ပဲခူးတိုင်းဒေသကြီးအရှေ့ခြမ်းရှိ ဖြူးချောင်းရေလှောင်တမံမှ ၂၀၂၀-၂၀၂၁ ခုနှစ်တွင် သုံးသီးစိုက် ဧရိယာ (၁၇၈၆)ဧက အပါအဝင် နွေစပါး ဧက (၁၀၅၇၀) စိုက်ပျိုးရေ ပေးဝေနိုင်ခဲ့ပြီး ၂၀၂၁-၂၀၂၂ ခုနှစ်တွင် သုံးသီးစိုက်ဧရိယာ (၃၈၉၇) ဧက အပါအဝင် ယနေ့အထိ ရေဝင်၊ မြေပြင် ပြီးစီးသည့် ဧရိယာ (၁၁၆၉၂) ဧကအထိ အကျိုးပြုလျှက်ရှိကြောင်း မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ သိရသည်။
ထို့အပြင် တောင်သူများအနေဖြင့် နွေသီးနှံများထပ်မံ တိုးတက်စိုက်ပျိုးလိုပါက ဧက (၂၃၃၀၀) အထိ လျာထားဧက အပြည့်အဝ ရေပေးဝေနိုင်ရန် ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနက စီမံဆောင်ရွက်ထားရှိပြီး ယမန်နှစ်ထက် စိုက်ပျိုးထုတ်လုပ်မှု တိုးမြှင့်ဆောင်ရွက်နိုင်ရေး မျှော်မှန်းထားရှိကြောင်းလည်း သိရသည်။
ပဲခူးရိုးမအရှေ့ခြမ်းရှိ ဆည်အစုအဖွဲများဖြစ်သော ဆွာ၊ ခပေါင်း၊ ဖြူး၊ ရဲနွယ်၊ ဘိုင်းဒါး၊ ကောလိယ၊ ဘောနီ၊ ပျဉ်ပုံကြီးနှင့် ဝါးကတုတ် ရေလှောင်တမံများမှ ယနေ့အထိ စိုက်ပျိုးပြီး ဧရိယာ ဧက ၇၀၀၀၀ ကျော်နှင့် အဆိုပါ ဆည်ရေသောက်ဧရိယာနှင့် ဆက်စပ်လျက်ရှိသည့် ပဲခူးမြစ်၏ လက်တက်များပေါ်ရှိ စလူ၊ ရွှေလောင်းနှင့် ကိုဒူကွဲရေလှောင်တမံများမှ ရေများကို ဇောင်းတူ ရေလွှဲဆည်မှလည်း ရေသောက်ဧရိယာ ဧက ၆၅၀၀ ကျော် အကျိုးပြုလျက်ရှိသည်။
အဆိုပါ ဆည်ရေများလေလွင့်မှု မရှိစေရေးနှင့် အကျိုးရှိထိရောက်စွာ သုံးစွဲနိုင်ရေးအတွက် ပဲခူးရိုးမအရှေ့ခြမ်း ဆည်အစုအဖွဲ့များ၏ ရေသောက်စနစ်အတွင်း၌ ရေအသုံးချသူများအဖွဲ့ Water User Group (WUG) ၅၉ ဖွဲ့နှင့် ဘိုင်းဒါးဆည်ရေသောက် ဧရိယာ၌ ရေအသုံးချသူများအသင်း Water User Association (WUA) အဖွဲ့ (၂) ဖွဲ့ ဖွဲ့စည်းထားပြီးဖြစ်ကာ ဆက်လက်၍လည်း ရေအသုံးချသူများအဖွဲများ တိုးချဲ့ဖွဲစည်း နိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
Mhtnews
===========================
(Zawgyi)
