စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ပွင့်ဆန်းသည် ယနေ့မွန်းလွဲ ၁ နာရီတွင် မြန်မာနိုင်ငံနှင့် ဥရောပအာရှစီးပွားရေးသမဂ္ဂတို့အကြား စီးပွားရေးပူးပေါင်း ဆောင်ရွက်မှုများမြှင့်တင်ရေးအတွက် ဥရောပအာရှစီးပွားရေးကော်မရှင်၊ အကြီးစား စီးပွားရေးလုပ်ငန်း ပူးပေါင်းဆောင်ရွက်ရေးအတွင်းရေးမှူးချုပ်ရုံးမှ အကြီးအကဲ Mr. Andrey DIANSKY ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ဝန်ကြီးရုံး၊ အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံစဉ် မြန်မာနိုင်ငံမှ ထွက်ရှိသည့် လယ်ယာထွက်ကုန်ပစ္စည်း၊ ရေထွက်ပစ္စည်း၊ သတ္ထုတွင်းထွက်ပစ္စည်းများနှင့် Value added ထုတ်ကုန်ပစ္စည်းများတင်ပို့နိုင်ရေး၊ နှစ်နိုင်ငံ ကုန်သွယ်မှုကဏ္ဍတွင် ငွေပေးချေရာ၌ ဒေသတွင်းငွေကြေးစနစ်အားအသုံးပြု၍ ဆောင်ရွက်နိုင် ရေးကိစ္စ၊ ရေနံ၊ လယ်ယာသုံးစက်ပစ္စည်းများ၊ ဓါတ်မြေသြဇာနှင့် လျှပ်စစ်ထုတ်ကုန်ပစ္စည်း များတင်သွင်းနိုင်ရေးကိစ္စနှင့် မြန်မာနိုင်ငံနှင့် ဥရောပအာရှနိုင်ငံများအကြား ကုန်သွယ်မှု ပိုမိုပူးပေါင်းဆောင်ရွက်နိုင်ရေး၊ မြန်မာ-ရုရှား စီးပွားရေးလုပ်ငန်းရှင်များအကြား ပိုမိုပူးပေါင်း ဆောင်ရွက်နိုင်ရေးကိစ္စနှင့် နှစ်နိုင်ငံကုန်သွယ်မှုမြှင့်တင်နိုင်ရေးအတွက် စီးပွားရေးကိုယ်စား လှယ်အဖွဲ့များ စေလွှတ်ရေးဆိုင်ရာကိစ္စရပ်များနှင့်စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
#mhtnews
==============================
(Zawgyi)
“ျပည္ေထာင္စုဝန္ႀကီး ေဒါက္တာပြင့္ဆန္း ဥေရာပအာရွစီးပြားေရးေကာ္မရွင္၊ အႀကီးစားစီးပြားေရးလုပ္ငန္း ပူးေပါင္းေဆာင္႐ြက္ေရး အတြင္းေရးမႉးခ်ဳပ္႐ုံးမွ အႀကီးအကဲအား လက္ခံေတြ႕ဆုံ၍ ႏွစ္နိုင္ငံကုန္သြယ္မႈျမႇင့္တင္နိုင္ေရးကိစၥမ်ား ေဆြးႏြေး”
စီးပြားေရးႏွင့္ ကူးသန္းေရာင္းဝယ္ေရးဝန္ႀကီးဌာန၊ ျပည္ေထာင္စုဝန္ႀကီး ေဒါက္တာ ပြင့္ဆန္းသည္ ယေန႕မြန္းလြဲ ၁ နာရီတြင္ ျမန္မာနိုင္ငံႏွင့္ ဥေရာပအာရွစီးပြားေရးသမဂၢတို႔အၾကား စီးပြားေရးပူးေပါင္း ေဆာင္႐ြက္မႈမ်ားျမႇင့္တင္ေရးအတြက္ ဥေရာပအာရွစီးပြားေရးေကာ္မရွင္၊ အႀကီးစား စီးပြားေရးလုပ္ငန္း ပူးေပါင္းေဆာင္႐ြက္ေရးအတြင္းေရးမႉးခ်ဳပ္႐ုံးမွ အႀကီးအကဲ Mr. Andrey DIANSKY ဦးေဆာင္ေသာ ကိုယ္စားလွယ္အဖြဲ႕အား ဝန္ႀကီး႐ုံး၊ အစည္းအေဝးခန္းမ၌ လက္ခံေတြ႕ဆုံသည္။
ေတြ႕ဆုံစဥ္ ျမန္မာနိုင္ငံမွ ထြက္ရွိသည့္ လယ္ယာထြက္ကုန္ပစၥည္း၊ ေရထြက္ပစၥည္း၊ သတၳဳတြင္းထြက္ပစၥည္းမ်ားႏွင့္ Value added ထုတ္ကုန္ပစၥည္းမ်ားတင္ပို႔နိုင္ေရး၊ ႏွစ္နိုင္ငံ ကုန္သြယ္မႈက႑တြင္ ေငြေပးေခ်ရာ၌ ေဒသတြင္းေငြေၾကးစနစ္အားအသုံးျပဳ၍ ေဆာင္႐ြက္နိုင္ ေရးကိစၥ၊ ေရနံ၊ လယ္ယာသုံးစက္ပစၥည္းမ်ား၊ ဓါတ္ေျမၾသဇာႏွင့္ လွ်ပ္စစ္ထုတ္ကုန္ပစၥည္း မ်ားတင္သြင္းနိုင္ေရးကိစၥႏွင့္ ျမန္မာနိုင္ငံႏွင့္ ဥေရာပအာရွနိုင္ငံမ်ားအၾကား ကုန္သြယ္မႈ ပိုမိုပူးေပါင္းေဆာင္႐ြက္နိုင္ေရး၊ ျမန္မာ-႐ုရွား စီးပြားေရးလုပ္ငန္းရွင္မ်ားအၾကား ပိုမိုပူးေပါင္း ေဆာင္႐ြက္နိုင္ေရးကိစၥႏွင့္ ႏွစ္နိုင္ငံကုန္သြယ္မႈျမႇင့္တင္နိုင္ေရးအတြက္ စီးပြားေရးကိုယ္စား လွယ္အဖြဲ႕မ်ား ေစလႊတ္ေရးဆိုင္ရာကိစၥရပ္မ်ားႏွင့္စပ္လ်ဥ္း၍ ရင္းႏွီးပြင့္လင္းစြာ ေဆြးႏြေးခဲ့ၾကေၾကာင္း သိရသည္။
#mhtnews
Recent Comments