ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းသည် ယမန်နေ့ ညနေ ၄ နာရီတွင် ဥရောပအာရှ စီးပွားရေးကော်မရှင် ကိုယ်စားလှယ်အဖွဲ့၊ ရုရှား-မြန်မာ ချစ်ကြည်ရေး အသင်းမှ စီမံချက်မန်နေဂျာ ဖြစ်သူ Mr. Ilia Nesterov ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ကျန်းမာရေးဝန်ကြီးဌာန၏ အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံခဲ့သည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံအနေဖြင့် ရုရှားနိုင်ငံမှထုတ်လုပ်သည့် Sputnik Light ကာကွယ်ဆေး(၁)သန်းကို အသုံးပြုထိုးနှံခဲ့ပါကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် ဆေးကုသရေး လုပ်ငန်းများ၊ ပြည်သူ့ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ၊ ကျန်းမာရေးလူ့စွမ်းအားအရင်း အမြစ် ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆေးပညာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများတွင် ရုရှားနိုင်ငံနှင့် ယခုထက်ပိုမို၍ ပူးပေါင်းဆောင်ရွက်သွားလိုပါကြောင်း ပြောကြားပါသည်။
ထို့နောက် တက်ရောက်လာကြသည့် ကိုယ်စားလှယ်အဖွဲ့က မြန်မာ-ရုရှားနှစ်နိုင်ငံ ကျန်းမာရေး ကဏ္ဍ ပူးပေါင်းဆောင်ရွက်နိုင်မည့် ကိစ္စရပ်များကို ကဏ္ဍအလိုက်ဆွေးနွေးတင်ပြကြရာ ရုရှား နိုင်ငံမှ နိုင်ငံတကာအဆင့်မီ ကိုဗစ်-၁၉ ကာကွယ်ဆေးများ၊ ဆေးဝါးများ ထုတ်လုပ်နေမှုများနှင့် အဆိုပါဆေးဝါးများ မြန်မာနိုင်ငံတွင် မှတ်ပုံတင်ရရှိရေးနှင့် သုံးစွဲနိုင်ရေး ကိစ္စ၊ ဆေဝါးများနှင့် ပတ်သက်သည့် သုတေသနလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်နိုင်ရေး၊ ဆေးဝါးများ၊ ဆေးရုံသုံးနှင့် ရောဂါရှာဖွေရေး ပစ္စည်းကိရိယာများ ပူးပေါင်းထုတ်လုပ်နိုင်ရေး ကိစ္စများ၊ ဆေးဘက်ဆိုင်ရာ နည်းပညာနှင့် အထောက်အကူပြုသင်တန်းများ ပူပေါင်းဆောင်ရွက် နိုင်ရေးကိစ္စများ၊ ဓါတ်ရောင်ခြည်ဖြင့် ကင်ဆာရောဂါကုသရေး ပညာရပ်ဆိုင်ရာသင်တန်းများ ပူးပေါင်းဆောင်ရွက်ရေးကိစ္စ၊ ဆေးတက္ကသိုလ်များနှင့် ဆေးဘက်ဆိုင်ရာ နည်းပညာ တက္ကသိုလ်များအကြား အပြန်အလှန် ဆက်သွယ်ဆောင်ရွက်နိုင်ရေးနှင့် ဝေးလံခက်ခဲ၍ လျှပ်စစ်မီးမရရှိသည့်ဒေသများရှိ ဆေးရုံနှင့် ကျန်းမာရေးဌာနများတွင် ဆိုလာစနစ်ကိုအသုံးပြု၍ ကျန်းမာရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေး ကိစ္စရပ်များနှင့်ပတ်သက်၍ ရင်းနှီးခင်မင်စွာ အမြင်ချင်းဖလှယ်ခဲ့ကြသည်။
တွေ့ဆုံပွဲသို့ ကျန်းမာရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီးနှင့် ညွှန်ကြားရေးမှူးချုပ်များ၊ တာဝန်ရှိ ပုဂ္ဂိုလ်များနှင့် ဥရောပအာရှစီးပွားရေးကော်မရှင်မှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။
