ပြည်သူများ သင်္ကြန်ရေဖြင့် ပင်ပန်းနွမ်းနယ်မှုကို အေးချမ်းစေဖို့၊ စိတ်ပင်ပန်းမှုများပြေပျောက်စေဖို့၊ ပျော်ရွှင်စွာပါဝင်ဆောင်ရွက်နိုင်ရေးအတွက် စစ်ကိုင်းမြိုတော် မြန်မာ့ရိုးရာမဟာသင်္ကြန်ကို စည်ကားစွာ ကျင်းပသွားမည်ဖြစ်ကြောင်း စစ်ကိုင်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဆန်းထွန်းစိန်က ယမန်နေ့ကပြုလုပ်တဲ့ မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး အကြို လုပ်ငန်းညှိနှိင်းဆွေးနွေးပွဲမှာ ပြောကြားလိုက်ပါတယ်။

ကျင်းပတဲ့အခါမှာလည်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ကျင်းပ သွားပြီး ကုမ္ပဏီလုပ်ငန်းရှင်များအနေဖြင့်လည်း ပါဝင်ဆင်နွှနိုင်အောင် စီမံဆောင်ရွက်ပေးသွားမှာ ဖြစ်ကြောင်း၊ မဟာသင်္ကြန်အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် လုပ်ငန်းဆပ်ကော်မတီများလည်းဖွဲ စည်းပေးအပ်ထားကြောင်းလည်း ၎င်းက ပြောဆိုခဲ့ပါသေးတယ်။

လက်ရှိအချိန်မှာတော့ စစ်ကိုင်းတိုင်းဒေသကြီးအတွင်း အကြမ်းဖက်မှုများရှိနေသေးသော်လည်း စစ်ကိုင်းမြို့ပေါ်မှာတော့ တရားဥပဒေစိုးမိုးမှု သိသိသာသာတိုးတက်လာပြီး အေးချမ်းလာနေပြီလို့ ဒေသခံတွေရဲ့ ပြောဆိုမှုအရ သိရပါတယ်။

#mhtnews

(Zawgyi)

“ျပည္သူမ်ား သၾကၤန္ေရျဖင့္ ပင္ပန္းႏြမ္းနယ္မႈကို ေအးခ်မ္းေစဖို႔၊ စိတ္ပင္ပန္းမႈမ်ားေျပေပ်ာက္ေစဖို႔ စစ္ကိုင္းၿမိဳ႕၌ မဟာသၾကၤန္ပြဲေတာ္ကို စည္ကားသိုက္ၿမိဳက္စြာက်င္းပမည္ဟု ခရိုင္စီမံအုပ္ခ်ဳပ္ေရးဥကၠ႒ေျပာ”

ျပည္သူမ်ား သၾကၤန္ေရျဖင့္ ပင္ပန္းႏြမ္းနယ္မႈကို ေအးခ်မ္းေစဖို႔၊ စိတ္ပင္ပန္းမႈမ်ားေျပေပ်ာက္ေစဖို႔၊ ေပ်ာ္႐ႊင္စြာပါဝင္ေဆာင္႐ြက္နိုင္ေရးအတြက္ စစ္ကိုင္းၿမိဳေတာ္ ျမန္မာ့ရိုးရာမဟာသၾကၤန္ကို စည္ကားစြာ က်င္းပသြားမည္ျဖစ္ေၾကာင္း စစ္ကိုင္းခရိုင္ စီမံအုပ္ခ်ဳပ္ေရးအဖြဲ႕ဥကၠ႒ ဦးဆန္းထြန္းစိန္က ယမန္ေန႕ကျပဳလုပ္တဲ့ ျမန္မာ့ရိုးရာ မဟာသၾကၤန္ပြဲေတာ္ စည္ကားသိုက္ၿမိဳက္စြာ က်င္းပနိုင္ေရး အႀကိဳ လုပ္ငန္းညွိႏွိင္းေဆြးႏြေးပြဲမွာ ေျပာၾကားလိုက္ပါတယ္။

က်င္းပတဲ့အခါမွာလည္း ကိုဗစ္-၁၉ ေရာဂါ ကာကြယ္ေရး လမ္းၫႊန္ခ်က္မ်ားႏွင့္အညီ က်င္းပ သြားၿပီး ကုမၸဏီလုပ္ငန္းရွင္မ်ားအေနျဖင့္လည္း ပါဝင္ဆင္ႏႊနိုင္ေအာင္ စီမံေဆာင္႐ြက္ေပးသြားမွာ ျဖစ္ေၾကာင္း၊ မဟာသၾကၤန္ေအာင္ျမင္စြာ က်င္းပနိုင္ေရးအတြက္ လုပ္ငန္းဆပ္ေကာ္မတီမ်ားလည္းဖြဲ စည္းေပးအပ္ထားေၾကာင္းလည္း ၎က ေျပာဆိုခဲ့ပါေသးတယ္။

လက္ရွိအခ်ိန္မွာေတာ့ စစ္ကိုင္းတိုင္းေဒသႀကီးအတြင္း အၾကမ္းဖက္မႈမ်ားရွိေနေသးေသာ္လည္း စစ္ကိုင္းၿမိဳ႕ေပၚမွာေတာ့ တရားဥပေဒစိုးမိုးမႈ သိသိသာသာတိုးတက္လာၿပီး ေအးခ်မ္းလာေနၿပီလို႔ ေဒသခံေတြရဲ႕ ေျပာဆိုမႈအရ သိရပါတယ္။

#mhtnews