ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီး၌ သစ်လွင်သူနာပြု ၆၈၀ကျော်အား ခန့်အပ်တာဝန်ပေးပြီးဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ သိရသည်။

နေပြည်တော်၊ မုံရွာ၊ လွိင်ကော် သူနာပြုသင် ကျောင်းများမှ သင်တန်း ပြီးမြောက်အောင်မြင် ခဲ့သူ သစ်လွင်သူနာပြု ၆၅ ဦး၊ သူနာပြု သားဖွားသင်တန်းကျောင်း ၂၂ ကျောင်းမှ သင်တန်း ပြီးမြောက် အောင်မြင်ခဲ့သူ သစ်လွင်သူနာပြု ၆၁၉ ဦး စုစုပေါင်း သစ်လွင်သူနာပြု ၆၈၄ ဦး ခန့်အား ဖေဖော်ဝါရီ ၂၈ရက်တွင် ခန့်အပ်တာဝန်ပေးခဲ့ခြင်းဖြစ်သည်။

ဆက်လက်၍လည်း မကြာမီတွင် သင်တန်းပြီးဆုံးတော့မည့် သားဖွားဆရာမ ၁၆၅ ဦးကိုလည်း အမြန်ဆုံး အလုပ်ခန့်အပ်တာဝန်ပေးသွားမည်ဖြစ်ပြီး ကျန်ရှိနေသေးသော သူနာပြုသားဖွားသင်တန်း၊ ပေါင်းကူးသင်တန်းများကို ဖွင့်လှစ်သင်ကြားသွားမည်ဖြစ်ကြောင်း သိရသည်။
#mhtnews

(Zawgyi)


နေပြည်တော်၊ မုံရွာ၊ လွိုင်ကော် သူနာပြုသင် ကျောင်းများမှ သင်တန်း ပြီးမြောက်အောင်မြင် ခဲ့သူ သစ်လွင်သူနာပြု ၆၅ ဦး၊ သူနာပြု သားဖွားသင်တန်းကျောင်း ၂၂ ကျောင်းမှ သင်တန်း ပြီးမြောက် အောင်မြင်ခဲ့သူ သစ်လွင်သူနာပြု ၆၁၉ ဦး စုစုပေါင်း သစ်လွင်သူနာပြု ၆၈၄ ဦး ခန့်အား ဖေဖော်ဝါရီ ၂၈ရက်တွင် ခန့်အပ်တာဝန်ပေးခဲ့ခြင်းဖြစ်သည်။

#mhtnews