===============================
(Zawgyi)
“ျပည္ေထာင္စုဝန္ႀကီး ေဒါက္တာသက္ခိုင္ဝင္း ဥေရာပအာရွ စီးပြားေရးေကာ္မရွင္ ကိုယ္စားလွယ္အဖြဲ႕၊ ႐ုရွား-ျမန္မာ ခ်စ္ၾကည္ေရး အသင္းမွ စီမံခ်က္မန္ေနဂ်ာ ျဖစ္သူ Mr. Ilia Nesterov ဦးေဆာင္ေသာ ကိုယ္စားလွယ္အဖြဲ႕အား လက္ခံေတြ႕ဆုံ”
က်န္းမာေရးဝန္ႀကီးဌာန၊ ျပည္ေထာင္စုဝန္ႀကီး ေဒါက္တာသက္ခိုင္ဝင္းသည္ ယမန္ေန႕ ညေန ၄ နာရီတြင္ ဥေရာပအာရွ စီးပြားေရးေကာ္မရွင္ ကိုယ္စားလွယ္အဖြဲ႕၊ ႐ုရွား-ျမန္မာ ခ်စ္ၾကည္ေရး အသင္းမွ စီမံခ်က္မန္ေနဂ်ာ ျဖစ္သူ Mr. Ilia Nesterov ဦးေဆာင္ေသာ ကိုယ္စားလွယ္အဖြဲ႕အား က်န္းမာေရးဝန္ႀကီးဌာန၏ အစည္းအေဝးခန္းမ၌ လက္ခံေတြ႕ဆုံခဲ့သည္။
ဦးစြာ ျပည္ေထာင္စုဝန္ႀကီးက ျမန္မာနိုင္ငံအေနျဖင့္ ႐ုရွားနိုင္ငံမွထုတ္လုပ္သည့္ Sputnik Light ကာကြယ္ေဆး(၁)သန္းကို အသုံးျပဳထိုးႏွံခဲ့ပါေၾကာင္း၊ ဝန္ႀကီးဌာနအေနျဖင့္ ေဆးကုသေရး လုပ္ငန္းမ်ား၊ ျပည္သူ႕က်န္းမာေရး ေစာင့္ေရွာက္မႈလုပ္ငန္းမ်ား၊ က်န္းမာေရးလူ႕စြမ္းအားအရင္း အျမစ္ ဖြံ႕ၿဖိဳးတိုးတက္ေရးႏွင့္ ေဆးပညာက႑ ဖြံ႕ၿဖိဳးတိုးတက္ေရးလုပ္ငန္းမ်ားတြင္ ႐ုရွားနိုင္ငံႏွင့္ ယခုထက္ပိုမို၍ ပူးေပါင္းေဆာင္႐ြက္သြားလိုပါေၾကာင္း ေျပာၾကားပါသည္။
ထို႔ေနာက္ တက္ေရာက္လာၾကသည့္ ကိုယ္စားလွယ္အဖြဲ႕က ျမန္မာ-႐ုရွားႏွစ္နိုင္ငံ က်န္းမာေရး က႑ ပူးေပါင္းေဆာင္႐ြက္နိုင္မည့္ ကိစၥရပ္မ်ားကို က႑အလိုက္ေဆြးႏြေးတင္ျပၾကရာ ႐ုရွား နိုင္ငံမွ နိုင္ငံတကာအဆင့္မီ ကိုဗစ္-၁၉ ကာကြယ္ေဆးမ်ား၊ ေဆးဝါးမ်ား ထုတ္လုပ္ေနမႈမ်ားႏွင့္ အဆိုပါေဆးဝါးမ်ား ျမန္မာနိုင္ငံတြင္ မွတ္ပုံတင္ရရွိေရးႏွင့္ သုံးစြဲနိုင္ေရး ကိစၥ၊ ေဆဝါးမ်ားႏွင့္ ပတ္သက္သည့္ သုေတသနလုပ္ငန္းမ်ား ပူးေပါင္းေဆာင္႐ြက္နိုင္ေရး၊ ေဆးဝါးမ်ား၊ ေဆး႐ုံသုံးႏွင့္ ေရာဂါရွာေဖြေရး ပစၥည္းကိရိယာမ်ား ပူးေပါင္းထုတ္လုပ္နိုင္ေရး ကိစၥမ်ား၊ ေဆးဘက္ဆိုင္ရာ နည္းပညာႏွင့္ အေထာက္အကူျပဳသင္တန္းမ်ား ပူေပါင္းေဆာင္႐ြက္ နိုင္ေရးကိစၥမ်ား၊ ဓါတ္ေရာင္ျခည္ျဖင့္ ကင္ဆာေရာဂါကုသေရး ပညာရပ္ဆိုင္ရာသင္တန္းမ်ား ပူးေပါင္းေဆာင္႐ြက္ေရးကိစၥ၊ ေဆးတကၠသိုလ္မ်ားႏွင့္ ေဆးဘက္ဆိုင္ရာ နည္းပညာ တကၠသိုလ္မ်ားအၾကား အျပန္အလွန္ ဆက္သြယ္ေဆာင္႐ြက္နိုင္ေရးႏွင့္ ေဝးလံခက္ခဲ၍ လွ်ပ္စစ္မီးမရရွိသည့္ေဒသမ်ားရွိ ေဆး႐ုံႏွင့္ က်န္းမာေရးဌာနမ်ားတြင္ ဆိုလာစနစ္ကိုအသုံးျပဳ၍ က်န္းမာေရးလုပ္ငန္းမ်ား ေဆာင္႐ြက္နိုင္ေရး ကိစၥရပ္မ်ားႏွင့္ပတ္သက္၍ ရင္းႏွီးခင္မင္စြာ အျမင္ခ်င္းဖလွယ္ခဲ့ၾကသည္။
ေတြ႕ဆုံပြဲသို႔ က်န္းမာေရးဝန္ႀကီးဌာနမွ ဒုတိယဝန္ႀကီးႏွင့္ ၫႊန္ၾကားေရးမႉးခ်ဳပ္မ်ား၊ တာဝန္ရွိ ပုဂၢိုလ္မ်ားႏွင့္ ဥေရာပအာရွစီးပြားေရးေကာ္မရွင္မွ ကိုယ္စားလွယ္မ်ား တက္ေရာက္ခဲ့ၾကသည္။
Recent Comments