ဗဟိုမီးသတ်သင်တန်းကျောင်း(ပြင်ဦးလွင်)၊ အနော်ရထာခန်းမ၌ ယနေ့ (မတ်လ ၁၈ ရက်) နံနက်ပိုင်းတွင် လက်ထောက်မီးသတ်ဦးစီးမှူးလောင်းသင်တန်း အမှတ်စဉ် (၂၀/၂၀၂၁) သင်တန်းဆင်းပွဲအခမ်းအနားကို ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ လက်ထောက်မီးသတ်ဦးစီးမှူးလောင်း သင်တန်းအမှတ်စဉ် (၂၀/ ၂၀၂၁) သင်တန်းကို ၂၀၂၁ ခုနှစ်၊ ဇွန်လ ၂၈ ရက်နေ့မှ ယနေ့ (မတ်လ ၁၈ ရက်)နေ့အထိ ပြုလုပ်ခဲ့ခြင်းဖြစ်ကာ သင်တန်းသား၊ သင်တန်းသူ အင်အား ၂၀၅ ဦး တက်ရောက်ခဲ့ကြပြီး သင်တန်းဆင်းပွဲအခမ်းအနား၌ မီးသတ်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမြတ်သူ က သင်တန်းကာလတွင် ထူးချွန်စွာ အောင်မြင်ခဲ့ကြသည့် သင်တန်းသား၊ သင်တန်းသူများကို ဆုများ အသီးသီးပေးအပ်ချီးမြှင့်ခြင်း၊ ရာထူးခန့်အပ်လွှာများ ပေးအပ်ခြင်းတိုကို ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိသည်။
#mhtnews

(Zawgyi)
“ဗဟိုမီးသတ်သင်တန်းကျောင်း(ပြင်ဦးလွင်)၌ လက်ထောက်မီးသတ်ဦးစီးမှူးလောင်း သင်တန်းအမှတ်စဉ် (၂၀/၂၀၂၁)သင်တန်းဆင်းပွဲကျင်းပ”


အဆိုပါ လက်ထောက်မီးသတ်ဦးစီးမှူးလောင်း သင်တန်းအမှတ်စဉ် (၂၀/ ၂၀၂၁) သင်တန်းကို ၂၀၂၁ ခုနှစ်၊ ဇွန်လ ၂၈ ရက်နေ့မှ ယနေ့ (မတ်လ ၁၈ ရက်)နေ့အထိ ပြုလုပ်ခဲ့ခြင်းဖြစ်ကာ သင်တန်းသား၊ သင်တန်းသူ အင်အား ၂၀၅ ဦး တက်ရောက်ခဲ့ကြပြီး သင်တန်းဆင်းပွဲအခမ်းအနား၌ မီးသတ်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမြတ်သူ က သင်တန်းကာလတွင် ထူးချွန်စွာ အောင်မြင်ခဲ့ကြသည့် သင်တန်းသား၊ သင်တန်းသူများကို ဆုများ အသီးသီးပေးအပ်ချီးမြှင့်ခြင်း၊ ရာထူးခန့်အပ်လွှာများ ပေးအပ်ခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိသည်။
#mhtnews