စားသုံးဆီဖူလုံရေးအတွက် ဆီထွက်သီးနှံများ တိုးချဲ့စိုက်ပျိုးရေးကော်မတီရဲ့ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ မွန်းလွဲပိုင်းက စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး စုဝေးဆောင်ခန်းမမှာ ပြုလုပ်ခဲ့ပါတယ်။

အစည်းအဝေးကို ပြည်ထောင်စုဝန်ကြီးများဖြစ်ကြတဲ့ ဦးဝင်းရှိန်၊ ဦးအောင်နိုင်ဦး၊ ဦးတင်ထွဋ်ဦး၊ ဦးလှမိုး၊ ဒေါက်တာပွင့်ဆန်း၊ ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များနဲ့ ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါတယ်။

အဆိုပါအစည်းအဝေးမှာ ပြည်တွင်းစားသုံးဆီဖူလုံရေးအတွက် နေကြာသီးနှံ ဧက(၁ ဒသမ ၅) သန်း တိုးချဲ့စိုက်ပျိုးနိုင်ရန် လိုအပ်တဲ့ မျိုးကောင်းမျိုးသန့်မျိုးစေ့များကို ပြည်ပမှတင်သွင်းဖို့နဲ့ ပြည်တွင်းမှာ ပွားများထုတ်လုပ်ဖို့ ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြတဲ့အပြင် ခေတ်မီအဆင့်မြင့်ဆီစက်များ ဖွံ့ဖြိုးလာရေး ဆောင်ရွက်ပေးရန် လိုအပ်မှုများ၊ တောင်သူများအတွက် စိုက်ပျိုးစရိတ်ချေးငွေ ရန်ပုံငွေရရှိရေးဆိုင်ရာကိစ္စရပ်များ၊ ဆီထွက်သီးနှံစိုက်ပျိုး ထုတ်လုပ်ရေးနှင့် ဆီစက်လုပ်ငန်းများမှာ ပြည်တွင်းပြည်ပရင်းနှီးမြှုပ်နှံမှုတိုးမြှင့်နိုင်ရေး၊ ပုဂ္ဂလိကဆီစက်ပိုင်ရှင်များနဲ့ တောင်သူများအကြား အကျိုးတူကန်ထရိုက် လယ်ယာစနစ် ချိတ်ဆက်ဆောင်ရွက်နိုင်ရေး ဆိုင်ရာများ၊ ကျေးလက်ဒေသဖွံ့ဖြိုးရေးအစီအစဉ်နဲ့ဆောင်ရွက်တဲ့ မြစိမ်းရောင်ကျေးရွာ စီမံကိန်းမှ မျိုးစေ့ထုတ်တောင်သူများအား လှည့်ပတ်ရန်ပုံငွေစနစ်နဲ့ ဆောင်ရွက်ပေးနိုင်ရေး ၊ မျိုးစေ့ထုတ် သမဝါယမအသင်းများ ထူထောင်ရေး ၊ ဆောင်းရာသီ နေကြာသီးနှံစိုက်ပျိုးမှုမှာ ဆိုလာစနစ်နဲ့ ရေရရှိရေးဆောင်ရွက်ဖို့ကိစ္စရပ်များ၊ ပြည်တွင်းစားသုံးဆီ ထုတ်လုပ်ရေးလုပ်ငန်းများကို စွမ်းအား ကောင်းစေရေးအတွက် ပြည်ပမှတင်သွင်းတဲ့ နေကြာဆီ၊ စားအုန်းဆီ၊ ပဲပုပ်ဆီ၊ ဖွဲနုဆီ၊ ပြောင်းဆီ၊ ကနိုလာဆီ၊ ဆူးပန်းဆီတို့နဲ့ ယှဉ်ပြိုင်နိုင်ရေး၊ ပြည်တွင်း စားသုံးဆီထုတ်လုပ်မှု လုပ်ငန်းများကို လိုအပ်တဲ့ ကူညီပံ့ပိုးမှုများ စီမံဆောင်ရွက်ပေးနိုင်ရေးဆိုင်ရာ မူဝါဒများချမှတ်နိုင်ရေး ဆောင်ရွက်ရန် ကိစ္စရပ်တွေကို သက်ဆိုင်ရာ ကဏ္ဍများအလိုက် ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံမှာ ပြည်တွင်းစားသုံးဆီလိုအပ်ချက်နဲ့ စက်မှုကုန်ကြမ်းသုံးစွဲဖို့အတွက် စားအုံးဆီကို ပြည်ပကနေ နှစ်စဉ် နိုင်ငံခြားသုံးငွေ ဒေါ်လာသန်း(၈၀၀)ကျော်ခန့် ဝယ်ယူတင်သွင်းနေရတာဖြစ်ပါတယ်။