“ျဖဴးေခ်ာင္းေရေလွာင္တမံမွ စိုက္ပ်ိဳးေျမဧက တစ္ေသာင္းေက်ာ္ကို အက်ိဳးျပဳလွ်က္ရွိ”
ပဲခူးတိုင္းေဒသႀကီးအေရွ႕ျခမ္းရွိ ျဖဴးေခ်ာင္းေရေလွာင္တမံမွ ၂၀၂၀-၂၀၂၁ ခုႏွစ္တြင္ သုံးသီးစိုက္ ဧရိယာ (၁၇၈၆)ဧက အပါအဝင္ ႏြေစပါး ဧက (၁၀၅၇၀) စိုက္ပ်ိဳးေရ ေပးေဝနိုင္ခဲ့ၿပီး ၂၀၂၁-၂၀၂၂ ခုႏွစ္တြင္ သုံးသီးစိုက္ဧရိယာ (၃၈၉၇) ဧက အပါအဝင္ ယေန႕အထိ ေရဝင္၊ ေျမျပင္ ၿပီးစီးသည့္ ဧရိယာ (၁၁၆၉၂) ဧကအထိ အက်ိဳးျပဳလွ်က္ရွိေၾကာင္း ေမြးျမဴေရးႏွင့္ ဆည္ေျမာင္းဝန္ႀကီးဌာနမွ သိရသည္။
ထို႔အျပင္ ေတာင္သူမ်ားအေနျဖင့္ ႏြေသီးႏွံမ်ားထပ္မံ တိုးတက္စိုက္ပ်ိဳးလိုပါက ဧက (၂၃၃၀၀) အထိ လ်ာထားဧက အျပည့္အဝ ေရေပးေဝနိုင္ရန္ ဆည္ေျမာင္းႏွင့္ ေရအသုံးခ်မႈ စီမံခန႔္ခြဲေရးဦးစီးဌာနက စီမံေဆာင္႐ြက္ထားရွိၿပီး ယမန္ႏွစ္ထက္ စိုက္ပ်ိဳးထုတ္လုပ္မႈ တိုးျမႇင့္ေဆာင္႐ြက္နိုင္ေရး ေမွ်ာ္မွန္းထားရွိေၾကာင္းလည္း သိရသည္။
ပဲခူးရိုးမအေရွ႕ျခမ္းရွိ ဆည္အစုအဖြဲမ်ားျဖစ္ေသာ ဆြာ၊ ခေပါင္း၊ ျဖဴး၊ ရဲႏြယ္၊ ဘိုင္းဒါး၊ ေကာလိယ၊ ေဘာနီ၊ ပ်ဥ္ပုံႀကီးႏွင့္ ဝါးကတုတ္ ေရေလွာင္တမံမ်ားမွ ယေန႕အထိ စိုက္ပ်ိဳးၿပီး ဧရိယာ ဧက ၇၀၀၀၀ ေက်ာ္ႏွင့္ အဆိုပါ ဆည္ေရေသာက္ဧရိယာႏွင့္ ဆက္စပ္လ်က္ရွိသည့္ ပဲခူးျမစ္၏ လက္တက္မ်ားေပၚရွိ စလူ၊ ေ႐ႊေလာင္းႏွင့္ ကိုဒူကြဲေရေလွာင္တမံမ်ားမွ ေရမ်ားကို ေဇာင္းတူ ေရလႊဲဆည္မွလည္း ေရေသာက္ဧရိယာ ဧက ၆၅၀၀ ေက်ာ္ အက်ိဳးျပဳလ်က္ရွိသည္။
အဆိုပါ ဆည္ေရမ်ားေလလြင့္မႈ မရွိေစေရးႏွင့္ အက်ိဳးရွိထိေရာက္စြာ သုံးစြဲနိုင္ေရးအတြက္ ပဲခူးရိုးမအေရွ႕ျခမ္း ဆည္အစုအဖြဲ႕မ်ား၏ ေရေသာက္စနစ္အတြင္း၌ ေရအသုံးခ်သဴမ်ားအဖြဲ႕ Water User Group (WUG) ၅၉ ဖြဲ႕ႏွင့္ ဘိုင္းဒါးဆည္ေရေသာက္ ဧရိယာ၌ ေရအသုံးခ်သဴမ်ားအသင္း Water User Association (WUA) အဖြဲ႕ (၂) ဖြဲ႕ ဖြဲ႕စည္းထားၿပီးျဖစ္ကာ ဆက္လက္၍လည္း ေရအသုံးခ်သဴမ်ားအဖြဲမ်ား တိုးခ်ဲ့ဖြဲစည္း နိုင္ေရး ေဆာင္႐ြက္လ်က္ရွိေၾကာင္း သိရသည္။
Mhtnews
Recent Comments