ပြန်လွတ်လာတဲ့ အနုပညာရှင်အများစုက နိုင်ငံရေးနဲ့ ကင်းရှင်းပြီးနေလိုကြတယ်လို့ နိုင်ငံပိုင် သတင်းဖော်ပြမှုအရ သိရပါတယ်။

ပြန်လည်လွတ်မြောက်လာတဲ့ အနုပညာရှင်တွေရဲ့ လက်ရှိသဘောထားနဲ့ပက်သက်ပြီးအနုပညာရှင်ကြီး တစ်ဦးက “လွတ်မြောက်လာကြတဲ့ အနုပညာရှင် အားလုံးလိုလိုက အနုပညာအလုပ်ကိုပဲ ဆက်လုပ်လိုကြတယ်။ နိုင်ငံရေးနဲ့ပတ်သက်ပြီး ကင်းကင်းရှင်းရှင်း နေချင်တော့တာကို သိထားရတယ်”လို့ ရင်ဖွင့်ပြောဆိုခဲ့ကြောင်း သတင်းမှာဖော်ပြခဲ့တာပါ။

ဖမ်းဆီးထိန်းသိမ်းခံခဲ့ရတဲ့ သရုပ်ဆောင်တွေအပါအဝင် တရားစွဲဆို ပြစ်ဒဏ်ချမှတ်ခံရတဲ့ အနုပညာရှင်တချို့ကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ(နစက)က မတ်လ ၂ ရက်နေ့မှာ ပြန်လွှတ်ပေးခဲ့တာဖြစ်ပြီး အဲဒီအပေါ်မှာ န.စ.က ထောက်ခံသူတွေအကြား ဝေဖန်မှုတွေမြင့်တက်ခဲ့တာကိုလည်းတွေ့ရပါတယ်။

အဲဒီလို ဝေဖန်မှုတွေ ရှိနေသော်လည်း မကြာခင်ကာလမှာ ရုပ်ရှင်အနုပညာနဲ့ ပတ်သက်တဲ့ လုပ်ငန်းတွေကို ပြန်လည်စတင်ဖို့စီစဉ်နေပြီး ရပ်နားထားတဲ့ အနုပညာလုပ်ငန်းများကို ပုံမှန်ပြန်လည်လုပ်ကိုင်နိုင်စေရန်နဲ့ ရုပ်ရှင်ရုံတွေ ပြန်လည်ဖွင့်လှစ်ပြသနိုင်ရန် လက်တွေ့ကျကျ လုပ်ဆောင်ကြဖို့ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက မတ်လ ၆ ရက်နေ့က ရန်ကုန်မြို့ ပြည်လမ်းမှာရှိတဲ့ မြန်မာ့အသံနဲ့ ရုပ်မြင်သံကြား အစည်းအဝေးခန်းမမှာ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး ယာယီအမှုဆောင်အဖွဲ့ရဲ့တာဝန်ရှိသူတွေနဲ့ တွေ့ဆုံချိန်မှာ ပြောဆိုထားတာရှိပါတယ်။

#mhtnews

(Zawgyi)

“ျပန္လြတ္လာတဲ့ အႏုပညာရွင္အမ်ားစုက နိုင္ငံေရးနဲ႕ ကင္းရွင္းၿပီးေနလိုၾကတယ္လို႔သိရ”

ျပန္လြတ္လာတဲ့ အႏုပညာရွင္အမ်ားစုက နိုင္ငံေရးနဲ႕ ကင္းရွင္းၿပီးေနလိုၾကတယ္လို႔ နိုင္ငံပိုင္ သတင္းေဖာ္ျပမႈအရ သိရပါတယ္။

ျပန္လည္လြတ္ေျမာက္လာတဲ့ အႏုပညာရွင္ေတြရဲ႕ လက္ရွိသေဘာထားနဲ႕ပက္သက္ၿပီးအႏုပညာရွင္ႀကီး တစ္ဦးက “လြတ္ေျမာက္လာၾကတဲ့ အႏုပညာရွင္ အားလုံးလိုလိုက အႏုပညာအလုပ္ကိုပဲ ဆက္လုပ္လိုၾကတယ္။ နိုင္ငံေရးနဲ႕ပတ္သက္ၿပီး ကင္းကင္းရွင္းရွင္း ေနခ်င္ေတာ့တာကို သိထားရတယ္”လို႔ ရင္ဖြင့္ေျပာဆိုခဲ့ေၾကာင္း သတင္းမွာေဖာ္ျပခဲ့တာပါ။

ဖမ္းဆီးထိန္းသိမ္းခံခဲ့ရတဲ့ သ႐ုပ္ေဆာင္ေတြအပါအဝင္ တရားစြဲဆို ျပစ္ဒဏ္ခ်မွတ္ခံရတဲ့ အႏုပညာရွင္တခ်ိဳ႕ကို နိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီ(နစက)က မတ္လ ၂ ရက္ေန႕မွာ ျပန္လႊတ္ေပးခဲ့တာျဖစ္ၿပီး အဲဒီအေပၚမွာ န.စ.က ေထာက္ခံသူေတြအၾကား ေဝဖန္မႈေတြျမင့္တက္ခဲ့တာကိုလည္းေတြ႕ရပါတယ္။

အဲဒီလို ေဝဖန္မႈေတြ ရွိေနေသာ္လည္း မၾကာခင္ကာလမွာ ႐ုပ္ရွင္အႏုပညာနဲ႕ ပတ္သက္တဲ့ လုပ္ငန္းေတြကို ျပန္လည္စတင္ဖို႔စီစဥ္ေနၿပီး ရပ္နားထားတဲ့ အႏုပညာလုပ္ငန္းမ်ားကို ပုံမွန္ျပန္လည္လုပ္ကိုင္နိုင္ေစရန္နဲ႕ ႐ုပ္ရွင္႐ုံေတြ ျပန္လည္ဖြင့္လွစ္ျပသနိုင္ရန္ လက္ေတြ႕က်က် လုပ္ေဆာင္ၾကဖို႔ ျပန္ၾကားေရးဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ဦးေမာင္ေမာင္အုန္းက မတ္လ ၆ ရက္ေန႕က ရန္ကုန္ၿမိဳ႕ ျပည္လမ္းမွာရွိတဲ့ ျမန္မာ့အသံနဲ႕ ႐ုပ္ျမင္သံၾကား အစည္းအေဝးခန္းမမွာ ျမန္မာနိုင္ငံ ႐ုပ္ရွင္အစည္းအ႐ုံး ယာယီအမႈေဆာင္အဖြဲ႕ရဲ႕တာဝန္ရွိသူေတြနဲ႕ ေတြ႕ဆုံခ်ိန္မွာ ေျပာဆိုထားတာရွိပါတယ္။

#mhtnews