အဲဒီလိုတင်သွင်းနေရချိန်မှာ နိုင်ငံတကာ စားအုန်းဆီဈေးနှုန်းတွေ မြင့်တက်ခဲ့တဲ့အတွက် ပြည်တွင်းစားသုံးဆီဖူလုံစေရေးနဲ့ နိုင်ငံခြားသုံးငွေ ခြိုးခြံချွေတာနိုင်ဖို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက သက်ဆိုင်ရာ ပြည်ထောင်စုဝန်ကြီးဌာနများ ပူးပေါင်းပါဝင်တဲ့ “ဆီထွက်သီးနှံများ တိုးချဲ့စိုက်ပျိုးရေး ကော်မတီ” ကို ဖွဲ့စည်းတာဝန်ပေးအပ်ခဲ့ပြီး လုပ်ငန်းများ အကောင်အထည်ဖော်နိုင်ရေး ဆောင်ရွက်လျှက်ရှိတယ်လို့ သိရပါတယ်။

#mhtnews

(Zawgyi)

“ျပည္တြင္းစားသုံးဆီဖူလုံေရးအတြက္ ေနၾကာသီးႏွံ ဧက(၁ ဒသမ ၅) သန္း တိုးခ်ဲ့စိုက္ပ်ိဳးနိုင္ရန္ လိုအပ္တဲ့ မ်ိဳးေကာင္းမ်ိဳးသန႔္မ်ိဳးေစ့မ်ားကို ျပည္ပမွတင္သြင္းဖို႔နဲ႕ ျပည္တြင္းမွာ ပြားမ်ားထုတ္လုပ္ဖို႔ ေဆြးႏြေး”

စားသုံးဆီဖူလုံေရးအတြက္ ဆီထြက္သီးႏွံမ်ား တိုးခ်ဲ့စိုက္ပ်ိဳးေရးေကာ္မတီရဲ႕ လုပ္ငန္းညွိႏွိုင္း အစည္းအေဝးကို ယမန္ေန႕ မြန္းလြဲပိုင္းက စိုက္ပ်ိဳးေရး၊ ေမြးျမဴေရးႏွင့္ ဆည္ေျမာင္းဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး႐ုံး စုေဝးေဆာင္ခန္းမမွာ ျပဳလုပ္ခဲ့ပါတယ္။

အစည္းအေဝးကို ျပည္ေထာင္စုဝန္ႀကီးမ်ားျဖစ္ၾကတဲ့ ဦးဝင္းရွိန္၊ ဦးေအာင္နိုင္ဦး၊ ဦးတင္ထြဋ္ဦး၊ ဦးလွမိုး၊ ေဒါက္တာပြင့္ဆန္း၊ ဒုတိယဝန္ႀကီး ေဒါက္တာေအာင္ႀကီး၊ အၿမဲတမ္းအတြင္းဝန္မ်ား၊ ၫႊန္ၾကားေရးမႉးခ်ဳပ္မ်ားနဲ႕ ဌာနဆိုင္ရာတာဝန္ရွိသူမ်ား တက္ေရာက္ခဲ့ၾကပါတယ္။

