နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင် ရန်ကုန်မြို့ရှိ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) ၏ မြန်မာနိုင်ငံဆိုင်ရာဌာနေကိုယ်စားလှယ် Ms. Hai Kyung Jun အား ယမန်နေ့ မွန်းလွဲပိုင်းတွင် နယ်စပ်ရေးရာဝန်ကြီးဌာန ဝန်ကြီးရုံးအစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။

တွေ့ဆုံစဉ် မြန်မာနိုင်ငံအတွင်းရှိ နယ်စပ်ဒေသများ တည်ငြိမ်အေးချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေး၊ နယ်စပ်ဒေသများတွင် နေထိုင်ကြသည့် တိုင်းရင်း သားပြည်သူများ၏ လူမှုစီးပွားဘဝများ ဖွံ့ဖြိုး တိုးတက်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုး တိုးတက်ရေးအတွက် ဆောင်ရွက်ပေးနေမှု၊ နယ်စပ် ရေးရာဝန်ကြီးဌာနနှင့် UNHCR တို့အကြား ပူးပေါင်းဆောင်ရွက်ခဲ့သည့် အခြေအနေများ၊ ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ လုပ်ငန်းများညှိနှိုင်းပေါင်းစပ်ရေးကော်မတီက အကောင်အထည်ဖော်ဆောင်ရွက် လျက်ရှိသည့် နေရပ်စွန့်ခွာသွားသူများ ပြန်လည်လက်ခံရေးနှင့် ပြန်လည်နေရာချထား ရေးဆိုင်ရာ လုပ်ငန်းစဉ်များ၊ ပြည်တွင်းနေရပ်စွန့်ခွာသူများ ပြန်လည်နေရာ ချထားရေးနှင့် ယာယီခိုလှုံရာစခန်းများ ပိတ်သိမ်းရေးဆိုင်ရာ အမျိုးသားအဆင့်ကော်မတီက  လုပ်ငန်း ကော်မတီ ၅ ရပ်အပြင် ပြည်နယ်အဆင့်ကော်မတီများဖွဲ့စည်း၍ လုပ်ငန်းများ ထိရောက် မြန်ဆန်စွာဆောင်ရွက်နိုင်မှုကြောင့် ဖြစ်ပေါ်တိုးတက်မှုနှင့် ရှေ့ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်သွားမည့် အစီအမံများကို ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးကြကြောင်း သိရသည်။

================================

(Zawgyi)

“ျပည္ေထာင္စုဝန္ႀကီး ဒုတိယဗိုလ္ခ်ဳပ္ႀကီး ထြန္းထြန္းေနာင္ UNHCR ၏ ျမန္မာနိုင္ငံဆိုင္ရာ ဌာေနကိုယ္စားလွယ္အား လက္ခံေတြ႕ဆုံ”

နယ္စပ္ေရးရာဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ဒုတိယဗိုလ္ခ်ဳပ္ႀကီးထြန္းထြန္းေနာင္ ရန္ကုန္ၿမိဳ႕ရွိကုလသမဂၢဒုကၡသည္မ်ားဆိုင္ရာမဟာမင္းႀကီး႐ုံး (UNHCR) ၏ ျမန္မာနိုင္ငံဆိုင္ရာဌာေနကိုယ္စားလွယ္ Ms. Hai Kyung Jun အား ယမန္ေန႕မြန္းလြဲပိုင္းတြင္နယ္စပ္ေရးရာဝန္ႀကီးဌာန ဝန္ႀကီး႐ုံးအစည္းအေဝးခန္းမ၌လက္ခံေတြ႕ဆုံသည္။

ေတြ႕ဆုံစဥ္ ျမန္မာနိုင္ငံအတြင္းရွိ နယ္စပ္ေဒသမ်ား တည္ၿငိမ္ေအးခ်မ္းေရး၊ဖြံ႕ၿဖိဳးတိုးတက္ေရး၊ နယ္စပ္ေဒသမ်ားတြင္ ေနထိုင္ၾကသည့္တိုင္းရင္း သားျပည္သူမ်ား၏လူမႈစီးပြားဘဝမ်ား ဖြံ႕ၿဖိဳး တိုးတက္ေရးႏွင့္ လူ႕စြမ္းအားအရင္းအျမစ္ဖြံ႕ၿဖိဳး တိုးတက္ေရးအတြက္ ေဆာင္႐ြက္ေပးေနမႈ၊ နယ္စပ္ ေရးရာဝန္ႀကီးဌာနႏွင့္ UNHCR တို႔အၾကား ပူးေပါင္းေဆာင္႐ြက္ခဲ့သည့္ အေျခအေနမ်ား၊ ရခိုင္ျပည္နယ္ တည္ၿငိမ္ေအးခ်မ္းေရးႏွင့္ ဖြံ႕ၿဖိဳးတိုးတက္ေရးဆိုင္ရာ လုပ္ငန္းမ်ားညွိႏွိုင္းေပါင္းစပ္ေရးေကာ္မတီက အေကာင္အထည္ေဖာ္ေဆာင္႐ြက္ လ်က္ရွိသည့္ ေနရပ္စြန႔္ခြာသြားသူမ်ား ျပန္လည္လက္ခံေရးႏွင့္ ျပန္လည္ေနရာခ်ထား ေရးဆိုင္ရာ လုပ္ငန္းစဥ္မ်ား၊ ျပည္တြင္းေနရပ္စြန႔္ခြာသူမ်ားျပန္လည္ေနရာ ခ်ထားေရးႏွင့္ ယာယီခိုလႈံရာစခန္းမ်ား ပိတ္သိမ္းေရးဆိုင္ရာအမ်ိဳးသားအဆင့္ေကာ္မတီက လုပ္ငန္း ေကာ္မတီ ၅ ရပ္အျပင္ ျပည္နယ္အဆင့္ေကာ္မတီမ်ားဖြဲ႕စည္း၍ လုပ္ငန္းမ်ားထိေရာက္ ျမန္ဆန္စြာေဆာင္႐ြက္နိုင္မႈေၾကာင့္ျဖစ္ေပၚတိုးတက္မႈႏွင့္ ေရွ႕ဆက္လက္အေကာင္အထည္ေဖာ္ ေဆာင္႐ြက္သြားမည့္ အစီအမံမ်ားကိုရင္းႏွီးပြင့္လင္းစြာ အျမင္ခ်င္းဖလွယ္ ေဆြးႏြေးၾကေၾကာင္း သိရသည္။