ပြည်သူ့ရှေ့ဆောင်ပါတီ (PPP) ၏ ဒုတိယဥက္ကဋ္ဌ ဖြစ်သည့် ဦးကျော်ဇေယျသည် ၎င်းအနေဖြင့် ယနေ့ (မတ်လ ၁၂ ရက်) ကစပြီး ပါတီတာဝန်များထမ်းဆောင်ခြင်းမှ အနားယူလိုက်ပြီဖြစ်ကြောင်း ၎င်း၏လူမှုကွန်ရက်မှတစ်ဆင့် အသိပေးကြေညာလိုက်သည်။

၎င်းအား ပါတီမှလည်း မတ်လ ၁၁ ရက် ရက်စွဲပါ ရုံးတွင်းအမိန့်စာဖြင့် ပါတီတာဝန်မှ ဆိုင်းငံ့ပြစ်ဒဏ်ချမှတ်သည့် အကြောင်းစာကို လက်ခံရရှိထားသည်ဟုလည်း ဦးကျော်ဇေယျက ပြောဆိုထားသည်။

ဦးကျော်ဇေယျအနေဖြင့် ပါတီမှ အနားယူရခြင်းမှာ ပါတီတွင်းဒီမိုကရေနည်းလမ်းမကျမှုများကြောင့်ဖြစ်ကြောင်း ပြောဆိုသည်။

“အဓိကကတော့ ပါတီမှာပြုလုပ်တဲ့ အလုပ်အမှုဆောင်ရွေးချယ်တာတွေကို သဘောမကျဘူး။ နောက်တစ်ခုက တိုင်းဒေသကြီးနဲ့ ပြည်နယ်အလုပ်အမှုဆောင်တွေ ရွေးချယ်ပွဲမှာ မဲကိုမကြေညာဘဲနဲ့ ဗဟိုဦးစီးစနစ်ပုံစံလုပ်သွားတွေကို သဘောမကျဘူး။ ဒါတွေက ဒီမိုကရေစီနည်းလမ်းမကျဘူးလို့ ခံစားရတယ်။ ဒါတွေနဲ့ပတ်သက်လို့ အန်ကယ်နဲ့ ပါတီအဖွဲ့တွေကြားမှာ သဘောထားမတိုက်ဆိုင်တာတွေ ရှိလာတဲ့အတွက် ထွက်လိုက်တဲ့သဘောပါပဲ။” ဟု ဦးကျော်ဇေယျက MHT ကိုပြောသည်။

၎င်းအနေဖြင့် PPP ပါတီမှ အနားယူလိုက်သော်လည်း အမျိုးသားနိုင်ငံရေးကို အခွင့်သင့်လျှင်သင့်သလို ဆက်လက်လုပ်ဆောင်သွားမှာဖြစ်ပြီး စိတ်သဘောထား တူညီသူများတွေ့ပါကလည်း လက်တွဲလုပ်ဆောင်သွားမည်ဖြစ်ကာ လက်ရှိတွင်လည်း ကမ်းလှမ်းလာသည့် ပါတီများရှိကြောင်း ပြောဆိုခဲ့သည်။

ဦးကျော်ဇေယျသည် NLD ပါတီနှင့် သဘောထားကွဲလွဲမှုများရှိခဲ့ရာက ပြည်သူ့ရှေ့ဆောင်ပါတီ (PPP) သို့ ကူးပြောင်းရောက်ရှိလာခဲ့သူဖြစ်သည်။

#mhtnews

(Zawgyi)

“ျပည္သူ႕ေရွ႕ေဆာင္ပါတီမွ ဒုဥကၠ႒ ဦးေက်ာ္ေဇယ် ပါတီတာဝန္ထမ္းေဆာင္ျခင္းမွ အနားယူ”

ျပည္သူ႕ေရွ႕ေဆာင္ပါတီ (PPP) ၏ ဒုတိယဥကၠ႒ ျဖစ္သည့္ ဦးေက်ာ္ေဇယ်သည္ ၎အေနျဖင့္ ယေန႕ (မတ္လ ၁၂ ရက္) ကစၿပီး ပါတီတာဝန္မ်ားထမ္းေဆာင္ျခင္းမွ အနားယူလိုက္ၿပီျဖစ္ေၾကာင္း ၎၏လူမႈကြန္ရက္မွတစ္ဆင့္ အသိေပးေၾကညာလိုက္သည္။

၎အား ပါတီမွလည္း မတ္လ ၁၁ ရက္ ရက္စြဲပါ ႐ုံးတြင္းအမိန႔္စာျဖင့္ ပါတီတာဝန္မွ ဆိုင္းငံ့ျပစ္ဒဏ္ခ်မွတ္သည့္ အေၾကာင္းစာကို လက္ခံရရွိထားသည္ဟုလည္း ဦးေက်ာ္ေဇယ်က ေျပာဆိုထားသည္။

ဦးေက်ာ္ေဇယ်အေနျဖင့္ ပါတီမွ အနားယူရျခင္းမွာ ပါတီတြင္းဒီမိုကေရနည္းလမ္းမက်မႈမ်ားေၾကာင့္ျဖစ္ေၾကာင္း ေျပာဆိုသည္။

“အဓိကကေတာ့ ပါတီမွာျပဳလုပ္တဲ့ အလုပ္အမႈေဆာင္ေ႐ြးခ်ယ္တာေတြကို သေဘာမက်ဘဴး။ ေနာက္တစ္ခုက တိုင္းေဒသႀကီးနဲ႕ ျပည္နယ္အလုပ္အမႈေဆာင္ေတြ ေ႐ြးခ်ယ္ပြဲမွာ မဲကိုမေၾကညာဘဲနဲ႕ ဗဟိုဦးစီးစနစ္ပုံစံလုပ္သြားေတြကို သေဘာမက်ဘဴး။ ဒါေတြက ဒီမိုကေရစီနည္းလမ္းမက်ဘဴးလို႔ ခံစားရတယ္။ ဒါေတြနဲ႕ပတ္သက္လို႔ အန္ကယ္နဲ႕ ပါတီအဖြဲ႕ေတြၾကားမွာ သေဘာထားမတိုက္ဆိုင္တာေတြ ရွိလာတဲ့အတြက္ ထြက္လိုက္တဲ့သေဘာပါပဲ။” ဟု ဦးေက်ာ္ေဇယ်က MHT ကိုေျပာသည္။

၎အေနျဖင့္ PPP ပါတီမွ အနားယူလိုက္ေသာ္လည္း အမ်ိဳးသားနိုင္ငံေရးကို အခြင့္သင့္လွ်င္သင့္သလို ဆက္လက္လုပ္ေဆာင္သြားမွာျဖစ္ၿပီး စိတ္သေဘာထား တူညီသူမ်ားေတြ႕ပါကလည္း လက္တြဲလုပ္ေဆာင္သြားမည္ျဖစ္ကာ လက္ရွိတြင္လည္း ကမ္းလွမ္းလာသည့္ ပါတီမ်ားရွိေၾကာင္း ေျပာဆိုခဲ့သည္။

ဦးေက်ာ္ေဇယ်သည္ NLD ပါတီႏွင့္ သေဘာထားကြဲလြဲမႈမ်ားရွိခဲ့ရာက ျပည္သူ႕ေရွ႕ေဆာင္ပါတီ (PPP) သို႔ ကူးေျပာင္းေရာက္ရွိလာခဲ့သူျဖစ္သည္။

#mhtnews