အဆိုပါအစည္းအေဝးမွာ ျပည္တြင္းစားသုံးဆီဖူလုံေရးအတြက္ ေနၾကာသီးႏွံ ဧက(၁ ဒသမ ၅) သန္း တိုးခ်ဲ့စိုက္ပ်ိဳးနိုင္ရန္ လိုအပ္တဲ့ မ်ိဳးေကာင္းမ်ိဳးသန႔္မ်ိဳးေစ့မ်ားကို ျပည္ပမွတင္သြင္းဖို႔နဲ႕ ျပည္တြင္းမွာ ပြားမ်ားထုတ္လုပ္ဖို႔ ကိစၥရပ္မ်ားကို ေဆြးႏြေးခဲ့ၾကတဲ့အျပင္ ေခတ္မီအဆင့္ျမင့္ဆီစက္မ်ား ဖြံ႕ၿဖိဳးလာေရး ေဆာင္႐ြက္ေပးရန္ လိုအပ္မႈမ်ား၊ ေတာင္သူမ်ားအတြက္ စိုက္ပ်ိဳးစရိတ္ေခ်းေငြ ရန္ပုံေငြရရွိေရးဆိုင္ရာကိစၥရပ္မ်ား၊ ဆီထြက္သီးႏွံစိုက္ပ်ိဳး ထုတ္လုပ္ေရးႏွင့္ ဆီစက္လုပ္ငန္းမ်ားမွာ ျပည္တြင္းျပည္ပရင္းႏွီးျမႇုပ္ႏွံမႈတိုးျမႇင့္နိုင္ေရး၊ ပုဂၢလိကဆီစက္ပိုင္ရွင္မ်ားနဲ႕ ေတာင္သူမ်ားအၾကား အက်ိဳးတူကန္ထရိုက္ လယ္ယာစနစ္ ခ်ိတ္ဆက္ေဆာင္႐ြက္နိုင္ေရး ဆိုင္ရာမ်ား၊ ေက်းလက္ေဒသဖြံ႕ၿဖိဳးေရးအစီအစဥ္နဲ႕ေဆာင္႐ြက္တဲ့ ျမစိမ္းေရာင္ေက်း႐ြာ စီမံကိန္းမွ မ်ိဳးေစ့ထုတ္ေတာင္သူမ်ားအား လွည့္ပတ္ရန္ပုံေငြစနစ္နဲ႕ ေဆာင္႐ြက္ေပးနိုင္ေရး ၊ မ်ိဳးေစ့ထုတ္ သမဝါယမအသင္းမ်ား ထူေထာင္ေရး ၊ ေဆာင္းရာသီ ေနၾကာသီးႏွံစိုက္ပ်ိဳးမႈမွာ ဆိုလာစနစ္နဲ႕ ေရရရွိေရးေဆာင္႐ြက္ဖို႔ကိစၥရပ္မ်ား၊ ျပည္တြင္းစားသုံးဆီ ထုတ္လုပ္ေရးလုပ္ငန္းမ်ားကို စြမ္းအား ေကာင္းေစေရးအတြက္ ျပည္ပမွတင္သြင္းတဲ့ ေနၾကာဆီ၊ စားအုန္းဆီ၊ ပဲပုပ္ဆီ၊ ဖြဲႏုဆီ၊ ေျပာင္းဆီ၊ ကနိုလာဆီ၊ ဆူးပန္းဆီတို႔နဲ႕ ယွဥ္ၿပိဳင္နိုင္ေရး၊ ျပည္တြင္း စားသုံးဆီထုတ္လုပ္မႈ လုပ္ငန္းမ်ားကို လိုအပ္တဲ့ ကူညီပံ့ပိုးမႈမ်ား စီမံေဆာင္႐ြက္ေပးနိုင္ေရးဆိုင္ရာ မူဝါဒမ်ားခ်မွတ္နိုင္ေရး ေဆာင္႐ြက္ရန္ ကိစၥရပ္ေတြကို သက္ဆိုင္ရာ က႑မ်ားအလိုက္ ေဆြးႏြေးခဲ့ၾကတယ္လို႔ သိရပါတယ္။

ျမန္မာနိုင္ငံမွာ ျပည္တြင္းစားသုံးဆီလိုအပ္ခ်က္နဲ႕ စက္မႈကုန္ၾကမ္းသုံးစြဲဖို႔အတြက္ စားအုံးဆီကို ျပည္ပကေန ႏွစ္စဥ္ နိုင္ငံျခားသုံးေငြ ေဒၚလာသန္း(၈၀၀)ေက်ာ္ခန႔္ ဝယ္ယူတင္သြင္းေနရတာျဖစ္ပါတယ္။

အဲဒီလိုတင္သြင္းေနရခ်ိန္မွာ နိုင္ငံတကာ စားအုန္းဆီေဈးႏႈန္းေတြ ျမင့္တက္ခဲ့တဲ့အတြက္ ျပည္တြင္းစားသုံးဆီဖူလုံေစေရးနဲ႕ နိုင္ငံျခားသုံးေငြ ၿခိဳးၿခံေခြၽတာနိုင္ဖို႔ နိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီက သက္ဆိုင္ရာ ျပည္ေထာင္စုဝန္ႀကီးဌာနမ်ား ပူးေပါင္းပါဝင္တဲ့ “ဆီထြက္သီးႏွံမ်ား တိုးခ်ဲ့စိုက္ပ်ိဳးေရး ေကာ္မတီ” ကို ဖြဲ႕စည္းတာဝန္ေပးအပ္ခဲ့ၿပီး လုပ္ငန္းမ်ား အေကာင္အထည္ေဖာ္နိုင္ေရး ေဆာင္႐ြက္လွ်က္ရွိတယ္လို႔ သိရပါတယ္။

#mhtnews