ျဖတ္ေက်ာ္ျခင္းမ်ားႏွင့္ ဓားစာခံ ကယ္ထုတ္ျခင္း အပါအဝင္ အျခားသ႐ုပ္ျပေနမႈမ်ားကို ၾကည့္ရႈၾကၿပီးေနာက္ ဂုဏ္ျပဳတပ္ဖြဲ႕၏ အေလးျပဳႏႈတ္ဆက္ျခင္းကိုခံယူၿပီး ျပန္လည္ထြက္ခြာခဲ့ေၾကာင္း သတင္းရရွိသည္။